Chapter 26

4.8K 515 1
                                    

အပိုင်း (၂၆)

နောက်တစ်နေ့မနက်မှာ လျိုချွေ့က လုမိသားစုရဲ့အိမ်တံခါးကို ခြင်းတောင်းတစ်ခုနှင့်ရောက်လာသည်။

အတန်းမရှိလို့ အိမ်မှာနေသည့် ချင်ရှီးက တံခါးဖွင့်လိုက်တော့ သူမ ရောက်လာတာကိုတွေ့ပြီး လုံးဝမအံ့သြသွားပါ။

"အမလျို ဘာကိစ္စရှိလို့လဲ"
ချင်ရှီးသည် လျိုချွေ့၏ နှုတ်ခမ်းများပေါက်ပြဲနေသည်ကို မြင်လိုက်ရပြီး သူ့မျက်လုံးများ အနည်းငယ် ပြောင်းလဲသွားသည်။

ချင်ရှီး၏ မျက်လုံးများကို မြင်လိုက်ရတော့ လျိုချွေ့က လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။
"ဒါက ငါ့ရဲ့ လောင်ကျောက်လုပ်ထားတာမဟုတ်ဘူး... ဒါ ငါ့ဘာသာဖြစ်တာ..."

ချင်ရှီးက အနည်းငယ် မျက်ခုံးပင့်လိုက်သည်။ လျိုချွေ့သည် မနေ့ကအဖြစ်အပျက်ကြောင့် ကိုယ့်ကိုယ်ကို သင်ခန်းစာပေးခဲ့ခြင်းဖြစ်လိမ့်မည်။ နောင်တစ်ချိန် ပို၍ဆိုးဝါးသည့်အခြေအနေရောက်သွားလျှင် ကိုယ်တိုင် ပြန်စဉ်းစားသုံးသပ်လို့ပင် မရနိုင်တော့‌သည့် အခြေအနေရောက်သွားနိုင်သည်။

လျိုချွေ့က ရှက်ရွံ့စွာဖြင့် မျက်လုံးများကို ငုံ့ထားသော်လည်း မကြာမီတွင် ခေါင်းပြန်မော့ကာ ခြင်းတောင်းကို လက်နှစ်ဖက်ဖြင့် ကိုင်ထားပြီး ချင်ရှီးကို ကြည့်သည်။
"ငါမှားသွားပါတယ်။ မင်းနောက်ကွယ်မှာ မင်းရဲ့ အတင်းအဖျင်းတွေပြောခဲ့မိတာက ငါမှားမှန်းသိလို့ နောင်ဘယ်တော့မှ ထပ်မလုပ်တော့ပါဘူး။ တောင်းပန်ပါတယ်"

ချင်ရှီးက လျိုချွေ့ရဲ့ နီရဲပြီး ရောင်ရမ်းနေတဲ့ မျက်လုံးတွေကို ကြည့်ပြီး နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် စက္ကန့်အတော်ကြာ စိုက်ကြည့်နေကြသည်။ လျိုချွေ့က သူမ အကြည့်တွေကို မရှောင်ဘဲ သူမမျက်လုံးတွေမှာ အပြစ်ရှိသလို ရိုးသားမှုအပြည့်နှင့်ကြည့်နေသည်။

လျိုချွေ့သည် စိတ်ရင်းမှန်ဖြင့် နောင်တရခဲ့သည်ကို တွေ့လိုက်ရသဖြင့် ချင်ရှီးသည် ဤကိစ္စကို မထိန်းထားတော့ဘဲ နှစ်ယောက်စလုံး အတူတူ ခြံဝင်းထဲသို့ သွားလိုက်ကြသည်။

ကျောက်ကျန်းကျွင်းနှင့် လုကျဲ့ထျန်းတို့ နှစ်ဦးစလုံးသည် တပ်ရင်းခေါင်းဆောင်များဖြစ်သည်။ အခြားသူများက သူတို့နှစ်ဦးအားတွေ့လျှင် ဦးညွတ်ကြရမည်ဖြစ်ပြီး သူတို့နှစ်ဦးအချင်းချင်းတွေ့လျှင် လှည့်ကြည့်နေစရာပင် မလိုပါ။ နှစ်ဖက်ဆက်ဆံရေးမှာ တင်းမာခြင်းလည်းမဟုတ်၊ ဖော်ရွေခြင်းလည်းမဟုတ် ရှုပ်ထွေးလွန်းသည်။

သူမက ဆက်ဆက်ထိမခံတတ်သူတေယ့ မဟုတ်ပါ။ ဤကဲ့သို့ မဟုတ်မမှန်ပောခံထားရလျှင်တောင် သူမနှင့် ဆက်လက်ခင်မင်ရင်းစွဲရှိနိုင်ပါသေးသည်။ သို့သော် ပြဿနာကိုတော့ ပြေလည်အောင် ဖြေရှင်းရဦးမည်။

ချင်ရှီးသည် သူမထံမှ ခြင်းတောင်းကိုယူလိုက်သည်။
"မိဘတွေက ကလေးတွေအတွက် အကောင်းဆုံး စံနမူနာတွေဖြစ်ကြပြီး မွေးရပ်မြေမိသားစုနှင့် ပတ်ဝန်းကျင်က ကလေးတွေရဲ့ကြီးပြင်းလာမှုအတွက် အလွန်အရေးကြီးပါတယ်"

လျိုချွေ့သည် ဤစကားကိုကြားလိုက်သောအခါ မျက်ရည်များကျလာသည်။ .
"မင်းက လူကောင်းဘဲ။ ငါအရင်က မင်းကို ဒီလိုဆက်ဆံခဲ့တာတောင် မင်းငါ့ကို သတိပေးနေတုန်းဘဲ..."

လျိုချွေ့ကိုယ်တိုင်က သူမကို လူကောင်းကတ်ပြားတစ်ခု ပေးလိုက်သည်ကို ကြားတော့ ချင်ရှီးက ရယ်ပြီး စကားမပြောတော့ပေ။

"ငါ မင်းကို မနှောင့်ယှက်တော့ဘူး။ ဒါဆို ငါအရင်သွားလိုက်ဦးမယ်"
လျိုချွေ့က တိတ်တိတ်ဆိတ်ဆိတ် သက်ပြင်းချလိုက်သည်။
"ဟောင်ရန်က သူ့အဖေဆီက ရိုက်ခံထားရလို့ ခဏလောက် အိပ်ယာက မထနိုင်တော့ဘူး။ သူပြန်ကောင်းလာရင် မင်းမိသားစုကို တောင်းပန်ခိုင်းဖို့ ပို့လိုက်ပါ့မယ်။ ရှောင်ဟိုင်ကိုလည်း တောင်းပန်ခိုင်းပါ့မယ်"

ချင်ရှီးသည် ပေါ့ပေါ့တန်တန် ခေါင်းညိတ်လိုက်ပြီး လျိုချွေ့ကို လွှတ်လိုက်သည်။

ချင်ရှီးက တံခါးကိုပိတ်ပြီး အိမ်ထဲကို ခြင်းတောင်းတစ်လုံးနှင့် ပြန်လာသည်။အမြွာနှစ်ယောက်ဟာ သူမရဲ့လက်ထဲမှာရှိတဲ့ ပစ္စည်းတွေကိုကြည့်ဖို့ ပြေးထွက်လာပြီး တံခါးကို လှမ်းကြည့်၍ စူးစမ်းမေးမြန်းကြသည်။

“သူကဘယ်သူလဲ မေမေ”

ချင်ရှီးသည် သူတို့လေးတွေက ငယ်ရွယ်သေးသောကြောင့် ဤအဖြစ်ကို တမင်တကာ ဖုံးကွယ်ထားခြင်းမရှိပေ။

အန်အန်းက ထက်မြတ်စွာဖြင့် ထိုစကားများကြားပြီးသောအခါ ချက်ချင်းပြောသည်။
"ဒါဆို ဒါက တောင်းပန်လက်ဆောင်ပေါ့"

ချင်ရှီးက ပြုံးပြီး ခေါင်းညိတ်သည်။
"မှန်တယ်"

အန်အန်းက မျက်တောင်ခတ်ပြီး ချင်ရှီးကို မော့ကြည့်သည်။
"လက်ဆောင်ကို လက်ခံလိုက်ရင် မင်း သူတို့ကို ခွင့်လွှတ်ရမှာလား"

ချင်ရှီးက ပြန်ဖြေသည်။
"သူ(မ)က ငါ့ကို တောင်းပန်ပြီး ငါက ခွင့်လွှတ်ခဲ့တယ်။ ဒါပေမယ့် သူ့ကလေးက မင်းအစ်ကိုကို မတောင်းပန်ရသေးဘူး။ မင်းအစ်ကိုက သူ့ကို ခွင့်မလွှတ်ရသေးဘူး"

"အာ…သူကဘာလို့ အစ်ကို့ကို မတောင်းပန်တာလဲ"
အန်အန်းက သူမရဲ့တင်ပါးပေါ်လက်တင်ပြီး မျက်နှာကလည်း အရမ်းလေးနက်နေသည်။

ချင်ရှီး : "သူ့အဖေဆီက အရိုက်ခံရပြီး မကြာသေးခင်အထိ အိပ်ရာကမထနိုင်တော့ဘူးတဲ့"

အန်အန်းနှင့်ဖျင်ဖျင်က "ထိုက်တန်တယ်" ဆိုတဲ့ အဓိပ္ပါယ်နှင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။

ချင်ရှီးက ကလေးတွေအား အိမ်ထဲကို ခေါ်သွားပြီး ခြင်းတောင်းထဲမှာ ဘာရှိလဲကြည့်ဖို့ တောင်းကို စားပွဲပေါ်တင်လိုက်သည်။

ကြက်ဥဆယ်လုံး၊ အဆီပါးပါးနဲ့ အသားတစ်ပိုင်း၊ လိမ္မော်သီးနဲ့ ပန်းသီးအချို့ပါရှိသည်။

ချင်ရှီး အနည်းငယ် အံ့သြသွားသည်။ သူမသည် ဤမျှ ရက်ရောသူဖြစ်ရန် မမျှော်လင့်ထားပေ။ ဤအရာများသည် ငွေများစွာ တန်ဖိုးရှိသည်။ သူမ၏ လုပ်ရပ်အတွက် တကယ့်ကို နောင်တရနေပုံပါပင်။

ချင်ရှီးသည် ကျောက်ဟောင်ရန်၏ ပုန်ကန်တတ်သော အသွင်အပြင်ကို တွေးတောကာ အခုတော့ နောင်တရဖို့ အချိန်နှောင်းသွားပြီဟု ထင်ကာ ကျောက်ကျန်းကျွင်းသည် ပို၍သင့်တော်အောင် ဆုံးမပဲ့ပြင်မည်ဟု မျှော်လင့်မိသည်။

"ငါ ဒီအသားကနေ ဝက်ဆီချက်မယ်။ နေ့ခင်းမှာ ဝက်သားနဲ့ ဖက်ထုပ်လုပ်မယ်"
ချင်ရှီးက ဒီလိုပြောပြီးတာနဲ့တင် အမြွှာနှစ်ယောက်က ချက်ချင်း စိတ်လှုပ်ရှားလာကြသည်။

"ဟုတ်ပြီကွ"   

"ငါ ဖက်ထုပ်ကြိုက်တယ်"    

ချင်ရှီးက ကုချင်းဟိုင်ကို ရုံးခန်းခေါ်သွားပြီး ဖြေရှင်းသည့် အဖြစ်အပျက်ဟာ ကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့သွားခဲ့သည်။

ထို့နောက် လျိုချွေ့သည် သူမ မိခင်အိမ်သို့ တစ်ယောက်တည်းပြန်သွားကြောင်းကို လူတိုင်းသိခဲ့ကြပြီး ကျောက်ကျန်းကျွင်း၏မိခင်သည် ဒဏ်ရာရနေသော ကျောက်ဟောင်ရန်ကို ပြုစုရန် အိမ်တွင်လာနေသည်။

အားလုံးက ကျောက်ကျန်းကျွင်း၏ အကြောင်းကို တစ်ယောက်ပြီးတစ်ယောက် ပြောဆိုနေကြသည်။ ဒါက ပြင်းထန်လွန်းသည်ဟု ယူဆကြသည်။ ဒီလိုမဟုတ်လျှင်လည်း လျိုချွေ့သည် အနာဂတ်တွင် ဘယ်လိုဖြစ်လာမည်ကို မသိနိုင်ပေ။ ကလေးကို ဆိုးဆိုးရွားရွား သင်ကြားပေးခဲ့ခြင်းပင်။

ဤကိစ္စသည် အာဇာနည်တစ်ဦး၏ ကလေးနှင့် ပတ်သက်နေသောကြောင့် တပ်ဖွဲ့ဝင်များသည် ထိုအကြောင်းကို သဘာဝကျကျပင် သိရှိကြသည်။ အထက်အရာရှိများက ကျောက်ကျန်းကျွင်းကို ဝေဖန်ခဲ့ပြီး ထိုတာဝန်ကို ထမ်းဆောင်ရန် ငြင်းဆိုခံခဲ့ရပြီး အိမ်တွင် ကလေးကို ကောင်းစွာ စောင့်ရှောက်ရန် ပြောခဲ့သည်။

ကျောက်ကျန်းကျွင်းသည် မူလက ပြင်ပတာဝန်‌ထမ်းဆောင်ရန်အတွက် တိုက်ပွဲဝင်ချင်သော်လည်း ကျောက်ဟောင်ရန်ကို ရုတ်တရက် တွေးမိသောကြောင့် သူဘာမှ ပြန်မပြောတော့ပေ။

လုကျဲ့ထျန်းလည်းမသွားဘဲ အခြားသူ၏မိန်းမကလည်း ကိုယ်ဝန်ရှိနေကြောင်း သိရသောအခါ အထက်အရာရှိများက အခြားသူများကို တာဝန်လွှဲပြောင်းပေးလိုက်သည်။ ကျောက်ကျန်းကျွင်းသည် ထိုအရာကိုသိပြီးနောက် သူ့အမူအရာက တည်ငြိမ်သွားပြီး သူ့နှလုံးသားက လုံးဝပြောင်းလဲမသွားပါချေ။ သူ နေ့တိုင်း အချိန်မှန် အိမ်ပြန်ပြီး ကျောက်ဟောင်ရန်နှင့် ပိုစကားပြောဖြစ်သည်။

တစ်လခန့်အကြာတွင် လျိုချွေ့ကို သူမ၏မွေးရပ်မြေမှ ပြန်လည်ခေါ်ဆောင်လာသည်။

လျိုချွေ့ ပြန်လာသောအခါတွင် သူမသည် ရိုးသားပြီး သူများနောက်ကွယ်တွင် အတင်းအဖျင်းပြောလေ့မရှိတော့ဘဲ လူတစ်စုကို အမှန်တကယ် အံ့အားသင့်စေခဲ့သည်။

ဟုတ်ပါသည်။ ထိုအရာများက နောက်ပိုင်းမှာ ဖြစ်ပျက်သည့်အရာများပင်။

ချင်ရှီးသည် ဤအဖြစ်အပျက်ကြောင့် နာမည်ကြီးလာပြီး တပ်တွင်းရှိ လူတိုင်းက သူမသည် မည်မျှ ထက်မြက်ပြီး အစွမ်းထက်သည်ကိုလည်း သိလာကြပြီး မည်သူမျှ အဓိပ္ပာယ်မရှိသော စကားများကို မပြောဝံ့ကြပေ။ အနည်းဆုံး ချင်ရှီးသည် သူမအကြောင်း အတင်းအဖျင်းအား လူသိရှင်ကြား မကြားရတော့ပေ။

ချင်ရှီးသည် ကျောင်းသားများ စိတ်ကျန်းမာရေးနှင့် ဆရာများ၏ ပညာရေးနည်းလမ်းများအကြောင်း ကျောင်းအုပ်ထံ အဆိုပြုလွှာရေးပြီးနောက် ကျောင်းအုပ်ကြီးသည် ထိုအကြောင်းကို အထူးအစည်းဝေးတစ်ခုပြုလုပ်ကာ ကျောင်းသားများအား ရိုက်နှက်အပြစ်ပေးသည့် ဝမ်လင်လင်၏ မသင့်လျော်သောအပြုအမူကို အမည်တပ်ကာ ဝေဖန်ခဲ့ပြီး ဆရာများအား ဤရှုထောင့်နှစ်ခုကို အာရုံစိုက်ရန် အထူးတောင်းဆိုခဲ့သည်။

ဝမ်လင်လင်သည် အတန်းပိုင်ဆရာမအဖြစ်မှ ထုတ်ပယ်ခံခဲ့ရပြီး သာမာန်ဆရာမတစ်ဦးဖြစ်လာသည်။ သူမ၏လစာမှာ အနည်းငယ်လျော့သွားပြီး ချင်ရှီးက သူမကို လုံးဝအရှက်ကွဲစေခဲ့သည်။

အမှန်တကယ်တော့ အကြောင်းအရင်းအားလုံးက ချင်ရှီးနှင့် သက်ဆိုင်နေခြင်းမဟုတ်ပါ။ သူမ ပြောခဲ့တာတွေက မှန်ပါသည်။ မျက်လုံးများစွာက ဝမ်လင်လင်ကို ကြည့်နေကြသည်။ သူမသည် ပညာရေးအသိုင်းအဝိုင်းကို လုံးဝ မနှောက်ယှက်ဝံ့ဘဲ သူမသည် အတန်းထဲတွင် မကြာခဏဆိုသလို ကုချင်းဟိုင်၏ နာမည်ကိုခေါ်ကာ သူမ၏ နှလုံးသားထဲတွင် ရက်စက်စွာသာ အငြိုးအတေးထားနေ၏။

ကုချင်းဟိုင်သည် ဝမ်လင်လင်က သူ့ကို မေးခွန်းတွေဖြေဖို့ တမင်တကာ မေးခဲ့ရင်တောင် ကောင်းကောင်းလေ့လာထားဆဲဖြစ်သောကြောင့် သူ့အတွက် အခက်အခဲမရှိနိုင်၍ ဝမ်လင်လင်က စိတ်ပျက်လက်ပျက်နဲ့သာ အရှုံးပေးလိုက်ရတတ်သည်။

ချင်ရှီးသည် အမှန်တကယ်တွင် အကျင့်စာရိတ္တကောင်းမွန်ကြောင်း သူမ မြင်ရသောအခါ အနည်းငယ် အံ့အားသင့်သွားမိသည်။ ဝမ်လင်လင်သည် ချင်ရှီးက သူမ ပြဿနာဖြစ်အောင်လုပ်ပြီး အသုံးချရန် စောင့်ဆိုင်းနေသည်ဟုထင်မိသော်လည်း သူမက ဘာမှဆက်မလုပ်ဘဲ ပျောက်ကွယ်သွားလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။

ချင်ရှီးပြုလုပ်သော အဝတ်အစားအသစ်ကိုဝတ်ဆင်ထားသည့် ကျန်းယန်လီသည် အထူးတလည်ဝတ်ဆင်ကာ ဆံပင်ပုံစံပြင်ဆင်နေစဉ် ချင်ရှီးအား ဝမ်လင်လင်အကြောင်း ရှင်းပြခဲ့သည်။

"တခြားသူတွေတော့ မသိပေမဲ့ ငါသိတာရှိတယ်။ ဆရာလီရဲ့သားက ဝမ်လင်လင်ရဲ့ ညီမနဲ့ လက်ထပ်ခဲ့တာလေ။ သူတို့က မိသားစုတစ်စုတည်းလို့ ပြောကြပေမဲ့ တကယ်တော့ ဝမ်လင်လင်ကို မွေးစားထားတာ။ သွေးရင်းဆွေမျိူးလုံးဝ မဟုတ်ဘူး"

"အယ်…"

"စိတ်မပူပါနဲ့ သူ့(မ)မှာ အရည်အချင်းသိပ်မရှိဘူး။ ဆရာလီက အလုပ်များနေတာမို့ သူ့ကို ဂရုမစိုက်နိုင်တော့ဘူး"

ကျန်းယန်လီက နှုတ်ခမ်းကို အထင်အမြင်သေးစွာ တွန့်ကွေးလိုက်သည်။

"မင်းရဲ့ လုကျဲ့ထျန်းက မစ္စတာလီရဲ့ အချစ်ဆုံး စစ်သားဖြစ်ပြီး မင်းက ဝမ်လင်လင်ထက် မျက်နှာပိုပွင့်တယ်။ စိတ်မပူပါနဲ့"

"ဒါတွေကို မင်းဘယ်လိုသိတာလဲ"
ချင်ရှီးက အနည်းငယ် စပ်စုမိသွားသည်။ ဆရာလီနဲ့ မိသားစုကြားက ဆက်ဆံရေးက အရမ်းကောင်းသည်။

"ငါကို လီမင်ဖုန်းပြောပြတာလေ။ သူ(မ)က အထက်တန်းကျောင်းနဲ့ ကောလိပ်မှာ ငါနဲ့အတန်းဖော်တွေဖြစ်လာကြတယ်။ ငါတို့က ဆက်ဆံရေးလည်း ကောင်းကြတယ်"
ကျန်းယန်လီက စိတ်ပျက်စွာ မျက်လုံးလှန်လိုက်သည်။

"မင်ဖုန်းကပြောပြသေးတယ်။ ဝမ်လင်လင်က အိမ်မှာဆို ညီမအရင်းတွေလို နေထိုင်လွန်းလို့ သေလုနီးပါး စိတ်အနှောက်အယှက်ဖြစ်ရတယ်ဆိုဘဲ

ကျန်းယန်လီက ဤသို့ဖြင့် အတင်းအဖျင်းများ စပြောတော့သည်။

"စကားမစပ်၊ လွန်ခဲ့တဲ့ နှစ်ရက်လောက်က ဒီဝတ်စုံအကြောင်း လူတော်တော်များများက ငါ့ကို မေးဖူးတယ်။ မင်းလုပ်ထားတာလို့ ပြောပေမဲ့ အားလုံးက မင်းကို လုပ်ခိုင်းပေးဖို့ ငါ့ကိုဘဲ တောင်းဆိုနေကြတာ"
ကျန်းယန်လီက သူတို့ရဲ့လုပ်ငန်းကို သတိရသွားသည်။

ချင်ရှီးက ပြုံးပြပြီး စာရွက်အနည်းငယ်ကိုထုတ်ကာ သူမကို အပ်လိုက်သည်။
"အရင်ပုံတွေ အပါအဝင် စုစုပေါင်း ပုံစံ ဆယ်မျိုး ရှိတယ်။ သူတို့ကို ပြလို့ရတယ်။ သူတို့ ကြိုက်ရင် ငါ့အိမ်ကို အထည် ယူပြီး လာခိုင်းလိုက်"

ကျန်းယန်လီက လှမ်းကြည့်လိုက်သည်။စာရွက်ပေါ်က ပုံစံအသစ်ကိုကြည့်လိုက်တော့ သူမ မျက်နှာကို လက်တစ်ဖက်နှင့်အုပ်ပြီးပြောသည်။
"အားလုံးကြည့်ကောင်းလိုက်တာ။ အရောင်တွေက သာမန်ဆန်ပြီး သိပ်မတောက်ပပေမဲ့ ကြည့်ကောင်းနေသေးတာတယ်။ ဒါမျိုးပုံစံ ငါတစ်ခါမှမမြင်ဖူးဘူး"

တီဗီရှိ မော်ဒယ်သရုပ်ဆောင်တစ်ဦး ဝတ်ဆင်ထားပုံမျိုး ဆွဲထားသည်။  အမျိုးသမီးတစ်ဦးက ဤသွေးဆောင်မှုကို ခံနိုင်ရည်မရှိပေ။

ချင်ရှီးသည် ကျန်းယန်လီ၏ စိတ်ပျက်အားငယ်နေသောအမူအယာကိုကြည့်ပြီး ရယ်မောလိုက်သည်။ သူမသည် နောက်ပိုင်းမျိုးဆက်များ၏ပုံစံကို အထူးပြင်ဆင်ထားသည်။ ထိုအရာများသည် ခေတ်မမီသော်လည်း လက်ရှိခေတ်၏ လူကြိုက်များသော အစိတ်အပိုင်းများကိုပေါင်းစပ်ထားသည်။ ပုံကြီးချဲ့ခြင်းမဟုတ်ဘဲ အလွန်ဆန်းသစ်ပြီး သဘာဝအတိုင်းဆွဲဆောင်မှုရှိသည်။

ကျန်းယန်လီသည် ဒီဇိုင်းပုံကြမ်းများနှင့်အတူ ထွက်ခွာသွားပြီး နောက်တစ်နေ့တွင် အမျိုးသမီးတပ်သားငယ်တစ်ဦးနှင့် ချင်ရှီး၏အိမ်သို့ ရောက်ရှိလာကာ အဝတ်နှစ်ထည်ကို မှာယူခဲ့သည်။

ကျောင်းသို့ရောက်သောအခါ ချင်ရှီးသည် အဝတ်ချုပ်ထည်များလက်ခံနေကြောင်း ကြားသောအခါ ဆရာမများသည် အခြေအနေကိုမေးမြန်းရန် အပြေးအလွှားလာကြသည်။ ချင်ရှီးက သူတို့အား ပုံစံများကိုပြပြီး နောက်ထပ်အမှာစာအနည်းငယ်ထပ်ယူလိုက်သည်။

မူလကိုယ်၏ စက်ချုပ်ကျွမ်းကျင်မှုမှာ အလွန်မြင့်မားသည်။ ချင်ရှီးသည် အဝတ်အထည်တစ်ခုလုပ်ရန် အချိန်သိပ်မကြာဘဲ ဘာမှလုပ်စရာမလိုပါက တစ်ရက်အတွင်း အဝတ်တစ်ထည်ကို ဖန်တီးနိုင်သည်။

သို့သော် သူမဟာ ကလေးတွေကို ပြုစုစောင့်ရှောက်ပြီး အတန်းသင်နေရဆဲဖြစ်ပြီး အရမ်းပင်ပန်းမနေချင်တာကြောင့် နှစ်ရက်သုံးရက်အတွင်းမှသာ တစ်ထည်လောက် ချုပ်လုပ်သည်။

ပို၍ ဖက်ရှင်ကျပြီး လှပတဲ့ အမျိုးသမီးများ များပြားလာသည်။ ဆန်းသစ်သော အဝတ်အထည်ပုံစံများဝတ်ဆင်သူက ချင်ရှီးတစ်ယောက်တည်း မဟုတ်တော့ဘဲ သူတို့အများအပြားကို မြင်လိုက်ရတဲ့အခါ လူအများက တုန်လှုပ်သွားကြသည်။

ယခုအခါ ဝတ်စားဆင်ယင်သူများ ပိုမိုများပြားလာသည်နှင့်အမျှ အခြားလူများသည် သဘာဝအတိုင်း လိုက်ဝတ်ကြပြီး ချင်ရှီးထံသို့ အဝတ်အစားများ မှာယူရန် ရောက်လာကြသည်။

သို့သော် ချင်ရှီးရဲ့အဝတ်အစားချုပ်စရိတ်က တော်တော်မြင့်ပါသည်။ သာမန်အဝတ်အစားတွေက အနည်းဆုံး ဆယ်ယွမ်လောက် ကုန်ကျပြီး လုပ်ရခက်တဲ့ အင်္ကျီနဲ့ လေကာအင်္ကျီတွေက ယွမ်နှစ်ဆယ်ကျော် ကုန်ကျသည်။ ထိုသည်က အထည်စဖိုး ထည့်မတွက်ရသေးပါဘူး။

တပ်ထဲမှာ ချမ်းသာတဲ့သူတွေ အများကြီးရှိပေမဲ့ သာမာန်လူတွေ ပိုများသည်။ သူတို့ ဘယ်လောက်ပင် လှချင်နေပါစေ ချင်ရှီးကို လိုက်မရှာကြပါ။

သေချာတာကတော့ ချင်ရှီးရဲ့ ပုံစံနှင့် ကွဲပြားပေမဲ့ သာမန်အဝတ်အစားတွေထက် ပိုကောင်းပိုလှလာကြသည်။ လိမ္မာပါးနပ်ပြီး စက်ချုပ်တတ်တဲ့သူတွေလည်း အများကြီးရှိပါသည်။ သူတို့လုပ်ထားတဲ့အဝတ်အစားတွေက တစ်ပုံစံတည်းမဟုတ်ရင်တောင် လှနေပါသေးသည်။

တပ်မိသားစုဝင်များသည် ဝတ်စားဆင်ယင်မှု စတိုင်လ်သစ်ကို ၀တ်ဆင်ကြပြီး လူအများအပြားသည် အလွန်ရှုပ်ထွေးသော ဆံပင်ပုံစံများကိုပါ ပြင်ဆင်လာကြသည်။

ယခုတစ်ကြိမ် ၀တ်ဆင်ထားသူက ပိုများလာကာ 'ဝတ်စားဆင်ယင်မှုကို အလေးအနက်မထားကြဘူး' ဟူသော စကားသံသည် တဖြည်းဖြည်း တိတ်ဆိတ်လာသည်။ ဒီလိုစကားမျိုးကို လူတချို့ကြားတဲ့အခါ အားလုံးက ငြင်းဆိုကြပြီး 'ဒါဟာ ခေတ်သစ်ရဲ့ အသွင်အပြင်အသစ်' လို့ ဆိုကြသည်။

ပြုပြင်ပြောင်းလဲမှု၊ ပွင့်လင်းမြင်သာမှုနှင့်အတူ လူတိုင်းသည် လူ့အဖွဲ့အစည်းနှင့်အတူ ပြောင်းလဲလာကြသည်။

'အဝတ်အသစ်ဝတ်ပြီး ဆံပင်ကျစ်နေတာဘဲ မဟုတ်လား။ ဘာကြောင့် ဒီလောက် ယုတ္တိမရှိရတာလဲ'

မကြိုက်တဲ့သူတွေက စစ်တပ်ကို တိုင်တန်းကြပေမဲ့ အထက်ကလူတွေက 'သူတို့ပြောတာမှန်တယ်။ ခေတ်သစ်ရဲ့အသွင်အပြင်အသစ်' လို့ပြောပြီး ထောက်ခံလိမ့်မယ် မမျှော်လင့်ထားကြပေ။

မြို့ကြီးပြကြီးများနှင့် အထူးဇုန်များတွင် လှည့်ကွက်များ အများအပြားရှိပြီး အဝတ်အစား အမျိုးမျိုးရှိကာ အရောင်စုံရှိကြသည်။ ဒီဘက်တပ်တွေက ပုံကြီးချဲ့တာမဟုတ်ဘူး။ သူတို့အားလုံးက ပုံမှန်အတိုင်းပဲ ဝတ်စားဆင်ယင်နေကြသည်။

ထို့အပြင် လူတိုင်းသည် မည်ကဲ့သို့ ၀တ်စားဆင်ယင်ရမည်ကို စဉ်းစားရင်း သူတို့၏ဘ၀ကို ပျော်ရွှင်နေကြကြောင်း ပြသနေကြသည်။
   
အထက်တန်းစားတွေက ထင်မြင်ချက်မရှိသလို ဒီလိုအခြေအနေကို မြင်ရတာတောင် ဝမ်းသာကြပါသည်။ အောက်ခြေအဆင့် လူတန်းစားများကတော့ မျက်စိမှိတ်ပြီး သီးသန့်စဉ်းစားဖို့ကလွဲလို့ ရွေးချယ်စရာမရှိပါ။

ကျန်းယန်လီသည် ချင်ရှီးကို တအံ့တသြဖြင့် အစတွင် သူမ ပြောခဲ့သည့်အရာ အမှန်ဖြစ်လာရန် သူမ မမျှော်လင့်ခဲ့ပေ။

ချင်ရှီးကရယ်လိုက်ပြီး ထပ်ပြောသည်။
"နောက်တော့ လူတွေက လူစုလူဝေးရဲ့သဘောထားနောက်ကို လိုက်ဖို့ စိတ်ဓာတ်ရှိကြလိမ့်မယ်"

နေ့ခင်းဘက် အိမ်ပြန်ရောက်သောအခါ ချင်ရှီးသည် လွန်ခဲ့သည့်လဝက်တွင် ရရှိထားသောငွေကို ရေတွက်ကြည့်ရာ တစ်ရာကျော်ရှိသည်ကို တွေ့လိုက်ရသဖြင့် အလွန်ဝမ်းသာသွားသည်။

ဒါက အလုပ်သွားလုပ်တာထက် ပိုအကျိုးရှိသည်။

'အလုပ်ကြိုးစားရမယ်၊ ငွေစုရမယ်၊ အချိန်ကျလာတဲ့အခါ စတိုးဆိုင်ဖွင့်ရမယ်။ ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံဖို့ လုပ်ဖော်ကိုင်ဖက်ကို ရှာရမယ်။ အဝတ်အစားတွေ ကိုယ်တိုင်လုပ်ပြီး သူမဟာ စတိုးဆိုင်ကို တာဝန်ယူရလိမ့်မယ်'

'ချမ်းသာဖို့ အခွင့်ကောင်းကို ဆုပ်ကိုင်ရမဲ့ အချိန်ရောက်လာရင် ဒါဟာ ဝမ်းသာစရာ မဟုတ်လား'

သူမ တွေးနေတုန်း အပြင်မှာ တံခါးလာခေါက်သည်။

ချင်ရှီးက ပိုက်ဆံသိမ်းပြီး ကြည့်လိုက်တော့ လာတဲ့လူက တကယ်တော့ မော့လင်ဆိုတာမြင်လိုက်ရ၍ နည်းနည်းတော့ အံ့သြသွားသည်။

_***_




80ခုနှစ်၌ မိထွေးဖြစ်လာခြင်း (Complete ✅)Où les histoires vivent. Découvrez maintenant