" ဟေး..ကလေးလေး မိုးရေကြီးထဲဘာထိုင်လုပ်နေတာလဲ"
မိုးတွေသည်းကြီးမဲကြီးရွာနေတဲ့ညနေခင်းမှာ အဖြူရောင်လုံးလုံးလေးက မြေကြီးပေါ်ထိုင်ချနေရင်း ငိုနေသည်၊ ထိုကလေးလေးကို ထီးမိုးပေးနေတဲ့ မတိမ်းမယိမ်းအရွယ်ကောင်လေးလည်းရှိသည်
" မေမေ့ကိုစောင့်နေတာ"
" မင်းမေမေကဘယ်သွားလို့လဲ အိမ်ပြန်စောင့်နေလေ မိုးရေထဲစောင့်နေရင် မေမေကစိတ်မကောင်းဖြစ်မှာပေါ့"
" အဲ့လိုလားဟင်"
အဲ့တော့မှ ထိုအဖြူလုံးလေးက မတ်တပ်ရပ်လာရင်း မျက်ရည်တွေကို သူ့လက်ဖောင်းဖောင်းလေးတွေနဲ့သုတ်ပစ်သည်
" တိုတိုက ဘယ်ကလဲ"
အဖြူလုံးလေးကပဲ ထီးမိုးနေတဲ့ကောင်လေးကို ထပ်မေးသည် သူတို့နှစ်ယောက်က အစကမတိမ်းမယိမ်းဆိုသော်ငြား ယှဉ်ရပ်ကြည့်တော့မှ ထီးမိုးနေတဲ့ကောင်လေးကခေါင်းတစ်လုံးပိုမြင့်သည်
" ကိုကိုက ဒီအိမ်ကလေ မင်းကရော"
" ဟင် အဲ့တာသားအိမ်ကြီးပါ"
အဖြူလုံးလေးက နှုတ်ခမ်းတွေပါစူပုတ်လာပြီး မျက်မှောင်လေးကြုတ်ကာပြောသည်
တစ်ဖက်ကကောင်လေးကတော့ ချက်ချင်းနားလည်သွားပုံရပြီး" အာ..ကိုကိုက ကိုကို့မေမေနဲ့ခနလာနေတာပါ နေခွင့်ပေးမယ်မလား"
" အင်း..ထီးမိုးပေးယို့ နေခွင့်ပေးမယ် "
" မင်းနာမည်ဘယ်လိုခေါ်လဲ ကလေးလေး"
" ဂျောင်၀န်း..၁၀နှစ်"
ထိုအဖြူလုံးက လက်ဆယ်ချောင်းထောင်ပြရင်း ရယ်ပြသည်။ အဲ့တော့မှာ ရှေ့သွားလေးနှစ်ချောင်းက ကျိူးနေတာတွေ့ရသည်
" ကိုကိုနဲ့အိမ်ထဲ၀င်ရအောင်နော် ဂျောင်၀န်းလေး"
" ဟုတ် တိုတို" ဟုဆိုပြီး အဖြူလုံးလေးက တဖက်ကကောင်လေး လက်ကိုဆွဲရင်း ထပ်ရယ်ပြရှာသည်။
ထိုလက်သေးသေးလေးကနေ အားကိုးတကြီးလာဆုပ်ကိုင်တာကို တစ်ဖက်ကခံစားမိစေသည်မိုးသည်းနေတဲ့ ထိုနေ့က သူတို့နှစ်ယောက်ရဲ့အမှတ်တရဟာ နွေးထွေးခဲ့သော်လည်း အဖြူရောင်အိမ်ကြီးထဲကို အတူတူခြေလှမ်းခဲ့တဲ့အချိန်ကစလို့
ဖန်ကွဲစတွေလို တစ်စစီပြန့်ကျဲကုန်သည်..။