/အရင် old episodeမဟုတ်ပါဘူး အောက်မှာအသစ်ထပ်ရေးထားပါတယ် မမှတ်မိတော့ရင်အစကပြန်ဖတ်ပါနော် မမှတ်မိကြတာသေချာပါတယ်/
"ဂျောင်၀န်း နေမကောင်းဘူးလား"
ကန်တင်းမှာ ငူငူငိုင်ငိုင်ထိုင်နေတဲ့ သူ့ကို ဆောနူကမေးတယ် အရှေ့ကမှာထားတဲ့ ဘာဂါကိုလည်းတစ်ကိုက်လေးမှမမြည်းစမ်းကြည့်ရသေးဘူး ပြောရရင်ဒီတစ်ပတ်အတွင်း သူအစားသိပ်မစားဖြစ်ဘူး အိမ်မှာမြင်နေရတဲ့ မျက်နှာတစ်စုံကြောင့် ဂျောင်၀န်းအခန်းအောင်းနေတာပဲများတယ် အဲ့မျက်နှာကိုမြင်ရင် သူစားလို့လည်းမ၀င်တော့ဘူး ညညဆို အိပ်မက်ထဲပါလာမှာစိုးလို့ နှစ်နှစ်ခြိုက်ခြိုက်မအိပ်ရဲဘူး ကိုယ့်ကိုယ်ကိုလိပ်ပြာမလုံတာမျိူးမဟုတ်ပဲ အချိန်အကြာကြီး လှည့်စားခံခဲ့ရတာကို ၀မ်းနည်းနေတာ။ မဟုတ်ဘူး ခံပြင်းနေတာ ..သူအနေနဲ့ ၀မ်းနည်းစရာအကြောင်းမရှိဘူးလေ ဟုတ်တယ်မလား
တစ်လျောက်လုံး သူ့ဘက်ကအနိုင်ရလာခဲ့တယ်ထင်ခဲ့တာ တကယ်တော့ တစ်ဖက်လူက သူ့ကိုကလေးတစ်ယောက်လိုတမင်အနိုင်ပေးထားခဲ့မှန်းမသိခဲ့ဘူး အနှစ်နှစ်အလလ သည်းခံပြီး ချစ်ပေးခဲ့တဲ့လူက သူတစ်ခါလုပ်မိတဲ့အမှားတစ်ခုအတွက်နဲ့ ပစ်ပစ်ခါခါလက်ငင်း စိမ်းကားနိုင်ပါ့မလား ယုတ္တိမရှိဘူး... တကယ်လည်း ညာခဲ့တာပဲ အမြဲ အနိုင်ယူပြီး နှိပ်စက်နေတဲ့ယန်ဂျောင်၀န်းဆိုတဲ့သူက အဖြူထည်လေးလို လူဆီက အလိမ်ခံရတာတဲ့လေ။ ဂျောင်၀န်းလက်သီးကိုကျစ်ကျစ်ပါဆုပ်ရင်း စားပွဲပေါ်ထုချမိတော့ 'ဒုန်း'ဆိုတဲ့ အသံက ကန်တင်းတစ်ခုလုံးဟိန်းသွားတယ် အရှေ့က ဆောနူကလည်း သူ့ကို မျက်လုံးအပြူးသားနဲ့ကြည့်လာပြီး
" ရူးနေပြီလား ဘာထဖြစ်တာလဲ မင်းတကယ်ပဲ ရှိတာမှဒီသူငယ်ချင်းကို မပြောပြချင်ဘူးပေါ့"
ဆောနူက နှုတ်ခမ်းစူရင်းချော့တလှည့်ခြောက်တလှည့်နဲ့ မရရအောင်မေးရှာတယ် ဆောနူက သူငယ်ချင်းကောင်းပါပဲ ဒါမဲ့သူ့မှာ ပြောပြဖို့စိတ်ကူးမရှိဘူး သူ့မာနတွေက တစ်ယောက်သောသူဆီမှာအချိူးခံရရင်တော်ရောပေါ့။