အီဆောင်ဟို.. ရှယ်ယာရှင်လောကမှာတော့ နာမည်ကြီးလှသည် ကိုယ်ပိုင်လုပ်ငန်းအပြင် အခြားလုပ်ငန်းစုတွေရဲ့ရှယ်ယာကိုပါလက်၀ယ်ထားသူက ဒီနေ့မှာတော့ သူ့ရဲ့နာမည်တွေကျဆုံးလုနီးပါးဖြစ်ခဲ့ရသည်၊ မိန်းမဖြစ်သူရဲ့ မွေးခန်းရှေ့မှာ ခေါက်တုံ့ခေါက်ပြန့်လျှောက်ရင်း အိန္ဒြေမဆယ်နိုင်ဖြစ်နေချိန် ခွဲခန်းကနေဆရာ၀န်ထွက်လာတာ တွေ့လိုက်ရသည်။ မွေးကင်းစကလေးတစ်ယောက်ကိုပိုက်ရင်း ဆရာ၀န်က
" ဂုဏ်ယူပါတယ်ဗျာ ခင်ဗျားသားနှစ်ယောက်တောင်ဗျ"
ဆောင်ဟိုနားမလည်သလို ဆရာ၀န်ကိုတစ်ချက်ကြည့်မိတော့ ဆရာ၀န်က သဘောပေါက်သွားကာ
"ဒီလိုပါ လူနာရှင်ရဲ့အမျိူးသမီးက အမွှာမွေးတာပါ အကြီးဆုံးတစ်ယောက်ကတော့ စိတ်မကောင်းပေမဲ့ မွေးရာပါနှလုံးရောဂါပါလာပုံပဲ ကျွန်တော်တို့အရေးပေါ်သီးသန့်အခန်းထဲမှာ သေချာစောင့်ရှောက်ထားပါတယ် မိခင်ရောကလေးတွေရောအဆင်ပြေပါတယ်"
ဆရာ၀န်ရဲ့စကားကိုကြားတော့ ဆောင်ဟိုစိတ်ထဲ အမည်ဖော်မရတဲ့ခံစားချက်ကိုရလိုက်သည် သူလို ရှယ်ယာရှင်လောကရဲ့နာမည်ကြီးတစ်ယောက် ဆက်ခံသူက မွေးရာပါနှလုံးရောဂါပါတယ်ဆိုတာသာ သတင်းတွေထဲပါခဲ့ရင်ဆိုတဲ့စိတ်က သားအရင်းဖြစ်သူကိုစိတ်ပူရမဲ့စိတ်ခံစားချက်ကို ဖုံးလွှမ်းသွားခဲ့သည်
" ကျွန်တော့်ကို တစ်ခုကူပေးစေချင်တယ် ဒေါက်တာ၊ ဒီအငယ်တစ်ယောက်ပဲ မွေးတယ်လို့သတ်မှတ်ကြရအောင်..ဘယ်သတင်းဌာနကဖြစ်ဖြစ်လာမေးခဲ့ရင် အခုချိန်သီးသန့်ခန်းထဲရောက်နေတဲ့ကလေးအကြောင်း မဟပါနဲ့ ကျွန်တော်ဒေါက်တာ့ကျေးဇူးမမေ့ပါဘူး"
ဆောင်ဟိုရဲ့ လာဘ်စကားကိုဆရာ၀န်ဖြစ်သူက အနည်းငယ်တွေဝေနေပြီးမှ လက်ခံခဲ့သည်။ ဆရာ၀န်ဆီက ကလေးလေးကိုယူပိုက်ရင်း ဆောင်ဟိုသက်ပြင်းချကာ
" သား..မင်းကအခုချိန်ကစအဖေ့ရဲ့တစ်ဦးတည်းသော ဆက်ခံသူပဲ မင်းကို အီသန်လို့နာမည်ပေးမယ်ကွာ"
𓇿 𓇿 𓇿
"အီသန်..သားငယ်..ကိုကို့ကို ဘယ်လိုလုပ်လိုက်တာကွယ် အဲ့လိုမလုပ်ရဘူးလေ"