"..ဆေး-ဆေးရုံကဆင်းလာတာလား?"
ဂျောင်၀န်း အရင်ကဘယ်လောက်ပဲ ဟီဆွန်းကိုအနိုင်ရခဲ့စေမူ ဒီတစ်ခါမှာတော့ ကိုယ့်ကိုယ်ကိုယ် လိပ်ပြာမလုံတာကြောင့် ကြောင်သူငယ်လိုဖြစ်နေရပြီ
" မင်းမြင်တဲ့အတိုင်းပဲ"
ဟီဆွန်းဟာ ဟီဆွန်းနဲ့မတူစွာ အဖြေကိုပေးပြီးသည်နှင့် အိမ်ထဲကိုသာတန်း၀င်သွားသည်၊ ဂျောင်၀န်းလေးလို့ မခေါ်သလို ထိုအစား မင်းဆိုတဲ့ နားကြားမြင်ကပ်လှစွာသော နာမ်စားကြီးအစားထိုး၀င်ရောက်နေသည်က ဂျောင်၀န်းကို အမည်ဖော်မရစေတဲ့ ခံစားချက်တွေ ပေးစွမ်းနိုင်သည်။
သူ့အနေနဲ့ နည်းနည်းလွန်သွားတာ ..မဟုတ်ဘူး နည်းနည်းများများလွန်သွားတာ သိပါသည်၊ သို့သော် အမြဲ သည်းခံနေပေးတဲ့သူဆီက ဒီလိုတုံ့ပြန့်ချက်ရတာကို ဂျောင်၀န်းမနှစ်သက်ပါ ထိုကြောင့် ပထမဆုံးတွေးမိသည်က သူ့ကို အီဟီဆွန်း စိတ်ကုန်သွားတာလား ဆိုတာကိုပင်။
__________
ဆေးရုံအခန်းထဲ၀ယ် အပ်ကျသံကြားရသည်အထိ တိတ်ဆိတ်နေကာ ဂျောင်၀န်း ကုတင်အဖြူရောင်အနားသို့ ပိုတိုးကပ်လိုက်သည်
" ကိုကိုအဲ့လောက်အိပ်ချင်ရင် ကျွန်တော်လုပ်ပေးမယ်"
တစ်ချိန်ထဲမှာပင် အောက်ဆီဂျင်ပိုက်ကိုဖယ်လိုက်သည်နဲ့ အညိုရောင်မျက်၀န်းတွေပွင့်လာတာကို တွေ့လိုက်ရသည်မို့ အလန့်တကြား နောက်သို့ ခြေလှမ်းတွေဆုတ်လိုက်မိသည်။ ရုတ်တရက်ဆိုသလို အသိမှန်ရသွားတဲ့ လူတစ်ယောက်ပမာ တုန်လှုပ်လာသည်..ကိုကို ကြားများသွားလား? ဘာလို့များ ဘာလို့များ လူတစ်ယောက်ကို အဆုံးစွန်ထိသတ်ဖို့ စိတ်ကူးမိခဲ့တာလဲ သူ့ကိုယ်ပင်သူ မယုံကြည်နိုင်လောက် ဂျောင်၀န်းခြောက်ခြားရပါသည်
အချိန်ကိုက်ပင် အဖေက ဆရာ၀န်တွေနဲ့ လော့ခ်ချထားသည့်တံခါးကို ဖွင့်၀င်လာကာ
"ယန်ဂျောင်၀န်း မင်းဘာလို့လော့ခ်ျသွားတာလဲ"
ကံအားလျော်စွာ အဖေတို့ကတော့ စောနကမြင်ကွင်းကိုမြင်လိုက်မိမဲ့ပုံမပေါ်ပါ၊ အခုချိန် သူစိတ်ပူတာ ကုတင်အဖြူရောင်ပေါ်မှာ ငြိမ်သက်စွာလှဲလျောင်းနေသော အညိုရောင်မျက်၀န်းပိုင်ရှင်ကိုသာ