"လူနာက နှလုံးအခံကြောင့်အခုလို အကြာကြီးသတိမေ့သွားတာပါ နှစ်ရက်သုံးရက်နေရင်ဆေးရုံကဆင်းလို့ရပါပြီ"
ဆရာ၀န်ရဲ့စကားကို ခေါင်းငြိမ့်ပြပြီးတဲ့အခါမှာတော့ အခန်းရဲ့လေထုကတိတ်ဆိတ်လို့သွားသည် ဆရာ၀န်ကလည်းအလိုက်တသိနဲ့ထွက်သွားပေးတဲ့နောက်မှာ အီသန်ရဲ့စကားသံကအရင်ထွက်လာ၏
" အကို ပြန်လာလို့မရသေးဘူး"
အီသန်ရဲ့စကားကို မိခင်ဖြစ်သူကဘာမှ၀င်မပြောနိုင်ရှာ။ သားကြီးသတိရလာပြီဆိုတဲ့ သတင်းကြားထဲက သူမကဆေးရုံကိုအပြေးလာခဲ့ပေမဲ့ အကြောင်းစုံဖြေရှင်းပေးဖို့မှ မတတ်နိုင်ပဲ
"မင်းဘာတွေလုပ်နေတာလဲ.. အဲ့ကလေးကဘာမှမဆိုင်ဘူး"
အရင်ငယ်စဉ်ကသိခဲ့ရတဲ့ အကို့ရဲ့ခပ်အေးအေးပုံစံဟာ ယခုချိန်ထိမပြောင်းမလဲရှိနေပေမဲ့ တစ်ခါမှကိုယ့်အတွက်ကိုယ်တောင်ခုခံပြောဆိုခဲ့ခြင်းမရှိတဲ့လူဟာ ထိုကလေးလေးတစ်ယောက်ကိုတော့ အထိအခိုက်မခံစေချင်တဲ့ပုံပေါ်သည်
"ကျွန်တော်က အကို့အစားသင်ခန်းစာပေးယုံပဲ မဟုတ်လည်း သူ့အမေ့စရိုက်ပါလာပြီးကောင်လေးပဲ"
အီသန်ရဲ့ ခပ်ပြတ်ပြတ်စကားကို ဟီဆွန်းကသဘောမကျဟန် မျက်၀န်းတွေကစူးရှစွာသက်သေပြနေသည်
လက်သီးကိုဆုပ်ရင်း ခပ်အေးအေးဖြေလာသည်က"မင်းကိုငါအကူအညီမတောင်းဘူး အီသန်.. အစထဲကအကိုလို့မသတ်မှတ်ခဲ့ပဲ အခုကျဘာတွေလုပ်နေလဲငါနားမလည်တော့ဘူး မင်းကိစ္စတွေငါ၀င်မပါခဲ့သလို အခုလည်း၀င်ပါမှာမဟုတ်ဘူး ဒါပေမဲ့ ဂျောင်၀န်းကိုသာ မထိနဲ့ အဲ့ကလေးကမဆိုင်တဲ့သူ"
" အကိုလို့မသတ်မှတ်ဘူးလို့ ကျွန်တော်ဘယ်တုန်းကပြောခဲ့မိလဲ ခင်ဗျားဘာသာသီးသန့်ကွဲထွက်နေခဲ့တာမဟုတ်ဘူးလား ခင်ဗျားသာနည်းနည်းလေးသန်မာခဲ့ရင် ကျွန်တော်တို့မိသားစုလည်းပြိုကွဲစရာအကြောင်းမရှိဘူးလေ"
အီသန်ရဲ့ ဒေါသလေသံသဲ့သဲ့ပါတဲ့ စကားဟာ ဆေးရုံအခန်းကိုဖုံးလွှမ်းသွားတယ် သားတွေအခုမှပြန်တွေ့တာကို ရန်မဖြစ်စေချင်တဲ့မိခင်ကပဲ သားငယ်လက်မောင်းကိုဆုပ်ကိုင်ရင်း စိတ်အေးအေးထားဖို့ပြောရှာသည် ဒါကိုမြင်တော့ ဟီဆွန်းစိတ်ထဲ ချဉ်တူးနေတဲ့ခံစားချက်ကို ရလိုက်တယ် အီသန်တစ်ယောက်ပဲ ဒေါသထွက်တတ်တာလား သူ(ဟီဆွန်း)ကရော ဒေါသထွက်ပိုင်ခွင့်မရှိဘူးလား.. လူတွေက ငြိမ်ခံရင်ပိုရောင့်တက်တတ်ကြတယ် အမြဲနားလည်ပေးရင် အမြဲအလျော့ပေးရင် နောက်တစ်ခါလည်းနားလည်ပေးမှာပဲအလျော့ပေးမှာပဲလို့ တွေးတတ်လာကြတယ်