Chapter 6

1.1K 65 2
                                    

ဟော်နန်းအတွင်းရှိ ဒုတိယသခင်လေး၏ အဆောင်ခန်းထက်ပင် အစောင့်အကြပ်များစွာ ချထားသော ဇာဏီထွဋ်ခေါင်၏ သီးသန့်စံအိမ်ထဲသို့ ဒုတိယသခင်လေး၏ အမိန့်စာလွှာ ရောက်ရှိလာသည်။

ထိုစာလွှာမှာမူကား မနက်ဖြန် နယ်ခြားကုန်သွယ်မှု လုပ်ငန်းခရီးစဥ်ထဲသို့ လိုက်ရမည့် လူစာရင်းထဲ၌ ဇာမ့်ကိုပါ ခေါ်သွားမည့်အကြောင်း အကြောင်းကြားစာ ဖြစ်သည်။

ထိုအမိန့်စာကို ဇာမ်တို့သုံးယောက် မနက်စာစားပြီးကတည်းက အိမ်တော်ထိန်းကြီး လာပို့သွားခဲ့တာမို့ ဒီဟော်နန်းထဲ၌ ရှေး၏အမိန့်ဆိုလျှင် ဇာဏီပင် ငြင်းဆန်ခွင့် မရှိတာကြောင့် ဒဏ်ရာတွေ သက်သာကာစ ဇာမ့်အား မထည့်ပေးလိုက်ချင်သော ဇာဏီထွဋ်ခေါင်တစ်ယောက် ထိုအမိန့်စာကို ကြည့်ရင်း ဗျာများနေရသည်။

ဇာဏီ သူ့၏ အခန်းထဲမှနေ သူ့သီးသန့်ဆောင်၏ ခြံဝင်းထဲသို့ လှမ်းကြည့်လိုက်မိသည်။

ထိုခြံဝင်းထဲရှိ ခုံရှည်တစ်ခုပေါ်၌ ထိုက်အား စာထိုင်ဖတ်နေတာကို တွေ့ရသလို ထိုက်၏ မလှမ်းမကမ်း၌ ပန်းပင်များစွာကြားက မြေကြီးတွေကို တူးဆွနေသော ဇာမ့်အား တွေ့လိုက်ရတာကြောင့် ဇာဏီ အောက်ထပ်ပြန်ဆင်းလာခဲ့ကာ သူပါ ခြံထဲလိုက်ထွက်လာခဲ့သည်။

လည်ထောင်ဆွယ်တာ အမည်းကို ဘောင်းဘီရှည်အမည်း‌အပြင် Boot ဖိနပ်အမည်းရောင်ဖြင့် တွဲဖက်ဝတ်ဆင်ထားသော ဇာဏီ့ကို မြင်လိုက်ရတာကြောင့် ထိုက် သူ့စာအုပ်အား ပိတ်လိုက်ပြီး သူ့အနုပညာရှင်ကို တစ်ယောက်တည်းတော့ မလွှတ်ထားရဲတာမို့ ဒီကောင် အပြင်သွားမယ်ဆို သူပါ လိုက်ပေးဖို့ ပြင်ရတော့မည်။

"မင်း အပြင်သွားမလို့လား၊ ထွက်မယ်ဆို mask တပ်၊ နေကာမျက်မှန်နဲ့ ဦးထုပ်ပါ သွားဆောင်းဦး။ မင်း fan တွေ တွေ့ရင် schedule တွေဖျက်ပြီး အေးအေးလူလူ လျှောက်လည်နေတယ်လို့ ဓာတ်ပုံရိုက်ခံနေရလိမ့်မယ်။ ငါ မင်း နေမကောင်းလို့ အိမ်ပြန်နားနေတာလို့ အေဂျင်စီကို ဖုန်းဆက်ထားရတာ"

"အပြင်ထိ မသွားဘူး၊ ငါ့ကို လိုက်ပူမနေနဲ့၊ မင်း ရန်ကုန် အရင်ပြန်နှင့်လည်း ဖြစ်တယ်နော်။ ငါ ဓာတ်ပုံအရိုက်မခံရအောင် ဂရုစိုက်နေမှာပါ"

The Loudest Silence [Completed]Where stories live. Discover now