Chapter 21

913 57 3
                                    

အမြဲလိုလို မြူနှင်းဆိုင်းနေတတ်သော နယ်စပ်မြို့‌လေးတွင် ယနေ့နံနက်၌ နေပွင့်နေခဲ့သည်။ ထိုနေရောင်ခြည်နုနုလေးက ရှေး အိပ်နေသည့် ကုတင်ထက်သို့တိုင် ဖြာကျနေခဲ့၏။

ဇာဏီထွဋ်ခေါင်၏ မျက်ကွင်းများက ပန်ဒါကဲ့သို့ ညိုမဲနေလျက်။ ခြေထောက်နဲ့ လက်မှ နာကျင်မှုကလည်း တဆစ်ဆစ်။ သူ တစ်ညလုံး ပြန်မအိပ်နိုင်ခဲ့ပေ။ သူ့အခန်းထဲ အလှည့်ကျ ဝင်စစ်ဆေးနေရသည့် ဆရာဝန်တွေ ဆရာမတွေ ဝင်လာတိုင်း သူ့မျက်လုံးအစုံက သူခိုးဖမ်းနေသကဲ့သို့ လိုက်ကြည့်နေမိတော့ကာ သူ့ညီလေး တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေခဲ့သော်လည်း သူကတော့ အိပ်ပျော်သွားမှာပင် ကြောက်နေခဲ့သည်။

လုပ်ကြံသူကို မမိသေးတာက ဇာဏီ့အတွက် သူ့ညီအား ဘယ်နားထည့်ဖွက်ထားရတော့မလဲ မသိအောင်ပင် ပူလောင်စွာ ကုန်ဆုံးခဲ့ရသော ညတာရှည်ကြီးပင်။

.
.

နွေးထွေးသော နေရောင်ခြည်နှင့်အတူ ရှေး၏ မျက်လုံးများလည်း အိပ်ရေးဝစွာ ပွင့်ဟလာခဲ့သည်။

စောင်ပုံအောက်မှ သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ကိုကို့အား လှမ်းစမ်းလိုက်စဉ် အေးစက်သော နေရာကိုသာ ထိမိလိုက်သလို ကြည့်လိုက်တော့လည်း သူ့ဘေး၌ ကိုကို မရှိတော့။

ရှေး ဝုန်းခနဲ ထထိုင်လာခဲ့စဉ် သူ့ကုတင်ဘေး၌ ထိုင်ရက်အနေအထားဖြင့် စားပွဲပေါ် လက်ထောက်အိပ်နေသော ထိုက်ကို တွေ့လိုက်ရတာကြောင့် ရှေးတစ်ယောက် ထိုက်၏ လက်မောင်းအား အားဖြင့် လှုပ်ရမ်းလိုက်မိ၏။

ထို့ကြောင့် အိပ်ပျော်ကာစ ထိုက်ခမျာ လန့်နိုးသွားခဲ့ချိန် ကုတင်ပေါ်က ကောင်လေးက သူ့ကုတင်ဘေးကို လက်ဝါးဖြင့် တဘန်းဘန်း ပုတ်ပြ‌နေခဲ့သည်။

"မင်းအစ်ကိုကို ရှာနေတာလား"

ရှေး ခေါင်းညိတ်ပြလိုက်ပြီး အခန်းတစ်ခန်းလုံးကို လိုက်ကြည့်နေခဲ့သည်။ ဒါ သူ ညက အိပ်နေသည့် ကိုကို့အခန်းပဲမို့ သူ့အစ်ကိုကို မတွေ့ရတော့တာက ရှေးအား ရင်ပူသွားစေခဲ့သည်။

"ထွဋ်ကို စစ်ဆေးမှုတွေ လုပ်ဖို့ ဆရာတွေ ခေါ်သွားတာ။ မနေ့က သူ သောင်းကျန်းထားလို့ ခွဲခန်း ပြန်ဝင်ရမယ့် အခြေအနေဆိုလားပဲ၊ စိုးရိမ်စရာတော့ မရှိဘူးတဲ့၊ သူ ဒီအခန်းထဲ ပြန်လာရဖို့ ကြာဦးမှာမို့ ငါ မင်းကို လာစောင့်ပေးနေတာ"

The Loudest Silence [Completed]Where stories live. Discover now