Part - 7

2.6K 31 0
                                    

💥 အမုန်းတော်ခံ သတို့သမီး 💥

[ အပိုင်း - ၇ ]

''​ကြွေ''

အခန်းဝတွင်ရပ်နေပြီးမဏ္ဍိုင်ကို
မျက်ရည်တွေဝဲပြီးနီရဲရဲနှုတ်ခမ်းအား
ဖိကိုက်ထားကာအမုန်းရိပ်တွေ
လွှမ်းနေတဲ့မျက်ဝန်းအစုံဖြင့်
ဒေါသထွက်စွာစိုက်ကြည့်နေသည့်
ကြွေကိုသူအံ့ သြထိတ်လန့်စွာဖြင့်
ခေါ်မိလိုက်သည်။

''ဒါကဘယ်လိုဖြစ်တာလဲ အသက်ဆက်တေး!!!''

အသက်ကို လေသံမာမာဖြင့်ပြောပြီး
စိတ်တိုဒေါသထွက်နေတဲ့မမကြောင့်
အသက် ဖြေရှင်းစကားပြောဖို့မရှိ။
ဒါတွေဘယ်လိုဖြစ်ရတာလဲ
အသက် တကယ်မသိဘူး....
ယောက်ျားလေးတစ်ယောက်နဲ့
အိပ်ယာပေါ်မှာအတူရှိနေတာကို
သူမတို့ကိုလူအများကြီးက
စိတ်ဝင်တစား စိုက်ကြည့်နေတော့
အသက် အရမ်းရှက်မိသည်။

ဘာတွေဖြစ်ကုန်တာလဲ....
ရှက်ရွံ့ကြောက်စိတ်တွေကြောင့်
မျက်ရည်တွေဝဲလာပြီးမမမျက်နှာကို
အသက် စေ့စေ့ပင်မကြည့်ရဲချေ။
တင်းမာခက်ထန်နေသည့်မမမျက်နှာက
အသက်ရင်ထဲကို ကြောက်စိတ်တွေ
ပိုပြီးဖြစ်လာအောင်ပြုလုပ်နေသလိုပင်။
တောင်းပန်ပါတယ် မမရယ်

''အဟင့်...အသက် မသိဘူးမမ''

''ဘာ!!!''

ရှိုက်သံပါအောင်ငိုကြွေးရင်းက
ဖြေလိုက်သည့်ညီမဖြစ်သူ၏
အဖြေစကားကြောင့်ကြွေပန်းရုပ်
တစ်ယောက်မျက်နှာတစ်ခုလုံး
နီမြန်းရဲတွက်ကာဘေးမှချစ်ရသူကို
ကြည့်မိသည်။သူမအကြည့်တွေအား
ရှောင်ဖယ်ကာနေသည့်ကို့ကြောင့်
သူမရင်ထဲနာကျင်မှုတွေစို့တက်
လာပြီးပါးပြင်ပေါ်သို့မျက်ရည်တွေက
အတားအဆီးမဲ့စွာ စီးကျလာသည်။

ကို့ဘဝရဲ့ပဲ့ကိုင်ရှင်ကကြွေပဲ
ဖြစ်နိုင်တယ်ဆို အခုကျမှဘာလို့
ေပြာင်းလဲသွားရတာလဲ
ကြွေ ရင်တွေနာလိုက်တာကိုရယ်
အရင်ကပြောခဲ့တဲ့စကားလုံး
လှလှလေးတွေကဘယ်ရောက်သွားတာလဲ
အရမ်းချစ်ပါတယ် ဆိုတာတွေကရော
အလိမ်အညာတွေပဲလား
ကြွေကိုပြောပါအုံး

မဏ္ဍိုင်ကိုယ်တိုင်လည်းဘာတွေ
ဖြစ်သွားလဲနားမလည်တော့ပေ။
တောင်းပန်ပါတယ် ကြွေရယ်
ကိုယ့်​ကြောင့်ကြွေနာကျင်ရပြီ
မဏ္ဍိုင်၊အသက်၊ကြွေတို့က
ရင်ထဲ၌အတိုင်းမဆမရှိသော
ပူလောင်နာကျင်မှုတွေဖြစ်တည်
သွားရပေမယ့် တစ်စုံတစ်ယောက်ကတော့
ကြိတ်ပျော်နေလေသည်။

💥 အမုန်းတော်ခံ သတို့သမီး 💥 { Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ