Part - 41

2.2K 37 2
                                    

💥 အမုန်းတော်ခံ သတို့သမီး 💥

[ Part - 41]

''အင့်းးးး..အွန့်...''

ရင်ခွင်ထဲတလှုပ်လှုပ်နဲ့ညဥ်းညူကာခေါင်းလေး
တို့ဝှေ့ကာဆက်အိပ်နေသောကလေးငယ်အား
မဏ္ဍိုင်ကြည့်ရင်းနဲ့အသဲတယားယား။
ပါးလေးတွေများဖောင်းနေလိုက်ကွာ။
ဖူးဖူးနီနီနှုတ်ခမ်းလေးရောပဲ။နမ်းချင်စရာလေး။
အင်းးးး...သူမကြောင့်ငါ တကယ်ရူးတော့မယ်

''ဟင်....အင့်''

မဏ္ဍိုင် တကယ်လုပ်မိလိုက်တာ။အိပ်ပျော်နေတဲ့
ကလေးငယ်မျက်နှာကိုဆွဲမော့ယူ၍နီရဲရဲနှုတ်ခမ်း
​ဖူးဖူးလေးအား စွဲမက်စွာဖြင့်မနက်ခင်းအနမ်းကို
ဖန်တီးမိသည်။ အချိန်ကြာမြင့်စွာအနမ်းမိုးတို့
အဆက်မပြတ်ရွာသွန်းရင်းပါးနှစ်ဖက်ကိုဖိအုပ်၍
တမေ့တမောစူးစိုက်ကြည့်ရင်း

''ကလေးငယ်ရယ် မင်းလေးကိုချစ်လိုက်တာဗျာ
အရမ်းးးးရမ်းးးကိုချစ်တာဗျာ...မွ''

သူမ၏ပါးမို့နှစ်ဖက်အား အားကြီးနဲ့ဖိချေ၍
ချစ်ကြောင်းတွေတဖွဖွပြောပြီးအဆက်မပြတ်
အနမ်းတွေခြွေချနေသောကိုကို့ကြောင့်
အသက် ကြည်နူးပီတိတွေဝေဆာလို့အတိုင်းမသိ
ပျော်နေမိသည်။

ဤမနက်ခင်းလေးကသူမအတွက်
အဖိုးမဖြတ်နိုင်တဲ့မနက်ခင်းလေးပင်။
အသက် အရမ်းပျော်တယ် ကိုကိုရယ်
ကိုကိုကအသက်ကိုအရမ်းနားလည်ပေးတာ
သိရတော့ထွက်သွားဖို့ကြိုးစားနေတဲ့ကိုယ့်ကိုကိုယ်
အပြစ်တင်ချင်နေပြီ။အနားမှာ မခွဲတမ်း
ဆက်နေချင်တယ်ထာဝရ မခွဲချင်တော့ဘူး။.....

''ကလေးငယ်...ကိုယ့်ကြောင့်အိပ်ရေးပျက်သွားပြီ
sorryနော်....ကလေးငယ်ကိုကြည့်ရင်းနဲ့
ချစ်စိတ်တွေထိန်းမရအောင်ဖြစ်သွားလို့ပါ
ပြန်အိပ်တော့....Good Night ''

ခေါင်းလေးဖွဖွပုတ်ပေးရင်း ရင်ခွင်ထဲပြန်ထည့်၍
ထားလိုက်တော့ ကလေးပေါက်ကအငြိမ်မနေ။
တအင့်အင့်နဲ့လှုပ်နေတာကြောင့် ခါးကို
တင်းကျပ်သထက်တင်းကျပ်အောင်ဖက်ထားလိုက်ကာ
ခေါင်းကိုရင်ဘတ်နဲ့ဖိညှပ်ထားလိုက်သည်။

''အသက်ကိုလွှတ်ပေး....မွန်းကြပ်လာပြီ...."

လှုပ်လို့မရအောင်အမျိုးမျိုးဖိချုပ်ထားတဲ့
ကိုကို့ကြောင့် အသက် ခန္ဓာကိုယ်ကလူးလွန့်နေကာ
လွှတ်ပေးဖို့ပြောရင်းအတင်းရုန်းထွက်မိသည်။
ဒါမယ့်လည်း မရပေ။ဖက်တာကပိုပြီးတင်းကျပ်
လာပြီးလှုပ်လို့ပင်မရတော့သဖြင့်ငြိမ်နေရတဲ့
အခြေအနေရောက်သွားသည်။

💥 အမုန်းတော်ခံ သတို့သမီး 💥 { Completed)Où les histoires vivent. Découvrez maintenant