Part - 50

2.4K 35 1
                                    

💥 အမုန်းတော်ခံ သတို့သမီး 💥

[ Part - 50 ]

"မင်း ရန်ကုန်ကိုပြန်သွားလို့မရဘူး ခ-လေး
ဘာလို့လဲဆိုမင်းကကိုယ့်ရဲ့ဇနီးဖြစ်လာမှာမို့ပဲ"

"ရှင်!!!!"

ဦးယံ စကားကြောင့်တွယ်တာလက်ထဲကအိတ်ပင်
လွတ်ကျသွားပြီးအံ့သြသည့်အမူအရာတွေနဲ့
ဦးယံအားနားမလည်စွာကြည့်နေမိသည်။

အားလုံးကလည်းဦးယံကိုသာစူးစမ်းတဲ့အကြည့်နဲ့
ကြည့်နေကြသည်။ရှင်းပြမလားဆိုတဲ့အတွေးနဲ့
ဦးယံဆီကစကားသံကိုမျှော်နေပေမယ့်ပေါ်မလာ။
သူမကိုသာတည်ကြည်စူးရှသည့်မျက်လုံးတွေဖြင့်
ကြည့်၍တွယ်တာလက်ကိုဆွဲယူကာသွားဖို့ပြင်ခိုက်

"အတာကို ခင်ဗျားလက်ထဲထည့်မပေးနိုင်ဘူး"

ကိုနေမခကလည်းသူမရဲ့ကျန်လက်တစ်ဖက်ကို
ဆွဲ၍ပြောလာသဖြင့်တွယ်တာဟိုလူကြည့်ဒီလူကြည့်နဲ့
ခေါင်းလေးချာလပတ်ရမ်းနေသည်။ဖမ်းဆုပ်ခံရတဲ့
လက်နှစ်ဖက်ကနာကျင်လာသဖြင့်သူမမျက်နှာဟာ
ရှုံ့မဲ့လာ၏။ဦးယံနှင့်ကိုနေမခ၏အကြည့်တွေက
ကျားရဲတွေရဲ့မျက်လုံးတွေလိုပင်။နီရဲစူးရှလှသည်။

တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်၍
အကြည့်တွေနဲ့စစ်ခင်းနေကြသည့်ထိုနှစ်ယောက်အား
တွယ်တာ နားမလည်စွာဖြင့်ကြည့်နေမိတယ်။
ဒီလူနှစ်ယောက်ကသူမအတွက်စစ်ခင်းနေကြတာလား?
နားမလည်တော့ဘူး။

"ခ-လေးကိုမင်းလက်ထဲ ထည့်မပေးနိုင်ဘူး နေမခ!!!
သူမကငါ့ကိုချစ်သလိုငါလည်းသူမကိုချစ်တယ်
အဲ့တော့ မင်းအလိုက်တသိထွက်သွားရင်
ကောင်းမယ်...မင်း ထွက်မသွားလည်းငါက
ခ-လေးကိုမင်းလက်ထဲထည့်မပေးနိုင်ဘူး
သူမကိုငါပိုင်တယ်......"

စက် နေမခရဲ့မျက်လုံးနီတွေအားကြည့်ရင်းပြောလိုက်သည်။ခ-လေးကို ထပ်ပြီးတော့သူ အဆုံးရှုံးမခံနိုင်ဘူး......
ဘယ်လိုအန္တရာယ်ပဲဖြစ်ဖြစ်သူ ကျော်ဖြတ်ပြီး
ခ-လေးကိုပိုင်ဆိုင်ဖို့လုပ်ရမယ်......မင်းကို
ကိုယ့်ကြောင့် မျက်ရည်မကျစေရပါဘူး ခ-လေး

"ဒါမယ့်...အတာကကျွန်တော်နှင့်လက်ထပ်မယ်လို့
ကတိပေးထားပြီးသား...အတာကမကြာခင်မှာ
ကျွန်တော့်ဇနီးဖြစ်လာမှာ..."

💥 အမုန်းတော်ခံ သတို့သမီး 💥 { Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ