Part - 29

2.6K 41 0
                                    

💥 အမုန်းတော်ခံ သတို့သမီး 💥

[ အပိုင်း - ၂၉ ]

''တေးဆက်!!''

စိုးရိမ်ပူပန်တဲ့အသံလေးနှင့်အတူအခန်းထဲ
ပြေးဝင်လာသည့် တိုက်....ကြမ်းပြင်က
သွေးများစွာကြောင့်သူ့အကြည့်တွေက 'မ'တို့
ညီအစ်မဆီရောက်သွားကာ တေးဆက်ခြေဖဝါးက
သွေးတွေကိုမြင်လိုက်ရတော့ အလျှင်အမြန်ပင်
သူမတို့အနားကိုပြေးသွားလိုက်သည်။

'မ'မျက်နှာကပြုံးပျော်နေသလောက်
တေးဆက်မျက်နှာက ငိုထားမှန်းသိသာနေသဖြင့်
စိုးရိမ်တကြီးသူမတို့အနားကိုသွားကာ

''ဘာဖြစ်တာလဲ တေးဆက်!!ခြေထောက်မှာလည်း
သွေးတွေနဲ့....ဆရာဝန်ကိုသွားပြရအောင်''

တိုက်က ကုတင်ပေါ်မှတေးဆက်ခန္ဓာကိုယ်ကို
ပွေ့ချီဖို့လုပ်နေတုန်းအကြင်နာကင်းမဲ့သော
ကြွေရဲ့အေးစက်စက်အသံကပေါ်လာသည်။

''လိုက်ပို့စရာမလိုပါဘူး သူ့ဘာသာ
သွားနိုင်ပါတယ်''

'မ' ရဲ့ခက်ထန်ထန်စကားကြောင့်တေးဆက်မျက်နှာ
ငြိုးကျသွားပြီးကုတင်ပေါ်ကဆင်းဖို့
ခြေထောက်ထောက်နေတာက
မနည်းအားယူနေရမှန်းသိသာသည်။
သွားဖို့ပြင်သော်လည်း'မ'ရဲ့လက်က
သူ့လက်ကိုဆွဲထားတာကြောင့်သွားခွင့်မရခဲ့။

''တေးဆက်....ကိုယ်....''

''အသက် သွားနိုင်ပါတယ် ကိုတိုက်''

သူ လိုက်ပို့ပေးမယ်လို့ပြောဖို့ကြံနေပေမယ့်
စကားဖြတ်ပြောလိုက်သောတေးဆက်ကြောင့်
သူ 'မ'ကိုတစ်လှည့် တေးဆက်ကိုတစ်လှည့်
ကြည့်နေမိသည်။

ယိုင်လဲလုလုခြေထောက်အား....တင်းခံ၍
အသက် ထလာခဲ့ပြီးဖိနပ်ကိုယူကာ
အခန်းထဲမှထွက်လာခဲ့သည်။

သူမ သွားခဲ့တဲ့ခြေရာတစ်လျှောက်တွင်
သွေးကွက်တွေများစွာကျန်ခဲ့ပြီး
ကြမ်းပြင်အဖြူရောင်ကအနီရောင်ပင်
ပြောင်းလုနီးပါးဖြစ်နေလေသည်။
ရက်စက်လွန်းသော မမကိုအပြစ်မတင်ပဲ
အတတ်နိုင်ဆုံး ပြုံးထားတဲ့အသက်....
သူမဘယ်လောက်နာကျင်ရမလဲ

ခြေထောက်....ထောက်လိုက်တိုင်းတဆစ်ဆစ်
ကိုက်ခဲနာကျင်လွန်းတာကိုအံတုကြိတ်ခံ၍
အခန်းအပြင်ဘက်ကိုအားတင်းကာ
လျှောက်လာခဲ့သည်။အပြင်ဘက်ရောက်ချိန်၌
အသက် ခန္ဓာကိုယ်ကအရုပ်ကြိုးပြတ်
လဲကျသွားကာ ပြန်ထဖို့အားတွေမရှိတော့။

💥 အမုန်းတော်ခံ သတို့သမီး 💥 { Completed)حيث تعيش القصص. اكتشف الآن