Part - 17

2.6K 33 1
                                    

💥 အမုန်းတော်ခံ သတို့သမီး 💥

[ အပိုင်း - ၁၇ ]

''အား!!''

လက်ထဲမှယိုးတိုးယွတအရာကြောင့်
အသက် ထိပ်လန့်တကြားနဲ့ အော်ရင်း
ကြောက်အားကြီးစွာဖြင့်ဘေးနားတွင်
မတ်တပ်ရပ်နေသောကိုကို့အပေါ်အား
ခုန်တက်မိတော့သည်။

မဏ္ဍိုင်လည်း ရုတ်ချည်းဆိုသလိုသူ့အပေါ်
ကြောက်ကြောက်လန့်လန့်ဖြင့်သူမက
ခုန်တက်လာတာကြောင့်ချော်ကျသွားမည်
စိုးသဖြင့်မြန်မြန်ချီထားလိုက်ရသည်။
တော်ကြာကျသွားလို့ခေါင်းပေါက်သွားရင်
သူ့ကိုမားကမပြီးနိုင်မစီးနိုင်ပအပြစ်ပြောအုံးမှာကို
ကြိုသိနေလို့ချီလိုက်တာ.....

''ပိုးဟပ်!!.....ပိုးဟပ်ကြီး!!''

အသက် အရမ်းကြောက်လွန်းလို့ကိုယ်လေးက
တုန်တက်နေကာကိုကို့လည်တိုင်အား
တင်းတင်းကျပ်ကျပ်ဖက်မိတော့သည်။
တခြားအရာတွေကိုမကြောက်ပေမယ့်
ပိုးဟပ်ကတော့သူမအသေကြောက်ပါတယ်

သူ့လည်ပင်းကိုလက်နှစ်ဖက်ဖြင့်
လွင့်ထွက်တော့မည်အလားဖက်ထားတဲ့
သူမကြောင့်မဏ္ဍိုင် လည်စေ့တောက်လာသည်။
ဘယ်လောက်တောင် ကြောက်သွားလဲမသိ
သူချီထားသောခန္ဓာကိုယ်သေးသေးလေးက
တဆပ်ဆပ်တုန်ရီနေတာသိသာသည်။

''အဟက်!!....မင်းကပိုးဟပ်ကြောက်တာလား''

မဏ္ဍိုင် လှောင်သလိုကျေနပ်သလိုလိုနဲ့
ပါးတစ်ဖက်ကိုသာမဲ့ပြုံး ပြုံးရင်းပြောလိုက်သည်။

''အင်း.....အသက် ပိုးဟပ်ကိုအရမ်းကြောက်တာ''

အသက် ကြောက်ရွံ့တုန်လှုပ်နေတဲ့
အသံလေးဖြင့်ကိုကို့ကျောပြင်အား
ဖက်တွက်၍ပြောလိုက်သည်။

''ပိုးဟပ်မရှိတော့ဘူး ငါ့အပေါ်ကဆင်းတော့''

''ဟင့်အင်း.......ဆင်းဘူး ပြန်ရောက်လာရင်
ဘယ်လိုလုပ်မလဲ.....''

သေလိုက်ပါတော့!!....ငါကသူမကြောက်အောင်
တမင်လုပ်လိုက်တာ....အခုသူမကြောက်တာက
သူပါအဆစ်ပါပြီးလက်ပေါ်ကချရင်ရှိုက်သံပါအောင်
ငိုတတ်တဲ့ကလေးကိုမငိုအောင်ချီထားနေရသလိုမျိုး
ဖြစ်နေတော့သည်။ဟင်း.....ငါပဲမှားပါတယ်

💥 အမုန်းတော်ခံ သတို့သမီး 💥 { Completed)Où les histoires vivent. Découvrez maintenant