1 🎋💖

889 95 13
                                    

အဝေးပြေး ကားဂိတ်မှ ငှား၍ စီးလာသော တက္ကစီ က အိမ်တစ်အိမ်ရှေ့အရောက်တွင် သိမ့်ကနဲ ရပ်သွားလေသည်။ ကားရပ်သွားတာကြောင့် ပန်းမြတ်မဉ္ဇူ အိမ်ကြီးဆီသို့ တစ်ချက် ကဲကြည့်လိုက်သည်။

အိမ် အပေါ်ထပ်ရော၊ အောက်ထပ်ရော ပျဉ်ပြားများကိုသာ ကာထားသော ထိုအိမ်ကြီးက ရေနံများဝနေ၍ ထင်သည်။ တစ်အိမ်လုံး မဲမှောင်နေလေသည်။

ခြံမှာလည်း အတော်ကျယ်ပြီး ခြံထဲမှာရော၊ ပတ်ပတ်လည်မှာပါ အပင်ကြီးတွေဖြင့် အုံ့အုံ့ဆိုင်းဆိုင်း။ အပြင်က ကြည့်ရသလောက်တော့ သရက်ပင်၊ မန်ကျည်းပင်၊ ပိန္နဲပင်၊ ယင်းမာပင်၊ မာလကာပင် တို့ ရှိသည်။

သူမ ကားပေါ်က ဆင်းလိုက်တော့ ဒရိုက်ဘာက အထုတ်တွေ ကူချပေးသည်။ နှုတ်မှလည်း ဘာတွေမှန်းမသိ တတွတ်တွတ် ရွတ်နေသေးသည်။ ပြီးတော့ သူ့ပုံစံက အလျှင်လိုနေဟန်တူသည်။ မြန်မြန်ဆန်ဆန်ပင်။

"ရှင် ဘာဖြစ်နေသလဲ"

ဒရိုက်ဘာက မဉ္ဇူကို စကားပြန်မပြောနိုင်။ မဉ္ဇူ ပါလာသော အထုတ်များကိုသာ ခပ်သွက်သွက် ချနေသည်။ အထုတ်တွေကို ချလို့ပြီးတော့ မဉ္ဇူ အနားကို လာရပ်လေသည်။

"ကားခ ဘယ်လောက်လဲ ရှင်ဘာဖြစ်လို့ အဲ့လောက် အလျှင်လိုနေရသလဲ"

"ကားခ ၃၅၀၀ ပဲ ပေးပါ"

မဉ္ဇူ ပိုက်ဆံ ၅၀၀၀ တန် တစ်ရွက် ထုတ်ပေးလိုက်တော့ သူက ကားထဲကို ကမန်းကတန်း ပြေးဝင်ပြီး အမ်းငွေ ၁၅၀၀ ကို လာပေးသည်။ ပြီးတော့မှ

"အစ်မ လည်း သတိနဲ့နေပေါ့ဗျာ ဒီအိမ်ကြီးက အတော်ကြမ်းလို့ ဘယ်သူမှ မနေရဲ့တာကြာပြီ၊ ညဘက်ဆို ဖြတ်တောင် မသွားရဲကြဘူး"

"ဟင်"

"ကျွန်တော် သွားပြီ"

"အင်း အင်း"

ထို လူပြောမှ မဉ္ဇူ အိမ်ကြီးကို သေချာကြည့်ရပြန်သည်။ စိတ်က သိသွား၍ လားမသိ။ အခုမှ ကြောက်စိတ်က ပေါ်လာသည်။

ရောက်လာပြီးမှတော့ မထူးတော့ပြီ ဟူသော မျက်နှာအမူအယာဖြင့် လက်နှစ်ဖက်ကို ကိုယ့်ကိုယ့်ကိုယ် ပွေ့ဖက်သည့် ဟန်လုပ်လိုက်ပြီးမှ ပိုက်ဆံအိတ်ထဲက ခြံသော့ကို ထုတ်ကာ ခြံတံခါးကို ဖွင့်သည်။

အရင်လို ဘဝမျိုး ရောက်ချင်တယ် 🍂💓Where stories live. Discover now