တစ်နေ့ တစ်နေ့ အလုပ်သွား၊ အလုပ်ကပြန်လာ၊ မီးဖိုချောင်ဝင်၊ ခြံထဲ ခဏဆင်း၍ လေညှင်းခံ၊ အရင်ကတည်းက ဝယ်စုထားတဲ့ စာအုပ်ကလေးတွေ ပြန်ဖတ် နှင့်ပင် ဒီ အိမ်မှာ နေတာ တစ်ပတ်ပြည့်လေပြီ။
"သရဲမ ချမှတ်ထားတဲ့ စည်းကမ်းချက် အရ တစ်ပတ်ပြည့်၍ သူ့ကို အမဲသား တစ်ခါ ကျွေးရမည် ဖြစ်သည်။ ထို့ကြောင့် အလုပ်ကအပြန် ဈေးထဲဝင်ပြီး အမဲသား တစ်ပိဿဝယ်၍ ပြန်လာခဲ့တော့သည်။
ထူးဆန်းသည်က ဒီတစ်ပတ်လုံး သရဲမ တစ်ခါလေးတောင် ပေါ်မလာတာပင်။ သူ့ကို "ဟုတ်ကဲ့" ချည်း ပြောနေ၍ စိတ်တိုသွားပြီးကတည်းက ပေါ်မလာတော့။ သူမရှိတော့လည်း မဉ္ဇူမှာ ပျင်းသလိုလို။
"သရဲမရေ၊ အယ် မှားလို့ နှင်းဆီ ကိုကိုရေ၊ ဒီမှာ ရှင့်ဖို့ အမဲသားပါတယ်"
ဧည့်ခန်းထဲက ကြိမ်ကုလားထိုင်ပေါ်တွင် အတော်ကြာ ထိုင်စောင့်နေသော်လည်း သရဲမက ထွက်မလာ။ ရှိများ ရှိသေးရဲ့လား ဟုပင် တွေးမိသည်။
"ရှင် မရှိတော့ဘူးလား ကျွတ်လွတ်သွားတာလား ကိုကို"
ဟု ခပ်တိုးတိုး ရွတ်ဆိုလိုက်မှ မဉ္ဇူအရှေ့တည့်တည့်က စားပွဲပေါ် အမဲသားထုတ်၏ ဘေးတွင် ငုတ်တုတ်ကြီး ထိုင်လျက် ပေါ်လာလေသည်။ မိတ်ကပ် ဖွေးဖွေးတွေ ဖြင့်ပြည့်နေပြီး မျက်ကွင်းတွေ ညိုနေသော မျက်နှာဖြင့် သွားဝါဝါကြီးတွေပေါ်အောင် ရယ်ပြနေသည်မို့ မဉ္ဇူ အတော်လေးပင် လန့်သွားရသည်။
"အမေရေ"
ဟု အော်ကာ မျက်လုံးများရှေ့တွင် လက်ကို ကာထားမိသည်။
"ငါ့ ပုံစံ အမှန်ကို ပြလိုက်လို့ ဒီနားတင် အသက်ထွက်သွားမယ်၊ အပိုတွေ လုပ်မနေနဲ့ လက်ကိုဖယ်"
သရဲမ အသံ ခပ်ဩဩကြီးကို ကြားလိုက်ရတာမို့ လက်ကို ဖြည်းဖြည်းချင်း ဖယ်ကာ ကြည့်လိုက်တော့သည်။
"ရှင် ရှင်က လာ ရယ်ပြနေတာကို"
"ငါ့ကို ကိုကိုလို့ ကောင်းကောင်းမွန်မွန်ခေါ်ပြီး အစားကျွေးတာ ငါက ရယ်မပြဘဲ ငိုပြရမှာလား"
"မ မဟုတ်ပါဘူး ရှင် စားတော့လေ ကျွန်မ ရေသွားချိုးဦးမယ်"
အမဲသား ထုပ်ကို သရဲမရှေ့ တွန်းပေးကာ ပိုက်ဆံအိတ်ကို ဆွဲလျက် ထိုင်နေရာမှ ထလာခဲ့သည်။ မဉ္ဇူ ခြေလှမ်း ၄ လှမ်းလောက် လှမ်းပြီးတော့ သရဲမရဲ့ အသံကြီးကို ကြားရပြန်သည်။
YOU ARE READING
အရင်လို ဘဝမျိုး ရောက်ချင်တယ် 🍂💓
Horror(Unicode) လွှာ့ စိတ်ကူးထဲမှာ ပေါ်လာတာလေးကို ချရေးတာ ဖြစ်လို့ တစ်စုံတစ်ရာ တူညီမှုရှိခဲ့သော် တိုက်ဆိုင်မှုသာ ဖြစ်ပါလိမ့်မည်။ 😊🤍 #Hlwar_1979 🍇💜 (Zawgyi) လွှာ့ စိတ်ကူးထဲမှာ ပေါ်လာတာလေးကို ချရေးတာ ဖြစ်လို့ တစ်စုံတစ်ရာ တူညီမှုရှိခဲ့သော် တိုက်ဆိုင်မှုသာ ဖြ...