"ငါ ဗိုက်ဆာတယ်"
ပစ္စည်းတွေကို နေရာချနေသော မဉ္ဇူ အနားသို့ ဘယ်ကနေ ဘယ်လို ရောက်လာမှန်းမသိသော သရဲမ။ နောက်ကျောဘက်ဆီမှ ရုတ်တရတ် ကြားလိုက်ရသော အသံ ဩဩ ကြီးကြောင့် မဉ္ဇူ လန့်သွားသည်မှာတော့ အမှန်။
"မဉ္ဇူ ဘာလုပ်ပေးရမလဲ"
"အသား စားချင်တယ်"
အဲ့ဒါမှ ခက်ပြီ။ မဉ္ဇူတွင် ဟင်းဆို၍ ရွာက ကြော်လာသည့် ငါးခြောက်ကြော် သာရှိသည်။ ပစ္စည်းတွေက နေရာချ နေတုန်းမို့ ထမင်းချက်ဖို့ကလည်း အခက်။
"မဉ္ဇူမှာ အသားမှမပါဘဲ၊ ဩော် ရွာက ကိုယ်တိုင်ကျော်လာတဲ့ ငါးခြောက် ငရုတ်သီးကြော်လေးတော့ ပါတယ် စားမလားဟင်"
သရဲမက မျက်လုံး စိမ်းစိမ်းကြီးတွေ ဖြင့် စိုက်ကြည့်ကာ
"ငါက အဲ့လို ဟာ စားရမှာလား၊ အမဲသား သွားဝယ်ပေးစမ်း"
မြို့နှင့် မဉ္ဇူတို့ရွာက ၁၀ မိုင်လောက်သာ ဝေးသည်မို့ နေ့ချင်းပြန် ရုံးတက်ခဲ့ရသည်။ တစ်ခါတစ်လေ ဟို မိထွေးက ဈေးကုန်တွေ ဘာတွေ မှာလျှင် ဝင်ဝယ်ပေးနေကြမို့ ဈေး၏ တည်နေရာကို သိသည်။ ဈေးက တစ်နေကုန် ဈေးမို့ အခုချိန် သွားဝယ်လဲ အဆင်ပြေပါသည်။
"ဒါပေမယ့် မဉ္ဇူ ပစ္စည်းတွေနေရာ ချနေတာလေ"
"ငါ လုပ်ထားလိုက်မယ် နင်သွားဝယ်မှာသာ သွားဝယ်"
"ဟုတ်ကဲ့ သွားဝယ်ပေးပါ့မယ် ခဏတော့စောင့်နော်"
မဉ္ဇူ ပိုက်ဆံအိတ်ကလေးကို လွယ်ကာ လမ်းလျှောက်ပြီး ထွက်လာခဲ့တော့သည်။ ဈေးအဝင် ဝကို ရောက်တော့ ဈေးကုန်မှာတတ်တဲ့ မိထွေးကိုတောင် မဆီမဆိုင် သွားသတိရမိသေးသည်။
သူ့သမီးနှင့် ပတ်သတ်လာလျှင် အနိုင်ကျင့် တတ်သည်မှလွဲ၍ ကျန်တဲ့ နေရာတွေမှာ ခပ်ကောင်းကောင်း။ သူ့သမီး မရှိချိန်တုန်းက မဉ္ဇူ တက္ကသိုလ် တက်ဖို့ ထောက်ပံ့ပေးပြီး အနည်းငယ် နွေးထွေးပေးခဲ့တာမို့ သူ့ကိုပင် မဉ္ဇူ သံယောဇဉ် ရှိသလိုလို။
သိပ် ချမ်းသာသည်ဟု မဆိုနိုင်သော်လည်း မရှိဆင်းရဲ သည့်ထဲ၌ မပါသောကြောင့် လားမသိ မဉ္ဇူ၏ ကိုယ်ပိုင် ပိုက်ဆံကို သူလုံးဝ လာမထိခဲ့။
ESTÁS LEYENDO
အရင်လို ဘဝမျိုး ရောက်ချင်တယ် 🍂💓
Terror(Unicode) လွှာ့ စိတ်ကူးထဲမှာ ပေါ်လာတာလေးကို ချရေးတာ ဖြစ်လို့ တစ်စုံတစ်ရာ တူညီမှုရှိခဲ့သော် တိုက်ဆိုင်မှုသာ ဖြစ်ပါလိမ့်မည်။ 😊🤍 #Hlwar_1979 🍇💜 (Zawgyi) လွှာ့ စိတ်ကူးထဲမှာ ပေါ်လာတာလေးကို ချရေးတာ ဖြစ်လို့ တစ်စုံတစ်ရာ တူညီမှုရှိခဲ့သော် တိုက်ဆိုင်မှုသာ ဖြ...