9 🎋💖

1K 90 25
                                    

"ငါ နင့်ကို ချစ်တယ်"

"ငါ နင့်ကို ချစ်တယ်"

"ငါ နင့်ကို ချစ်တယ်"

နားထဲတွင် ပဲ့တင်ထပ်နေသော စကားများ။ အိပ်ရာပေါ်မှာ ပက်လက် အနေအထားဖြင့် လှဲနေသော မဉ္ဇူ သူမ ခေါင်းကိုသာ တွင်တွင်ခါရမ်းမိသည်။

"ငါတို့က ဘဝခြားနေတာလေ၊ သူက မဖြစ်နိုင်တာတွေ ပြောတာပဲ"

"ငါနင့်ဆီကို လူသား တစ်ယောက်အနေနဲ့ ပြန်လာခဲ့မယ် ဆိုရင်ရော"

ဘယ်အချိန်ကတည်းက ရောက်နေမှန်း မသိသည့် သရဲမ။ ကုတင်ဘေးက စားပွဲပေါ်တွင် ခြေကိုချလျက် ထိုင်၍ အသံထွက်လာလေသည်။

"ရှင် ရောက်နေတာပဲ"

"နင် ဒီ ခြံထဲမှာ ရှိနေတဲ့အချိန်တိုင်း ငါနင့်အနားမှာ အမြဲရှိတယ်"

"ဟုတ်ပါပြီ"

"ပြောလေ၊ ငါက လူသားတစ်ယောက် အနေနဲ့ ပြန်လာရင်ရော လက်ခံမှာလားလို့"

"အဲ့စကားကို ထပ်မပြောနဲ့လို့ ကျွန်မ ရှင့်ကို ပြောထားတယ်မဟုတ်လား"

သရဲမက ခေါင်းငိုက်စိုက်ချပြီး ရုတ်တရတ် ပျောက်သွားလေသည်။

"ရှင် ဘာဖြစ်ချင်နေတာလဲကို နားမလည်နိုင်ဘူး၊ မဖြစ်နိုင်တာကိုပဲ ဇွတ်ပြောနေတာ"

မဉ္ဇူ ခပ်တိုးတိုးလေး ညည်းတွားရင်း အိပ်လိုက်တော့သည်။

နောက်တစ်နေ့မနက်။ တနင်္ဂနွေ ဖြစ်၍ ရုံးသွားရန် မလိုတာကြောင့် ဈေးထဲမှာ ဟင်းချက်စရာ အနည်းငယ် ဝယ်ပြီး မိထွေးဆီ ခဏ ပြန်မယ် ဟုတွေးလိုက်မိသည်။ အိပ်ရာ စောစောထ၊ ရေ ချိုးပြီး ဈေးထဲသို့ ထွက်လာခဲ့တော့သည်။

ဝယ်စရာရှိတာများ ဝယ်ပြီး အိမ်ကို ခဏ ပြန်လာတော့ သရဲမက အိမ်ရှေ့ ပိန္နဲပင် ပေါ်တွင် ခြေချကာ ထိုင်နေလေသည်။

"နင် အမြဲတမ်း အဲ့လို ပြန်လာခဲ့ပေးပါ"

"မဉ္ဇူ ဈေးခဏ သွားရုံပါ"

မဉ္ဇူ အိမ်ထဲကို ဝင်လာတော့ သရဲမလည်း အတူတူ လိုက်ဝင်လာခဲ့သည်။

"ဩော် မေ့လို့၊ ဒီနေ့ ကျွန်မ ရွာခဏ ပြန်ဦးမယ်"

"နင် အရင် ပိတ်ရက်တွေက မပြန်ပါဘူး၊ အခုမှ ဘာလို့ပြန်ချင်တာလဲ ငါ့ကြောင့်လား"

အရင်လို ဘဝမျိုး ရောက်ချင်တယ် 🍂💓Tempat cerita menjadi hidup. Temukan sekarang