7 🎋💖

670 86 4
                                    

တစ်ပတ်စာဝယ်၍ ရေခဲ သေတ္တာ ထဲထည့်ထားသော အသားနှင့် အသီးအရွက်များကို ထုတ်၍ ချက်ပြုတ်ပြီး ရုံးယူသွားရန် အတွက် ထည့်သိုသည်။ ပြီးတော့ အဝတ်အစားလဲကာ ပိုက်ဆံအိတ်ကို လွယ်လျက် အောက်သို့ ပြန်ဆင်းလာသည်။

မီးဖိုထဲသို့ သွား၍ ထမင်းချိုင့် ခြင်းကို ယူကာ အိမ်ရှေ့သို့ ထွက်လာခဲ့တော့သည်။ သရဲမက နောက်ကနေ တကောက်ကောက်လိုက်၍ ကြည့်နေတာမို့ သူ့ကိုလည်း စကားလှည့်ပြောရသေးသည်။

"မဉ္ဇူ သွားတော့မယ်နော် ကိုကို၊ ညနေပြန်လာရင် မနေ့ကလို မ စ နဲ့နော်၊ ကောင်းကောင်းနေခဲ့၊ ကြက်ကြော်ဝယ်ခဲ့မယ်"

"မနေ့ကလို နောက်မကျနဲ့နော် ငါ ပျင်းတယ်"

မဉ္ဇူ ခြံထဲက ထွက်တော့ သရဲမက ခြံဝ၌ပင် ရပ်နေခဲ့သည်။ သူ့ပိုင်နက်ကို ကျော်ပြီး ထွက်လို့မရ။

"ဟုတ်ပြီ ဟုတ်ပြီ မဉ္ဇူ သွားပြီနော်"

"တာ့တာ"

ကြောက်စရာ မျက်နှာကြီးမှာ မျက်နှာငယ်လေးဖြင့် ကျန်နေခဲ့သည်။ မဉ္ဇူ မရှိလျှင် သူမ ပျင်းသည်တဲ့။ မဉ္ဇူ မရှိခဲ့တဲ့ အရင် ၂ နှစ်ကျော်ကာလ အတွင်း သူမ ဘယ်လို နေခဲ့သလဲမသိ။

မဉ္ဇူလည်း လမ်းကို ခပ်မြန်မြန် လျှောက်လာခဲ့သည်။ ဒီနေ့ သူဌေးအသစ် ရုံးတက်မည် ဖြစ်သဖြင့် နောက်ကျနေလျှင် အဆင်မပြေ။

"ပန်း လေး"

ရုံးနောက်ကျမည်စိုး၍ အမြန်သွားနေသည့် မဉ္ဇူကို နောက်မှ ဆုမွန်နှင်းက လှမ်းခေါ်တော့သည်။ မဉ္ဇူလည်း အားနာ၍ လှည့်ကြည့်လ်က္ ပြုံးပြကာ ထူးလိုက်ရသည်။

"ဟုတ်ကဲ့ အစ်မ"

ဆုမွန်က လူငယ်ပီပီ ဂျင်းဘောင်းဘီနှင့် တီရှပ်ကို ဝတ်ထားလေသည်။ ဆံပင်ကိုလည်း စုစည်း ထားပြီး ရှေ့ဆံပင်လေးတွေကို ဘေးတစ်ဖက်ဆီမှာ ကပိုကရို ချထားသည်။ နှုတ်ခမ်းနီ မရဲတရဲလေးကို ဆိုးထားပြီး မိတ်ကပ် ပါးပါးလေး လိမ်းထားသော ဆုမွန် မျက်နှာက ကျော့ရှင်းလို့ နေသည်။

"ပန်း ရုံးသွားမလို့လား အစ်မလည်း မြို့ထဲ သွားရာရှိလို့ အတူတူ သွားမယ်လေ"

အရင်လို ဘဝမျိုး ရောက်ချင်တယ် 🍂💓Where stories live. Discover now