Part 1

318 27 36
                                    

          ထိုနေ့က မိုးတွေသည်းသည်းမည်းမည်း ရွာနေခဲ့တာလေ...

          တဖြေးဖြေး မိုးရေတွေကြား နေရာလုလာတဲ့ နီရဲရဲ သွေးစက်တွေ...

          ထိုနေရာမှာ ဝိုင်းရံလာတဲ့ လူတွေရဲ့ ရှပ်ယှက်ခတ်နေတဲ့ ခြေထောက်တွေကြား သူ့ခြေလှမ်းတွေ ယိုင်နဲ့လာရတယ်

"ငယ်ငယ်လေးရှိသေးတာပါဟယ်"

"သနားဖို့ကောင်းလိုက်တာ"

"အသက်အန္တရာယ်မရှိပါစေနဲ့လို့ ဆုတောင်းရတော့မှာပဲ"

          သူ့ဘေးကနေ ဖြတ်သွားတဲ့ အမျိူးသမီးနှစ်ယောက်ရဲ့ စကားက သူ့အာရုံထဲ နက်ရှိုင်းစွာ တိုးဝင်လာတယ်

          သွေးထွက်သံယိုတွေကို မုန်းပေမဲ့ တစ်စုံတစ်ရာက သူ့ကို ထိုနေရာဆီ သွားဖို့ တွန်းအားပေးနေခဲ့တယ်

          သူ့စိတ်သူတောင် မပိုင်တော့သလို ခံစားချက်မျိုးနဲ့ စိတ်ထဲက ငြင်းဆန်နေမိတာတောင် ခြေလှမ်းတွေက ထိုနေရာဆီ ဦးတည်နေခဲ့ပြီ

          တဖြေးဖြေး ပိုများလာတဲ့ လူအုပ်ကြားထဲ အတင်းတိုးဝင်ကြည့်လိုက်တော့...

"ဘာ...ဘာတွေလဲ"

          မယုံကြည်နိုင်စွာနဲ့ မိုးရေတွေ ရွှဲနေတဲ့ သူ့မျက်နှာကို လက်နဲ့ ခပ်ကြမ်းကြမ်း သပ်ချလိုက်တယ်

          သွေးအိုင်ထဲ လဲနေတဲ့ ပုံရိပ်ကို ကြည့်ပြီး မယုံနိုင်စွာနဲ့ ကိုယ့်မျက်နှာကို လက်နဲ့စမ်းလိုက်တယ်

          ဘာလို့...ဘာလို့ သွေးအိုင်ထဲ ရှိနေတဲ့လူက သူမျက်နှာနဲ့ တထပ်ထဲဖြစ်နေရတာလဲ

          အဲ့ဒီလူက ဘယ်သူလဲ

          သူကရော ဘာလို့ ဒီမှာ ရှိနေတာလဲ

          စိတ်ထဲကနေ အဖြေမရှိတဲ့ မေးခွန်းများစွာကို မေးရင်း ရင်ဘတ်ကို လက်နဲ့ ဆုပ်ကိုင်လိုက်တယ်

          ဘာလို့လဲ ဘာလို့ သူ့နှလုံးခုန်သံကို မကြားရတော့တာလဲ

          သူ့ခြေလှမ်းတွေ အားယုတ်လာကာ မြေပြင်ပေါ် ပစ်လဲကျသွားပြီး သူ့မျက်လုံးတွေကို အဝါရောင် အလင်းတန်းတစ်ချို့က ဝင်ရောက် ပိတ်ဆို့လာပြီး အေးစက်နေတဲ့ လောကကြီးထဲ လုံးလုံးလျားလျား ကျရောက်သွားခဲ့တယ်
_______________________________________

Someone To YouWhere stories live. Discover now