"Doyoung နားလိုက်ဦး Hyung တစ်လှည့်စောင့်ပေးမယ်"
"ရတယ် Hyung, ကျွန်တော်မရှိတုန်း သူနိုးလာမှာစိုးလို့"
"Hyung ရှိနေမှာပဲ"
"သူ့အကြောင်း ကျွန်တော့်လောက် Hyung က မသိနိုင်ဘူးလေ"
Haruto နဲ့ ပိုနီးကပ်ပြီး နေခဲ့ရလို့ Haruto အကြောင်း သူ ပိုသိပါတယ်ဆိုပြီး မာန်တက်ပြနေတဲ့ ကလေးကို ကြည့်ရင်း Yedam အသဲယားစွာ ခေါင်းလုံးလုံးလေးကို ပုတ်လိုက်တယ်
"သဘောပဲ ဒါဆိုလဲ...Hyung ပါမောက္ခနဲ့ သွားတွေ့ဦးမယ် သူ နိုးလာရင် Hyung ကို လာခေါ်နော်"
"Nae~"
Yedam ထွက်သွားတာနဲ့ Doyoung ကုတင်ပေါ် အိပ်ပျော်နေတဲ့ Haruto ကို ငေးရင်း အောက်လျှောကျနေတဲ့ စောင်ကို ရင်ဘတ်ထိ ပြန်ဆွဲခြုံပေးလိုက်တယ်
ပြီးတော့ ခုံတန်းလျားမှာ ထိုင်ပြီး ခဏ အိပ်ဖို့ စဥ်းစားလိုက်တယ်
သူ ခုံတန်းမှာ လှဲပြီး အိပ်မပျော်ခင်လေးမှာ Haruto ဆီက ညည်းသံတိုးတိုးလေး ကြားလိုက်တာမို့ စောင်ကိုဆွဲဖယ်ပြီး ကုတင်ဆီ ပြေးသွားလိုက်တယ်
"Ruto...Ruto! Haruto နိုးလာပြီလား ငါ...ငါ့ကို မှတ်မိလား ဟမ်? ငါ Doyoung လေ"
သူ မျက်လုံးတွေက အမှောင်ဖုံးနေကာ လေးလံနေပြီး ဘာမှသေချာမမြင်ရပေမဲ့ သူ Doyoung ရဲ့ အသံကို ကောင်းကောင်း ကြားနေရတယ်
မျက်နှာကြက်က အလင်းရောင်ကို ကျင့်သားရအောင် အချိိန်ခနယူလိုက်ပြီး အမြင်အာရုံတွေကို အာရုံစိုက်တော့ သူ့သူငယ်ချင်းဖြစ်တဲ့ Doyoung ရဲ့ မျက်နှာလုံးလုံးလေးကို မြင်လိုက်ရသည်
"မှတ်မိလား မှတ်မိတယ်မလား ငါ့ကို..."
"အင်း~ Doyoung"
Doyoung ရဲ့ စိုးရိမ်တကြီး အသံကိုကြားမှ သူ မသေသေးဘူးဆိုတာ သိရပြီး စိတ်အေးရတော့တယ်
"လူဆိုးကောင်ရဲ့ မေးနေတာဖြေဦးဟ ဒီမှာ အသက်ထွက်တော့မယ်"
ဒီယုန်ပေါက်ကတော့...
သူ့ကို Doyoung လို့ ခေါ်လိုက်တာတောင် မကြားလိုက်ဘူးလား မသိ။
YOU ARE READING
Someone To You
FanfictionHaruto × Jeongwoo (Fic Cover is not my own creation. It'# from pinterest)