Part . 3

90 23 6
                                    

           ဒီနေ့ Haruto ဆေးရုံတက်တာသုံးရက်မြောက်တဲ့နေ့...

          ဆေးသွင်းပြီးရင် ပြန်လို့ရတယ် ပြောပေမဲ့ Yedam Hyung က ခေါင်းကို ထိသွားတာမို့ စိတ်ပူပြီး ဆေးရုံထပ်တက်ခိုင်းတာမို့ သုံးရက်ကြာသွားခဲ့တယ်

          ဒီနေ့တော့ Yedam Hyung ကို မရမက အပူကပ် တောင်းဆိုထားတဲ့အတွက် အိမ်ပြန်ခွင့်ရပြီ

          Company မှာ CEO ဖြစ်တဲ့အလျောက် ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ ပတ်သတ်ရင်တော့ MD ဖြစ်တဲ့ Yedam Hyung ကို သူ့မှာ ကျော်လွှားနိုင်တဲ့ အာဏာမရှိဘူး

          Yedam Hyung ရဲ့ လုပ်ရပ်တိုင်းက သူ့အတွက်ဆိုတာ သိနေတာမို့ သူလဲ စိတ်ထင်ရာ ဇွတ်မလုပ်ခဲ့ဖူးဘူးလေ

          အခုလဲ Yedam Hyung ကို Company သွားပြီး Doyoung က ဆေးရုံဆင်းဖို့ ဆရာဝန်ကြီးတွေနဲ့ တိုင်ပင်နေတာမို့ ဆေးရုံခန်းထဲ သူ တစ်ယောက်ထဲ ရှိနေမိတယ်

          တဖြေးဖြေး ပျင်းသလိုရှိလာတာမို့ သူလဲ ဆေးရုံဝန်းကျင်ကို ခဏ လမ်းထွက်လျှောက်ဖို့ ဆုံးဖြတ်လိုက်တယ်

          သူ အပြင်ထွက်ကာ ဘယ်ကိုဆိုတဲ့ ဦးတည်ချက်မရှိ လျှောက်လာရင်း ဆေးရုံအနောက်ဘက်ကို ရောက်လာခဲ့တယ်

          သွားရင်းသွားရင်းက လူတွေ စုပြုံနေတဲ့ နေရာတစ်ခုကို တွေ့တာမို့ စပ်စုချင်စိတ်ကြောင့် အနားကပ်သွားလိုက်တယ်

          တစ်စုံတစ်ခုနဲ့ အလုပ်ရှုပ်နေကြတဲ့ ဆရာဝန်တွေ ငိုကြွေးနေတဲ့အဒေါ်ကြီးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်...

          ပြီးတော့ မျက်နှာမကောင်းတဲ့ သူနာပြုလေးတစ်ချို့...

          လူနာတစ်ယောက်ယောက် ဆုံးသွားတာ ထင်ပါရဲ့...

          သူ ထိုမျှသာ တွေးပြီး ပြန်ထွက်လာခဲ့ပေမဲ့...

          မျက်လုံးထောင့်ကနေ ရိပ်ခနဲ မြင်လိုက်ရတဲ့ တစ်စုံတစ်ခုကြောင့်...

          အသိစိတ်က ခံစားပြီး ဆတ်ခနဲ လှည့်ကြည့်လိုက်တယ်

          သူ မြင်လိုက်ရတာက ထိုမိန်းကလေးရဲ့ ရင်ခွင်ထဲမှာ ပိုက်ထားတဲ့ ဓာတ်ပုံ...

Someone To YouWhere stories live. Discover now