Part . 6

157 19 9
                                    

          ဒီနေ့ Yedam Hyung ကလဲ ကုမ္ပဏီသွားရသလို Doyoung ကလဲ အိမ်မှာ လိုအပ်တာတွေ ဝယ်ဖို့ဆိုပြီး မနက်ထဲက ထွက်သွားတာ ခုထိ အရိပ်တောင် မမြင်ရသေးဘူး

          နေ့လည်စာတော့ မှာပေးခဲ့တာပဲ ကျေးဇူးတင်ရမယ်

          Yedam Hyung မပါပဲ Kim Doyoung တို့ အပြင်သွားပြီဆို လိပ်ရေထဲလွှတ်လိုက်သလို အမြှီးတောင် မမြင်ရတော့တဲ့ လူမျိုးလေ

          သေချာတာက ညနေ Yedam Hyung အလုပ်က ပြန်လာမဲ့အချိန်တော့ အမှီပြန်လာမှာပါ

          Haruto လဲ အိမ်ထဲမှာပဲ ဟိုလျှောက်လိုက် ဒီလျှောက်လိုက် လုပ်ရင်း ပျင်းလာတာနဲ့ laptop ယူပြီး ခြံထဲဆင်းလာခဲ့တယ်

          ခြံထဲက ခုံတန်းလျားမှာ ထိုင်ကာ Yedam Hyung ဆီက ရထားတဲ့ USB ကိုချိတ်ပြီး earphone နဲ့ ဖွင့်လိုက်တယ်

          monitor screen ပေါ်က mouse မြှားတံလေးကို ကျွမ်းကျင်စွာ လှုပ်ရှားရင်း Haruto ရဲ့ စူးရှတဲ့ မျက်လုံးတစ်စုံကလဲ မျက်တောင်ခတ်ဖို့တာဝန်ကိုတောင် မေ့လျော့နေသယောင်ပါပဲ

          အချက်အလက်တွေကို ဖတ်ပြီးတာနဲ့ Copy ယူပြီး သိမ်းထားလိုက်ကာ data cleaning လုပ်ထားလိုက်တယ်

          Computer Virus ဝင်တာက ခုထိ အဆင်မပြေသေးတာမို့ ဘာမှ လက်လွယ်စပယ်ထားလို့မရဘူးလေ

          အလုပ်ပြီးတဲ့အထိ Doyoung မလာသေးတာမို့ အင်တာနက်ချိတ်ကာ သတင်းကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်

🖥️ယနေ့ နောက်ဆုံးရ သတင်းအချက်အလက်တွေအရ Korea နိုင်ငံရဲ့ ထိပ်တန်း cosmetic company တစ်ခုဖြစ်တဲ့ T.gang ရဲ့ ဂိုထောင်ပေါက်ကွဲမှုဟာ သာမန်မတော်တဆဖြစ်ရပ်မဟုတ်ပဲ တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိ ကြံစည်ထားတာဖြစ်ကြောင်း သိရပါတယ် ဂိုထောင်ပေါက်ကွဲမှုက ကြီးမားတဲ့ ဆုံးရှုံးမှုတော့ မရှိပေမဲ့ သိုလှောင်ထားတဲ့ ကုန်ပစ္သည်း 3.5 % လောက် ပျက်စီးသွားပြီး CEO ဖြစ်တဲ့ Mr.Watanabe ဟာလဲ ထိခိုက်ဒဏ်ရာရရှိခဲ့တယ် ဒဏ်ရာမပြင်းထန်ပေမဲ့ ဆေးကုသမှုခံယူနေရတယ်လို့ လို့ T.gang ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ် T.gang ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတဲ့ တရားခံကို ထိထိရောက်ရောက် ရှာဖွေအရေးယူမယ်လို့ ပြောပါတယ်🖥️

You've reached the end of published parts.

⏰ Last updated: May 08, 2023 ⏰

Add this story to your Library to get notified about new parts!

Someone To YouWhere stories live. Discover now