Jeongwoo ဆေးရုံထဲ ဝင်လာကာ ဟိုကြည့်ဒီကြည့်လုပ်ရင်း ထိုလူ့အကြောင်း ဘယ်ကနေ ဘယ်လို စုံစမ်းရမလဲ တွေးနေမိတယ်
ရုတ်တရက် information counter ကနေ ဖိုင်လေးတွေ ယူပြီး ထထွက်သွားတဲ့ သူနာပြုလေးကို တွေ့လို့ Jeongwoo အကြံရသွားတယ်
အခွင့်အရေးကို လက်မလွှတ်မခံပဲ ချက်ချင်း counter ကို ဝင်ကာ အချက်အလက်တွေ ရှိလိုရှိငြား ရှာဖို့ ဆုံးဖြတ်လိုက်တယ်
သို့သော် Computer Screen နဲ့ ဝေးကွာနေတဲ့ သူ့လက်ေချာင်းတွေကြောင့်ခေါင်းငိုက်စိုက်ကျသွားတယ်
"ဟုတ်သားပဲ ငါမှ ကိုင်လို့မရတာ"
စိတ်ပျက်စွာနဲ့ counter ထဲကနေ ပြန်ထွက်လာပြီး ဆေးရုံပန်းခြံထဲ ပြန်ဝင်ခဲ့တယ်
ဆေးရုံပန်းခြံထဲက ခုံတန်းမှာ လှဲချလိုက်ပြီး မျက်နှာကို လာထိနေတဲ့ နေရောင်ကြောင့် မျက်လုံးတွေကို လက်နဲ့ကာထားလိုက်တယ်
တဖြူးဖြူး တိုက်နေတဲ့ လေအေးတွေနဲ့ မှိတ်ထားတဲ့ မျက်လုံးစပ်တွေ လေးလာတာ ခံစားရပြီး အိပ်ပျော်တော့မဲ့ဆဲဆဲ သူ့နားထဲအသံသေးသေးလေးတစ်ခု ကြားလိုက်ရတယ်
"ဒီလူကတော့ တကယ်ပဲ အပူရှပ် သေချင်နေတာလား မသိဘူး"
Jeongwoo မျက်လုံးကို အသာဖွင့်ပြီး မော့ကြည့်တော့ သူ့ထက်ငယ်မဲ့ပုံရတဲ့ ကျောင်းဝတ်စုံနဲ့ ကောင်မလေးကို တွေ့လိုက်ရတယ်
ထိုမိန်းကလေးက Jeongwoo ကို ကြည့်ပြီး စကားပြောနေတာမို့ Jeongwoo ထထိုင်လိုက်တယ်
"ငါ့ကို ပြောနေတာလား"
ကိုယ့်ရင်ဘတ်ကို ပုတ်ပြပြီး မေးလိုက်တော့ ထိုကောင်မလေးက လန့်သွားသလို မသိမသာ နောက်ဆုတ်ပြီး ပါးစပ်ကို လက်နဲ့အုပ်လိုက်တယ်
"ငါ့ကို မြင်ရတယ်ပေါ့"
တက်ရိပ်ပြနေတဲ့ Jeongwoo ရဲ့ စိတ်လေး ဖုတ်ခနဲ ပြန်ပြုတ်ကျသွားတယ်
သူကလဲ ဝိညာဥ်ပဲကို...
Jeongwoo စိတ်ပျက်စွာ ပြန်လှဲလိုက်ပြီး...
YOU ARE READING
Someone To You
FanficHaruto × Jeongwoo (Fic Cover is not my own creation. It'# from pinterest)