Part . 4

90 21 9
                                    

"ငါ ပြောထားတယ်နော် Haruto အိမ်မှာပဲ အေးဆေးနား ကုမ္ပဏီကို မလာနဲ့ဦး"

"ကျွန်တော် နေကောင်းတယ်လေ Hyung"

          Yedam နှုတ်ခမ်းကို အသာကိုက်ကာ Doyoung ကို ကြည့်လိုက်တယ်

          Yedam မျက်နှာကို စာအုပ်လို ဖတ်နေတတ်တဲ့ Doyoung က ချက်ချင်း ဘာပြောချင်တယ်ဆိုတာ တန်းသိပြီး Haruto ဘေး ဝင်ထိုင်လိုက်ရင်း...

"တကယ်တော့ ကုမ္ပဏီမှာ ပြသနာနည်းနည်းရှိနေတယ် ကုန်ကြမ်းအချက်အလက်တွေ ပေါက်သွားတဲ့ကိစ္စ"

"ဒါဆို ငါ ပိုပြီး သွားသင့်တယ်လေ"

"သူလျှိုရှိနေတယ် Ruto, သူ မင်းကို ထပ်ပြီး ဒုက္ခပေးလိမ့်မယ် အန္တရာယ်များတယ်"

"ဒါမဲ့ Hyung တစ်ယောက်ထဲ..."

"ငါ့ကို ယုံပါ ငါအကောင်းဆုံးဖြေရှင်းမယ် ရသမျှ အချက်အလက်တွေလဲ မင်းဆီ mail ပို့ပေးမယ် မင်းကတော့ အိမ်ကနေပဲ အနားယူပြီး စစ်ဆေးတာကောင်းမယ်"

          Haruto သက်ပြင်းချကာ ဆိုဖာနောက်မှီကို ခေါင်းလှန်ချလိုက်တယ်

          ခနနေမှ ခေါင်းပြန်ထောင်ကာ...

"ပြီးရောလေ Hyung အဆင်ပြေသလို လုပ်ပါ ကျွန်တော်ဆီ အချက်အလက်တွေသာ မှန်မှန်ပို့ပေး"

"လောလောဆယ် မင်းနေမကောင်းတုန်း ရထားတာတွေ စုထားတာမို့ နည်းနည်းအနားယူလိုက်ပြီး အားပြည့်တာနဲ့ ငါ တန်းပို့ပေးမယ်"

"အိုကေ"

"Hyung က ကုမ္ပဏီမှာ အလုပ်ရှုပ်မှာမို့ Doyoung ကပဲ Ruto နဲ့ ဒီရက်ပိုင်း နေပေးလိုက်နော်"

"စိတ်ချ Hyung"

"ဒါဆို ကုမ္ပဏီပြန်သွားတော့မယ်"

"ဂရုစိုက် Hyung"

          Yedam က Doyoung ကို ပြုံးရုံသာ ပြုံးပြပြီး ခေါင်းတညိမ့်ညိမ့်နဲ့ တိုက်ခန်းထဲက ထွက်သွားတယ်

"ဟင့် အမြဲ ငါ့ကိုဆို အဲ့လိုပဲ ဆက်ဆံတယ်"

          မကျေမနပ်ပြောရင်း ဆိုဖာတစ်ဖက်စွန်းမှာ ဝင်ထိုင်လိုက်တဲ့ Doyoung ကို ကြည့်ရင်း Haruto တစ်ယောက် ခေါင်းခါကာ ပြုံးလိုက်တယ်

Someone To YouWhere stories live. Discover now