Summary

6.6K 194 15
                                    

ဘဝသည် ဆန်းကြယ်သည်။ ကွာခြားချက်သည် မိုးနှင့်မြေကြားရှိ အကွာအဝေးမျှ ကျယ်ပြောနေလျှင်ပင် ဆက်စပ်မှုတစ်ခု ဖြစ်ပေါ်လာနိုင်ပြီး အချစ်တစ်ခု ဖြစ်တည်လာနိုင်သည်။

တက္ကသိုလ်ဆရာ x ဆံပင်ညှပ်ဆရာ
ကျန့်စစ်ချီ x ချောင်ဖုန့်ထျန်း

P.S ငါ ဝမ်ကျန်းချီရဲ့ ကမ္ဘာပေါ်ရှိအပင်များကို ဖတ်ပြီး ရဲ့မော့လီ (သို့) ချောင်မော့လိလို့ လူသိများတဲ့ ညပန်းတစ်မျိုးကို သိခဲ့တယ်။ ဒီဝတ္ထုရဲ့ ခေါင်းစဥ်က အဲဒီကနေ လာတာပဲ။

" ရဲ့မော့လီကို နေရာတိုင်းမှာ တွေ့နိုင်ပြီး အရေအတွက် အများအပြား ပေါက်ပွားကြသည်။ ၄င်းသည် အမြင့် နှစ်ပေမှ သုံးပေအထိ ရှိပြီး ပင်စည်များနှင့် အရွက်များ ထူထပ်စွာ ဖုံးလွှမ်းထားကာ ပို၍ ရင့်မှည့်သော အပင်များသည် ငါးပေ သို့မဟုတ် ခြောက်ပေ ရှိသည် " စာရေးသူ၏ အဆိုအရ ရဲ့မော့လီသည် နိမ့်ကျပြီး ခမ်းနားမှုမရှိသောအပင်၊ မျိုးရိုးနိမ့်ကျပြီး မသန့်စင်သော အပင်ဖြစ်သည်။ မင်း ရေနဲ့နေရောင်ခြည် အနည်းငယ် ပေးနေသ၍ ၄င်းသည် ကြီးမားသော နယ်မြေတစ်ခုထက် ပို၍ ထူထပ်စွာ ဖြန့်ကျက်နိုင်သည်။ သန်မာသော ရှင်သန်နိုင်စွမ်း ရှိသည်။ စာပေပညာရှင်များ၏ ချိုးနှိမ်ခြင်းကို ခံရသော အပင်တစ်ပင်ဖြစ်သည်။

သို့သော် လက်တွေ့တွင်မူ များသောအားဖြင့် ဤအရာသည် ဘဝ ဖြစ်သည်။ အရာအားလုံးကို ကြံ့ကြံ့ခံနိုင်ရန် အလွန်ကြိုးစားရမည်။

ဇာတ်လမ်း၏ အဓိကဇာတ်ကောင် ချောင်ဖုန့်ထျန်း၏ ဇာတ်ကောင်စရိုက်သည် ချောင်မော့လိနှင့် တူသည်။ နိမ့်ကျပြီး ခမ်းနားမှု မရှိသော်လည်း တောက်ပပြီး အလျှော့မပေးပေ။
ဇာတ်ကောင်တွေရဲ့ ဘဝနဲ့ ပတ်သတ်တဲ့ ငါ့ရဲ့အမြင်တွေကို လှုံ့ဆော်နိုင်ပြီး စာဖတ်သူတွေဆီ ငါ့ရဲ့ အတွေးအမြင်တွေကို ပို့ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

နိဒါန်းအနေနဲ့ ဒီစာကို ဖတ်ပေးကြတဲ့ တစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်။

မဉ္ဇူပန်း [မြန်မာဘာသာပြန်]Where stories live. Discover now