အခန်း - ၁၈

423 78 4
                                    

" ခင်ဗျားရဲ့ အတွေးနဲ့ လုပ်ဆောင်ချက်တွေက လက်တွေ့နဲ့ ကွဲလွဲနေတဲ့အခါ တစ်ဝက်တစ်ပျက် လုပ်ပြီးနေတဲ့ အရာတစ်ခုကို ဘယ်လိုဆက်လုပ်မလဲ "

ကျန့်စစ်ချီ ခဏလောက် အံ့အားသင့်သွားပြီးနောက် ပြောလိုက်သည်။ "စာပေနဲ့ ပတ်သတ်တဲ့ တစ်ခုခု မေးမယ်လို့  ကိုယ်ထင်နေတာ "

" စာပေ... " ချောင်ဖုန့်ထျန်း သူ့နှာခေါင်းကို ပွတ်လိုက်ပြီး "ကျွန်တော် စာမဖတ်ဘူး... "
   
ကျန့်စစ်ချီ ပြုံးလိုက်သည်။ အခု ချောင်ဖုန့်ထျန်း မေးလိုက်သည့် မေးခွန်းက လွီကျစ်ကျွမ်းနှင့် တစ်ခုခု ဆက်စပ်နေသည်ဟု ယောင်ဝါးဝါး ခံစားမိသည်။ ဘယ်လိုဆက်စပ်နေသလဲ ဆိုတာကိုတော့ သူ မှန်းဆလို့မရပေ။

" မင်းမေးတဲ့ ဒီမေးခွန်းက... "

" အမ်း " နားထောင်ဖို့အတွက် ချောင်ဖုန့်ထျန်း အမြန်လေး နားစွင့်လိုက်သည်။

" ကိစ္စက ကျယ်ပြန့်လွန်းတယ် "
    
ကျန့်စစ်ချီ ပြောတာကို ကြားတော့ သူ့မေးခွန်းကအသေးစိတ် အချက်အလက်တွေကို ရှောင်ရှားဖို့ အကွာအဝေးကို အရမ်းကျယ်သွားအောင် လုပ်နေပြီး တခြားသူတွေကို တမင်တကာ ခက်ခဲအောင် လုပ်နေသလိုမျိုး အတော်လေး မရေမရာဖြစ်နေသည်ဟု ချောင်ဖုန့်ထျန်း ခံစားလိုက်ရသည်။

" ကျွန်တော်ဆိုလိုချင်တာက ကျွန်တော် တစ်စုံတစ်ယောက်ကို ကူညီချင်တယ်။ မှန်တယ်ထင်တဲ့နည်းလမ်းနဲ့ လုပ်နေပေမဲ့ အဆုံးသတ်မှာတော့ အဲဒီလူက မင်းမှားနေတယ်၊ အမှန်တရားက မင်းကြားပြီး ထင်တဲ့အတိုင်း လုံးဝမဟုတ်ဘူးလို့ ပြောတယ် " ခဏရပ်လိုက်ပြီး " အခု သူ့ကို ရှေ့တန်းမတင်နိုင်ပေမဲ့ ကိစ္စတွေကိုလည်း ဒီလိုမျိုး ရှုပ်ထွေးမနေစေချင်ဘူး... "

သူ တကယ်ကို လွီကျစ်ချွမ်းအကြောင်း ပြောနေတာဖြစ်သည်။

နေ့လယ်ဘက်တွင် လွီကျစ်ချွမ်းကို holy mountain သို့ ထပ်ဆွဲခေါ်သွားမည့်အစား သူ့အတွက် တက္ကစီတစ်စီး လှမ်းခေါ်လိုက်ပြီး လုကျီချောင်သို့ အရင်ပြန်ခိုင်းလိုက်၏။ ခန်ကျဲအတွက်ကတော့ တုတုန်းကို ဖုန်းလှမ်းဆက်လိုက်ပြီး သူမကို နှစ်သိမ့်ပေးဖို့ ပြောလိုက်သည်။ စိတ်မပူရန်နှင့် ကိစ္စတွေကို ဖြည်းဖြည်းပဲ လုပ်ပြီး အခု တည်းခိုဖို့အတွက် ဟိုတယ်တစ်ခုမှာ စာရင်းသွင်းဖို့ ပြောခိုင်းလိုက်သည်။

မဉ္ဇူပန်း [မြန်မာဘာသာပြန်]Where stories live. Discover now