အခန်း - ၁၆

414 65 5
                                    

ချောင်ဖုန့်ထျန်း၏ သက်လုံဖြင့် ခရီးအဝေးကြီး ပြေးဖို့ မသင့်တော်ပေ။ ရင်ဘတ် စူးအောင့်ခြင်းနှင့်အတူ ချက်ချင်းဆိုသလို အသက်ရှူကြပ်လာပြီး ခွန်အားကို မစုစည်းနိုင်တော့။ အရင်တစ်ခေါက် လီနန်တက္ကသိုလ်တွင် ကျန်းကျန့်ရှင်းကို လိုက်ဖမ်းသည်က သူ့အတွက် အစွမ်းကုန် လုံလောက်နေပြီဖြစ်သည်။ အပေါ်ယံတွင် အဆင်ပြေသည့်ပုံ ပေါ်သော်လည်း သူပြန်ရောက်တော့ ညတစ်ဝက်တောင် ချောင်းဆိုးခဲ့သည်။

နှင်းတွေက ဘယ်ဆီဘယ်ဝယ် ကျနေသလဲဆိုတာ ဂရုမစိုက်၊ သဲသဲမဲမဲ ကျနေပြီး အရည်ပျော်သွားဖို့သာ ဂရုစိုက်၏။ ချောင်ဖုန့်ထျန်း သူ့ပါးစပ်ကို ဖွင့်လိုက်ရုံနှင့် နှင်းတွေက ဟာကွက်ကို အခွင့်ကောင်းယူပြီး ပါးစပ်ထဲ ကျလာကာ လျှာဖျားတွင် အရည်ပျော်သွားပြီး ခါးသက်သက် အရသာကို နည်းနည်းစီ ပျံ့နှံ့သွားစေသည်။ သူ့နှုတ်ခမ်းတွေ ထုံကျင်ပြီး ရောင်လာသည်အထိ လေတိုက်ခံနေရပြီး သူတို့ကို ပြိုင်တူ ဖိလိုက်သည့်အခါမျိုးတွင် အသက်မရှိသည့် အစားထိုးကုသခါနီး အသားနှစ်လွှာကဲ့သို့ပင်။

လွီကျစ်ချွမ်းသည် အလွန်လျင်မြန်စွာ ထွက်ပြေးသွားပြီး မြန်လွန်းသဖြင့် ဤနေရာတွင် ဆက်နေရန် ရည်ရွယ်ချက်ရှိသည့်ပုံကို မပေါ်ပေ။

" လွီကျစ်ချွမ်း၊ မင်းပြေးနေတာ ရပ်လို့ရမလား "

မျက်မှောင်ကြုတ်ကာ ဤအသုံးမဝင်သည့် စကားကို အော်ရင်း ချောင်ဖုန့်ထျန်း၏ စိတ်သည် ရုတ်တရက် လမ်းချော်သွားပြီး တွေးမိလိုက်သည်__ ကမ္ဘာပေါ်က အသုံးမဝင်ဆုံး စကားတွေထဲကတစ်ခု "ထွက်မပြေးနဲ့"

သူတို့ နှစ်ယောက်ကြားထဲက အကွာအဝေးက တဖြည်းဖြည်း ပိုကျယ်လာတာမြင်တော့ ချောင်ဖုန့်ထျန်း စိတ်ထဲမှာ ထိတ်ပျာသွား၏။ ဘေးပတ်ဝန်းကျင်ရှိ တိုက်ခတ်နေသည့် လေနှင့်နှင်းကလည်း သူ့ကို စိတ်လှုပ်ရှားပြီး စိုးရိမ်တကြီး ဖြစ်စေသည်။ စိုစွတ်နေသည့် ဆံပင်ကို သပ်ဖို့အတွက် လက်ဆန့်ထုတ်လိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်ကာ ခြေထောက်တွေကို အရှိန်တင်လိုက်သည်။

" ငါလူးတဲ့မှ လွီကျိုချွမ်း၊ မင်းကို ဖမ်းမမိစေနဲ့"

လွီကျစ်ချွမ်း ချင်းရီးကျန်းလမ်းပေါ်က လူသွားလမ်းပေါ်ကို ခုန်တက်သွားပြီး လူထူထပ်သည့် လူစုလူဝေးထဲ ဝင်သွားတာမြင်တော့ ချောင်ဖုန့်ထျန်းသည်လည်း မရပ်မနား ဟွန်းတီးနေသည့် စက်ဘီးတွေကို အလောတကြီး ကွေ့ပတ်ရှောင်သွားလိုက်သည်။

မဉ္ဇူပန်း [မြန်မာဘာသာပြန်]Où les histoires vivent. Découvrez maintenant