နှင်းများထူထပ်စွာ ကျဆင်းပြီးနောက်တွင် ကောင်းကင်သည် ကြည်လင်နေသည်။ တောက်ပနေသော ကြယ်လေးများသည် သန်းခေါင်ယံချိန်တွင် နက်ပြာရောင် ကောင်းကင်တစ်ခွင်၌ ပြန့်ကျဲနေ၏။
ချောင်ဖုန့်ထျန်းသည် လုအာမြို့သို့ ညဥ့်နက်ချိန်မှ အလျင်စလို ခရီးထွက်ခဲ့လေသည်။ ရှည်လျားသော တောင်တက်လမ်းတွင် နုညက်ပြီး ညစ်ပေသော နှင်းများသည် စိုစွတ်ပြီး ချော်နေသော ရွှံ့များနှင့် ရောနှောနေသည်။ လေသည် ပြင်းထန်စွာ တိုက်ခတ်နေပြီး ခြေလှမ်းလိုက်တိုင်း သူ၏ကိုယ်မှာ ယိမ်းထိုးနေသည်။ အလွန်ခက်ခဲသော ခြေလျင်ခရီးတစ်ခု ဖြစ်လေသည်။
ခြေလှမ်းများကို ခဏရပ်လိုက်ပြီးနောက် သူ၏ အေးစက်နေသော ခြေချောင်းများသည် အပ်များစူးသလို နာကျင်မှုကို ခံစားနေရပြီး သူ၏ ခြေအိတ်များ လုံးဝ ရွှဲရွှဲစိုနေပြီး ဖြစ်ကြောင်းကို သိလိုက်ရ၏။ ခရီးတစ်လျှောက်လုံး သူဖိနှိပ်ထားသော ဒေါသသည် ချက်ချင်းဆိုသလို ကောင်းကင်အထိ တစ်ဟုန်ထိုး ထွက်လာသည်။ခြေထောက်များကို ဒေါသတကြီး ဆောင့်နင်းလိုက်ကာ ခြေအိတ်တွေကို ချက်ချင်းချွတ်ပစ်လိုက်ပြီး ခြေဗလာဖြင့် လမ်းဆက်လျှောက်သည်။
ခေါင်းငုံ့ကာ မျက်နှာပေါ်ရှိ လက်ဖဝါးရာကို လက်ချောင်းများဖြင့် ထိလိုက်ပြီး တိုးတိုးလေး ဆဲလိုက်သည်။ "ချီးပဲ"
အသက်ရှင်ပြီး ဒုက္ခတွေခံနေရတယ်။ မိုက်မဲတဲ့ကောင်။
အဝေးတွင် တောက်ပသော အဝါရောင် အလင်းတန်းကြီးတစ်ခုသည် ကျယ်လောင်သော ဟွန်းသံနှစ်ခုနှင့်အတူ ထွက်ပေါ်လာသည်။ ချောင်ဖုန့်ထျန်းသည် စိတ်မရှည်စွာ ညာဘက်သို့ ရှောင်လိုက်ပြီး လမ်းပေးလိုက်သည်။ ဆိုင်ကယ်က ဖြတ်သွားရမည့်အစား သူ့ဘေးမှာ တည်တည်ငြိမ်ငြိမ်နဲ့ ရပ်နေမယ်ဆိုတာ ဘယ်သူသိမှာလဲ။ ၄င်းသည် ရွှံ့များ စင်နေသည့် ပျက်စီးနေသော ဆိုင်ကယ်တစ်စီး ဖြစ်သည်။
" မင်းဘာလို့ စိတ်ဆိုးနေတာလဲ။ မှောင်နေပြီ။ ငါနဲ့ ပြန်လိုက်ခဲ့ "
ကြယ်များမှ မြင်ရသော ဆင်စွယ်ရောင် အလင်းဖျော့လေးနှင့်အတူ ချောင်လီအန်း သူ့ခေါင်းပေါ်မှ ဖွတ်ဖွတ်ညက်ညက် ကြေနေသော ဆိုင်ကယ်စီးဦးထုပ်ကို ချွတ်လိုက်ပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကာ မျက်နှာလွှဲသွားသော ချောင်ဖုန့်ထျန်းကို ကြည့်လိုက်သည်။
YOU ARE READING
မဉ္ဇူပန်း [မြန်မာဘာသာပြန်]
SpiritualTitle - 草茉莉 ( Four O'Clock Flower ) Author - Ashitaka Type - Web Novel ဘဝသည် ဆန်းကြယ်သည်။ ကွာခြားချက်သည် မိုးနှင့်မြေကြားရှိ အကွာအဝေးမျှ ကျယ်ပြောနေလျှင်ပင် ဆက်စပ်မှုတစ်ခု ဖြစ်ပေါ်လာနိုင်ပြီး အချစ်တစ်ခု ဖြစ်တည်လာနိုင်သည်။ တက္ကသိုလ်ဆရာ x ဆံပင်ညှပ်ဆရာ...