အခန်း - ၇

416 68 0
                                    

နှစ်သစ်ကူး အကြိုနီးလာသည်နှင့် ထုံးစံအတိုင်း စိုးရိမ်နေမိ၏။ အိမ်မက်တွေ အများကြီးမက်ပြီး အိပ်ရသည်ကလည်း ပြတ်တောင်းပြတ်တောင်း ဖြစ်နေသည်။

အိပ်မက်ထဲက အရာတွေကို သူဖော်ပြရလျှင် အတော်လေး ဆန်းကြယ်ပြီး အနုပညာဆန်သည်။
  
အိပ်မက်အများစုကတော့ အောက်ကို ငုံ့ကြည့်ရင်း အနောက်ဘက်မှာ တောင်ပံတစ်စုံ ရှိနေသလိုမျိုး ရှေ့ကို ရွေ့လျားနေသည်။ အပေါ်မှ အောက်ကို ကြည့်ရင်း လုအာတောင်ပေါ်ရှိ စိမ်းလန်းသော သစ်ကတိုးပင်များနှင့် သစ်ပင်များကြားတွင် မြင့်မားစွာ ထင်းနေသော ဟိုတစ်စုဒီတစ်စု အနီရောင် ထင်ရှူးပင် အချို့ကို ရှင်းရှင်းလင်းလင်း မြင်ရသည်။

မီးခိုးရောင်ငှက်၏ တောင်ပံထိပ်ဖျားများသည် မှင်များဖြင့် စွန်းထင်းနေပြီး ကိုင်းညွတ်နေသော ထင်ရှူးပင် အကိုင်းများပေါ်တွင် ကပ်ပျံနေကာ ၄င်းတို့ကြားတွင် ခေါက်တုံ့ခေါက်ပြန် ပျံနေသည်။ ချောင်ဖုန့်ထျန်း၏ အိပ်မက်ထဲတွင် ရှင်းမပြနိုင်သော စိုးရိမ်စိတ်များ ရုတ်တရက် ပေါ်လာပြီး ထွက်ပြေးရန် ရုန်းကန်နေခဲ့သည်။ လေကိုဆန်လျက် အတားအဆီးများကို ရှောင်ရှားနေရင်း တောထဲရှိ တိတ်ဆိတ်ခြင်းသည်  တောက်ပ၍ ကျယ်လောင်လာပြီး ဂနာမငြိမ်သော နှလုံးခုန်သံသည် ဤသံစုံတေးသွားအထဲသို့ ခဏတာပေါင်းစပ်သွားခဲ့သည်။
    
ချောင်ဖုန့်ထျန်းတွင် လန်ရှီးကို ပြန်ကြည့်ရန်၊  ချင်းချီကို အာရုံစိုက်ရန်နှင့် လုအာတောင်ထွတ် အောက်ခြေရှိ နိမ့်ပါးပြီး ပြန့်ကျဲနေသော မြေနီရောင် အိမ်ဟောင်းများကို ကြည့်ရန် အချိန်မရှိပေ။ ရှည်လျားသော အိပ်မက်သည် တောင်တန်းများနှင့် ပင်လယ်ပြင်ကို ဖြတ်၍ တိမ်ဖုံးနေသော ကောင်းကင်၏ မီးခိုးရောင် တိမ်တိုက်ငယ် တစ်ခုထဲသို့ တရှိန်ထိုး ထိုးဆင်းသွားခြင်းဖြင့် ရုတ်တရက် အဆုံးသတ်သွား၏။

သူ အိပ်ရာက နိုးလာတဲ့အခါ သူ့ခြေလက်တွေ ချွေးစိုနေတာကို တွေ့လိုက်ရလေသည်။ အချိန်တိုင်း ဒီလိုပါပဲ။
    
ခေါင်းအုံးဘေးက ဖုန်းကို ဟိုစမ်းဒီစမ်းလုပ်ရင်း ချောင်လီအန်းဆီက စာကို တွေ့လိုက်ရတော့မှ  တဖြည်းဖြည်း စိတ်ငြိမ်သွားသည်။ သတိပြန်ဝင်လာတော့ သူက ကုတင်ကို မှီနေပြီး အိပ်ရာက ကြမ်းပြင်ပေါ် ကပ်နေသည်ကို တွေ့လိုက်ရသည်။

မဉ္ဇူပန်း [မြန်မာဘာသာပြန်]Where stories live. Discover now