Unicode
မြူနှင်းတွေဝေနေတဲ့ မနက်ခင်းစောစောက အအေးဓာတ်တွေပိုနေသည်။ လူဂုဏ်တန်အသိုင်းအဝိုင်းကလူတွေ အိပ်ယာထက်က စောင်ပုံထဲမှာ ကွေးနေနိုင်ပေမယ့် တစ်နေ့လုပ်မှ တစ်နေ့စားရမယ့် အခြေခံလူတန်းစားတွေကတော့ ချမ်းအေးတဲ့ဒဏ်ကို အန်တုပြီး ပြာပန်းခတ် အလုပ်လုပ်နေကြရသည်။
အရမ်းကြီးချမ်းသာတဲ့ထဲမပါသော်လည်း အများတန်းတူ ဝတ်နိုင်စားနိုင်သော လူခြေတတ်တဲ့ရပ်ကွက်လေးက အိမ်လေးတစ်လေးမှာတော့ ပြယာခတ်နေကြသော လူတစ်စုရှိသည်။
" သားကြီးရေ မင်းညီလေးဖို့ အနှီးလေးယူခဲ့ပါဦး "
" လာပြီ မားရေ "
အမေလို့ထင်ရတဲအန်တီကြီးတစ်ယောက်က မီးဖိုချောင်အတွင်းကနေ သားအကြီးဆုံးဖြစ်သူကိုလှမ်းခေါ်လိုက်တဲ့အခါမှာတော့အေးစက်စက်အော်သံနဲ့အတူ အောက်ကပြေးဆင်းလာတဲ့ 16 နှစ်အရွယ် လူငယ်လေးတစ်ယောက်။ အရပ်အားဖြင့် 6 ပေလောက်ရှိကာ မျက်မှန်ဝိုင်းကြီးတွေကို အမြဲတပ်ဆင်လေ့ရှိပြီး ပုဆိုးကိုသာ စွဲမြဲစွာ ဝတ်ဆင်တဲ့ ထိုလူငယ်လေးက အသက်လေးနဲ့မလောက်အောင် တည်ငြိမ်မှုတွေအထင်းသား။
" အငယ်လေးကို အနှီးလဲပေးလို့ရမလား သားကြီး "
" ရတယ် မား "
အေးစက်စက်ပြောလိုက်သော်လည်း လက်ထဲက ၆ လသားအရွယ် ကလေးလေးကိုတော့ တယုတယ ထွေးပွေ့ထားပေးသည်။ အီးအီပါချထားသော အဝတ်တွေကို ဆေးကြောသန့်ရှင်းပေးနေသည်မှာ ပဲ့ကြွေသွားမှာစိုးတဲ့ကြွေရုပ်လေးအလား။
" ကျွန်တော်..... "
" အပေါ်ခေါ်သွားပြီး သားကြီးပဲသိပ်လိုက်လို့ရမလား "
" ဟုတ် "
ပြောရခက်နေသော စကားတို့ကို မားက ထပ်မံဖြည့်စွက်ပေးသည်။ အခြားညီအကိုဖြစ်တဲ့ သားလတ်နဲ့ သားငယ်ကို ခပ်တန်းတန်းသာ ဖြစ်ပေမယ့် အငယ်ဆုံးသားထွေးလေးကိုတော့ အတော်ချစ်ရှာသည်။ ဗီဇအရ ရုပ်တည်ကြီးနဲ့ ဖြစ်နေပေမယ့် မိသားစုအပေါ်ကိုတော့ အရမ်းသိတတ်တဲ့သည့်ကလေးဆိုတာ အတူနေခဲ့တဲ့ 11 နှစ်လုံး ဒေါ်တင်နွယ် ရိပ်မိနေပြီဖြစ်သည်။