Episode 7

688 36 2
                                    

" လင်းခန့်သူရိန် မင်းဒီလိုပဲနေတော့မှာလား "

" ဘာကိုလဲ "

စီးကရက်ကို လက်ကြားမှာ ညှပ်လို့ မထုံတတ်တေး ပုံစံနဲ့ပြန်ဖြေသော သားဖြစ်သူကို ကြည့်ပြီး ဒေါ်ရင်ထိပ်ထား တစ်ယောက် ဒေါသထွက်လာရသည်။

၂၈ နှစ်လုံးလုံး သူ့စကားကို မြေဝယ်မကျ နားထောင်ခဲ့တဲ့ သားဖြစ်သူက ဘာမဟုတ်တဲ့ကောင်လေးတစ်ယောက်ကြောင့် သူ့ကိုတွန်းလှန်နေတယ်မလား။

" အမေက... "

" မပြောနဲ့.. တော်ပါတော့ ၂၈ နှစ်လုံးလုံး ဒေါ်ရင်ထိပ်ထားရဲ့လောင်းရိပ်အောက်မှာပဲ နေခဲ့တယ် ကျွန်တော်ကိုလွတ်မြောက်ခွင့်ပေးပါတော့ လွတ်လပ်ခွင့်ပေးလိုက်ပါတော့ဗျာ "

" သားကောင်းဖို့..."

" ဘာလဲ အမေက သားကောင်းဖို့လုပ်ရတာပါလို့ ပြောဦးမလို့လား
ဟမ်!! ကျွန်တော်က ပတ်ဝန်းကျင်မှာသာ အမေကိုအရမ်းချစ်တဲ့သား အမေ့စကားကိုမြေဝယ်မကျနားထောင်တဲ့သားလိမ္မာလေး တကယ်တမ်းတော့ မွန်းကြပ်မှုတွေ စိတ်ပျက်မှုတွေ အလိုမကျမှုတွေနဲ့ လောင်းရိပ်မိနေတဲ့ အပင်လေးတစ်ပင်ထက်ပိုခဲ့လို့လား "

" ငါ့စကားကို ဖြတ်ပြီးမပြောစမ်းနဲ့!!! ဒါတွေ အားလုံး မင်းကောင်းဖို့လုပ်ခဲ့တာတွေကြီးပဲ ငါ့စေတနာနဲ့မေတ္တာကို မင်းဘာလို့ နားမလည်ရတာလဲ!!! "

ဒေါ်ရင်ထိပ်ထားတဲ့ အော်သံနောက်မှာ လင်းခန့်သူရိန်ရဲ့ ခြောက်ကပ်ကပ်ရယ်သံက ကပ်ပါလာသည်။ အမေနဲ့သားဖြစ်သူရဲ့ ရန်ပွဲကို ဖခင်ဖြစ်သူရော အိမ်ကူတွေပါ စိုးရိမ်တကြီး စောင့်ကြည့်နေကြသည်။

ဒီနေ့တော့ လင်းခန့်ရင်ထဲက အစိုင်အခဲကို ထုတ်ဖော်ပစ်မယ်လို့တွေးထားရင် မျက်နှာကို တည်ပစ်လိုက်သည်။ လက်ထဲမှာရှိတဲ့စီးကရက်ကို ဘေးနားကအမှိုက်ပုံးထဲသို့ မီးသတ်ကာထည့်ထားလိုက်သည်။ အမေဖြစ်သူရဲ့မျက်လုံးကို တည့်တည့်ကြီးပြီးတော့ စိတ်ထဲမှာ ရှိသမျှအရာအားလုံးကို ဖွင့်ထုတ်ပစ်လိုက်တော့သည်။

" စေတနာလား? အဲ့စေတနာဆိုတဲ့ဟာက အမေ့ရဲ့ သူငယ်ချင်းတွေကို ကြွားဝါဖို့သပ်သပ်ပဲ ငါ့သားကအဆင့်ဘယ်လောက်ရတာ င့ါသားက ငါ့စကားကိုဘယ်လိုနားထောင်တာ စတဲ့စတဲ့ ငါ့သားက ငါ့သားက ဆိုတာတွေနဲ့ ကြွားဝါဖို့သပ်သပ်ပဲ အဲ့အရာတွေကို လိုချင်ပါတယ်လို့ ကျွန်တော့်ပါးစပ်က ပြောခဲ့လား အဲ့‌တာတွေလုပ်နေရတာ ပျော်ပါတယ်လို့ပြောခဲ့လား ကျွန်တော်ဝါသနာပါရာကိုရော လုပ်ခွင့်ပေးခဲ့လား ဟမ် ဘယ်မလဲ အမေပြောပြောနေတဲ့ မေတ္တာဆိုတဲ့အရာ...အခြားသူတွေနဲ့ နှိုင်းယှဉ်လာရင် ကျွန်တော့်ကိုပဲ အပြစ်ပြောခဲ့တာတွေ အမှားလုပ်မိတိုင်း ရိုက်နှက်ခဲ့တာတွေကရော ကျွန်တော့်ကို ချစ်တာလား..ကျွန်တော် တောင်းတခဲ့မိတာ နွေးထွေးမှူလေးတစ်ခုပါပဲဗျာ ချမ်းအေးလွန်းတဲ့ရာသီမှာ ညနက်တဲ့အထိ စာကျက်ခိုင်းခဲ့တာတွေ မွေးနေ့‌လက်ဆောင်တောင်းတိုင်း မင်းကဘာအသုံးကျလဲလို့ပြောခဲ့တာတွေကရော ကျွန်တော်ကောင်းဖို့အတွက်ပဲလား.. ကျွန်တော်မျက်ရည်ကျတိုင်း စောက်ခြောက်လားလို့မေးခဲ့တယ်မလား ဟုတ်တယ် ကျွန်တော်က စောက်ခြောက်.. ယောက်ျားလေးတွေကိုပဲကြိုက်တဲ့ ‌အခြောက်... အဲ့တော့ ဘာဖြစ်လဲ ဟမ်!!! ကျွန်တော့်ဖြစ်တည်မှုကို ကျွန်တော် ချစ်တယ်လေ အမေတို့ရော ချစ်ပေးလို့မရဘူးလားဗျာ ကျွန်တော် အဲ့အမျိုးသားကို အရမ်းချစ်တာဗျ သိလား ကျွန်တော် စောက်ရမ်းချစ်တာလို့!!!! "

Dark Of Light Where stories live. Discover now