Episode 4

1.1K 63 5
                                    

Unicode

တနင်္ဂနွေလိုရုံးပိတ်ရက်ရောက်တိုင်း ဖေဖေက သူတို့လေးယောက်လုံးကို အပြင်ခေါ်သွားတတ်သည်။ ဖေဖေဆုံးပြီးနောက်ပိုင်း ကလေးတွေကလည်း အပြင်ထွက်လည်ဖို့ မပြောသလို သူကလည်းဘယ်မှ မသွားချင်ပေ။ လိုင်းပေါ်ကချက်ပြုတ်နည်းလေးတွေ ရှာပြီး အိမ်မှာပဲ တစ်ခုမဟုတ်တစ်ခုလုပ်ကျွေးတတ်သည်။

ပွဲရုံမှာလူပါးတဲ့အလျောက် ပိုင်ရှင်ဦးလေးကြီးကလည်း အလုပ်သမားတွေကို နေ့တစ်ဝက်ပဲ အလုပ်ဆင်းခိုင်းသည်။ သူမှတ်စရာရှိတဲ့စာရင်းတွေနဲ့ ချစရာရှိတဲ့ ဆန်အိတ်တွေကို ချပေးပြီး အလုပ်ဆင်းမည်ဖြစ်ကြောင်း အသိပေးလိုက်သည်။

" ဦးလေး ကျွန်တော်ပြန်လို့ရပြီလားဗျ "

" အေးအေး ဒီမှာ မုန့်ဖိုး "

" ကျေးဇူးတင်ပါတယ်ဗျ "

လက်ထဲက ပိုက်ဆံတစ်ထောင်တန် သုံးရွက်ကို ကျစ်ကျစ်ပါအောင်ဆုပ်လို့ ဈေးဘက်သို့ခြေလှမ်းတွေဦးတည်လိုက်သည်။ ထွေးငယ်ကိုတော့ မိုးဦးတို့လည်း ကျောင်းပိတ်ရက်မလို့ အိမ်မှာပဲထားခဲ့လိုက်သည်။ နုနုနယ်နယ်ကလေးလေးတစ်ယောက်ကို အမြဲလိုလိုကြီးခေါ်သွားဖို့က မသင့်တော်ဘူးဆို‌တာသူနားလည်သည်။

မိုးဦးကမြန်မာအစားအစာတွေကြိုက်လို့ ဆနွမ်းမကင်းတို့ကျောက်ကျောတို့ ဝယ်လိုက်ပြီး ဆောင်းဦးအတွက်ကတော့ အသီးဖျော်ရည်တစ်ခုခုဝယ်လိုက်သည်။ ထွေးငယ်ကတော့ငယ်သေးလို့ နွားနို့စစ်စစ်ကိုရှာဝယ်ရသည်။ အကုန်အပြီးအစီးဝယ်ပြီးတဲ့အချိန်မှာ သူ့လက်ထဲမှာ ပိုက်ဆံလေးသုံးရာသာကျန်တော့သည်။ ဒီနေ့လည်းအငတ်ခံရဦးမှာပေါ့လေ။

မားတို့ထားခဲ့တဲ့ ပိုက်ဆံအနည်းငယ်က အကြွေးဆပ်လိုက်ရသည်။ မားတို့အကြွေးယူထားကြောင်းကို လွန်ခဲ့တဲ့နှစ်ရက်လောက်ကမှ သူသိလိုက်ရသည်။ ကံဆိုးမသွားရာမိုးလိုက်လို့ရွာဆိုသလိုပဲ အကြွေးမပေးရင် အိမ်ကိုသိမ်းမည်လို့ဆိုလာသည်။

သူတစ်ယောက်ထဲဆို ကိစ္စမရှိပေမယ့် ကလေးတွေအတွက် ကျောချစရာတစ်နေရာလေးမှ မရှိရင် ဘယ်လိုမှ အဆင်‌မပြေနိုင်ပေ။ ဒီတော့ ရှိတာလေးတွေ ထုခွဲပြီး အကုန်ဆပ်လိုက်သည်။ သံသရာကြွေးမပါနိုင်လေကောင်းလေပဲလို့သာ သူခံယူထားလိုက်တော့သည်။

Dark Of Light Where stories live. Discover now