Episode 5

1K 62 4
                                    

ရက်တွေလတွေပြောင်းလာလိုက်တာများ မိုးဦးတောင် ဆယ်တန်းကျောင်းသားကြီးတစ်ယောက်ဖြစ်လို့။ သူကလား..သူကတော့ သီဟ‌အဖေရဲ့ပွဲရုံကနေထွက်ပြီးတော့ နာမည်ကြီးစားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုးဝင်လုပ်နေသည်။ ဆယ်တန်းတောင်မအောင်တဲ့သူဆိုတော့လည်း အလုပ်မခန့်ချင်တဲ့သူက များသားဗျ။

သီဟအဖေရဲ့ထွက်လိုက်ရတဲ့အကြောင်းကလည်း သီဟတို့မိသားစုလိုက် နိုင်ငံခြားကိုပြောင်း‌တော့မှာမလို့ ဒီမှာရှိတဲ့လုပ်ငန်းတွေကို ရောင်းချခဲ့သည်တဲ့။ သူကတော့အလုပ်ပြုတ်သွားသည်ပေါ့။ ကြုံရာကျပန်းအလုပ်ကိုဝင်လုပ်ရင်း အရင်ကခင်မင်ခဲ့တဲ့သူ‌ရဲ့ စားသောက်ဆိုင်မှာ ဝင်လုပ်မလားဆိုတဲ့အမေးမှာ ငြင်းဆန်ခွင့်တို့ရှိမနေခဲ့ပါ။

စားသောက်ဆိုင်မှာဂျူတီကျတဲ့အချိန်က ညနေ ၅ နာရီကနေ ည ၉ နာရီလောက်အထိပဲ အချိန်ပိုင်းအလုပ်သမား‌အနေနဲ့လုပ်ရပါသည်။ ကျန်တဲ့အချိန်တွေဆို delivery လိုက်ပို့ရင်းနဲ့ အပိုဝင်ငွေလေးရှာရတာပေါ့။ တိုးတက်လာတာတစ်ခုကတော့ အရင်က ကိုယ်ပိုင်ပစ္စည်းရယ်လို့ မယ်မယ်ရရ မရှိခဲ့တဲ့ ကျွန်တော်က ဆိုင်ကယ်လေးတစ်စီးဝယ်လိုက်နိုင်သည်။ အသစ်ထဲကမဟုတ်ပဲ second ထဲက ကျွန်တော်တတ်နိုင်တဲ့ဈေးလေးနဲ့ပဲ ဝယ်လိုက်သည်။ ဒလီပို့တဲ့အခါကျ ကျွန်တော့်ရဲ့လက်စွဲတော် ဆိုင်ကယ်လေးက အရမ်းအသုံးဝင်ပါသည်။

မိုးဦးကဆယ်တန်း၊ဆောင်းဦးလေးကရှစ်တန်းဆိုတော့ အရင်ကထက် သူပိုကြိုးစားရပါသည်။ ကလေးတွေအဆင်ပြေပြေကျောင်းပြီးနိုင်ဖို့အတွက် သူရုန်းကန်ရပါဦးမည်။ သူကျောင်းမပြီးရင်တောင် ကလေးတွေရဲ့ဘဝလေးသာယာသွားရင် သူကျေနပ်ပါသည်။ စေတနာနဲ့မေတ္တာဟာ ရောင်ပြန်မဟပ်ရင်နေပါစေ။ ကလေးတွေဒုက္ခမရောက်ရင်ပဲသူ့အနေနဲ့အတော်ကြီးလုံလောက်နေပါပြီ။ သူ့အတွက်ကတော့ ရိပ်သာတစ်ခုခုမှာ ခိုဝင်လိုက်ဖို့ပဲ တွေးထားပါသည်။

ကိုလင်းခန့်သူရိန်နဲ့ဆက်ဆံရေးကလည်း အရင်ကထက် တိုးတက်လာတယ်လို့ပြောရမယ်။ ကျွန်တော့်ကိုချစ်ရေးဆိုထားတဲ့အပြင် အလုပ်ဆင်းတဲ့အချိန်တိုင်းလာကြိုပါသည်။ ကျွန်တော်ကတော့လက်မခံရဲသေးပါ။ လူကုံတန်အသိုင်းအဝိုင်းထဲဝင်ဖို့မရဲသလို ကျွန်တော့်ရဲ့ကလေးတွေဟာ သူများတံတွေးခွက်ပက်လက်မြောရမယ့် အဖြစ်မျိုးကိုလည်း ကျွန်တော်မလိုလားပါ။

Dark Of Light Where stories live. Discover now