Episode 3

1K 59 11
                                    

Unicode

အိမ်ပြန်တဲ့အချိန်မှာ ခြေလှမ်းတွေ တက်ကြွနေသလောက် အိမ်နားကိုရောက်တဲ့အချိန်မှာတော့ ခြေလှမ်းတွေက သိသိသာသာပင် လေးလံသွားသည်။

အိမ်ရှေ့မှာရပ်နေတဲ့ကားတစ်စီး။ ထိုကားကိုသူမှတ်မိတာပေါ့ မားတို့စီးပွားကျနေတဲ့အချိန် အကူအညီတောင်းမိတာကို ခွေးလိုနွားလို ပြောပြီး နှင်လွှတ်တဲ့ မားရဲ့အစ်မအကြီးဆုံးအိမ်ကကား။ ဟမ့် မားတို့ဆုံးတုန်းကတော့ တစ်ခါလေးတောင် မလာပေမယ့် အခုကျမှ ရောက်ချလာတာက အမွေလိုချင်လို့ပဲလို့ သူတွေးလိုက်သည်။

အိမ်ရှေ့က ဖိနပ်စင်လေးမှာ ဖိနပ်လေးတင်ပြီး အိမ်ထဲကို ခပ်တည်တည်ပဲ ဝင်သွားလိုက်သည်။ သူအိမ်ထဲဝင်လာတဲ့ချိန်ထဲက စိုက်ကြည့်နေတဲ့ မျက်ဝန်းစူးစူးတွေကို သူရိပ်မိပါသည်။ နေသားကျနေပြီဖြစ်လို့ လျစ်လျူရှုထားလိုက်သည်။ လုပ်မြဲအတိုင်း ထွေးငယ်ကို ရေပတ်တိုက်ပေးလိုက်ပြီး ပုခက်လေးထဲမှာ ထည့်သိပ်ထားတဲ့အချိန်အထိ သူတို့ဘက်က တစ်ခွန်းမှ မဟသလို ကျွန်တော်သည်လည်း တိတ်ဆိတ်မြဲသာ။ တိတ်ဆိတ်နေတဲ့အခြေအနေမှာ သူတို့ဘက်ကဘယ်လိုရှိလဲမသိသော်ငြား မင်းနွယ်ကတော့ အနေခက်ခြင်းအလျဉ်းမရှိပါ။

" ဒီအိမ်ကတို့ညီမအပိုင်ဖြစ်လို့ မဆိုင်တဲ့ ဒီကလူငယ်ကပဲ... "

မားရဲ့အစ်မဖြစ်သူက စကားစလာတော့လည်း သူ့ဘက်ကပြန်ပြောရမည်ပေါ့။ ပြောလက်စ စကားရပ်သွားခြင်းက အားနာလို့မဟုတ်တာကို သူသိပါသည်။

" ဆိုတော့ကား ကျွန်တော်ကဆင်းပေးရမယ်ပေါ့ "

သူဒဲ့ပဲမေးလိုက်သည်။ စိတ်ရှည်နေဖို့အတွက်အချိန်မရှိပေ။ လိုလည်းမလိုအပ်ဘူးလို့ သူယူဆထားသည်။

" အဲ့တာက.."

" ပြောစရာရှိတာ မြန်မြန်ပြောပါ။ သူများလို အားယားနေတဲ့သူမဟုတ်လို့ အလုပ်တွေရှိပါတယ်။ အချိန်မရတာမလို့ မြန်မြန်ပြောပါ "

" မောင်ရင်ပြောသလိုပေါ့ မောင်ရင်ကမသက်ဆိုင်တဲ့သူမလို့ ဒီအိမ်ကနေဆင်းပေးပါ ကလေးနှစ်ယောက်ကိုတော့ တို့ဘက်ကပဲတာဝန်ယူပေးပါ့မယ် "

Dark Of Light Where stories live. Discover now