Chapter 1.1

93 3 0
                                    

ရှန်းကျန်းလင် နိုးလာသောအခါ သူ့ခေါင်းနောက်ဘက်မှ နာကျင်မှုကို ခံစားလိုက်ရသည်။

သူနဲ့မသက်ဆိုင်တဲ့ မှတ်ညဏ်အပိုင်းအစတွေဟာ သူ့စိတ်ထဲကို မီးအိမ်တစ်ခုအလား ပြန်လည်ပြသလာပြီး နောက်ဆုံးမှာတော့ သူနဲ့တစ်ပုံစံတည်းတူတဲ့ လူငယ်လေးတစ်ယောက်ကို တွေ့လိုက်တယ်။

" ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့မူလကံကြမ္မာကို ပြောင်းလဲဖို့ ကူညီပါ။ကျွန်တော့်မိသားစုနဲ့ သူငယ်ချင်းတွေကို ကျွန်တော့်ကြောင့်မို့ အခုလိုမျိုးအဆုံးမသတ်စေချင်ဘူး...ကျေးဇူးပြုပြီး.."

သူ့မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ အနက်ရောင် suit၀တ်ထားပြီး အေးစက်ပြီး လွှမ်းမိုးနိုင်စွမ်းၡိတဲ့ ချောမောခန့်ငြားတဲ့ အမျိုးသားတစ်ယောက် သူ့အိပ်ရာဘေးမှာ ရပ်နေတာကို တွေ့လိုက်တယ်။

" ဒါ..."

" မင်း နိုးပြီပဲ.."သူစကားပြောတာကိုကြားတော့ အမျ်ိုးသားဟာသူ့ရဲ့လက်ကို သူ့လက်မောင်းကိုပုတ်လိုက်ပြီး သူ့အသံက ကွဲပြားခြားနားနေတယ်။

အဲ့ဒီလက်နောက်ကို လိုက်ကြည့်တော့ အဲ့အမျိုးသားရဲ့နောက်မှာ ရပ်နေတဲ့ကောင်လေးတစ်ယောက်ကို တွေ့ရတယ်။

ရှန်းကျန်းလင် နိုးလာတာကိုတွေ့တော့ ကောင်လေးက ကြောက်ရွံ့နေပုံပေါ်ပြီး အဲ့အမျိုးသားနောက်ကို ပုန်းလိုက်တယ်။သူ့ရဲ့ပုံစံက အားနည်းပြီး သနားစရာကောင်းတယ်။အဲ့ဒါက တခြားသူတွေ သူ့ကာကွယ်ပေးချင်စိတ် ဖြစ်ပေါ်လာစေတယ်။

" မစိုးရိမ်နဲ့။ငါဒီမှာ ၡိနေတဲ့အချိန် ဘယ်သူမှမင်းကို အနိုင်မကျင့်စေရဘူး။ "အမျိုးသားဟာ ကောင်လေးကို စကားပြောချိန်မှာ သူ့အသံဟာ အရမ်းကို ညင်သာနေတယ်။ရှန်းကျန်းလင်ကို ပြောတာနဲ့လုံး၀ကို ကွဲပြားနေတယ်။

အဲ့ဒါကို ကြားတော့ ကောင်ငယ်လေးရဲ့ မျက်နှာပေါ်မှာ  ရှက်ရွံ့ပြီး နာခံပုံပေါ်တဲ့အပြုံးလေးပေါ်လာခဲ့ပြီး အားကျလေးစားတဲ့ပုံနဲ့ကြည့်လိုက်ပြီး " ဟုတ်ကဲ့ "လို့ ပြောလိုက်တယ်။

အဲ့ဒီလူဟာ အဲ့ဒီအကြည့်ကိုသဘောကျနေပြီး သူ့နောက်ကျောဟာ ဖြောင့်တန်းသွားတယ်။

ရှန်းကျန်းလင်ဟာ မိဘမဲ့ကျောင်းမှာ ကြီးပြင်းလာရပြီး နောင်မှာ လူ့အဖွဲ့အစည်းရဲ့အောက်ခြေကနေ ကြိုးစားရုန်းကန်ခဲ့ရတာဖြစ်သည်။စကားလုံးတွေနဲ့အမူအရာတွေကို စူးစမ်းရာတွင်သူ့မှာ ပထမတန်းစားစွမ်းရည် ရှိတယ်။ဒါကြောင့်မို့ သူ့ကိုကြည့်တဲ့အချိန်တွင် အဲ့လူရဲ့မျက်လုံးထဲက မနှစ်မြို့တဲ့အရောင်ကို မလွဲသွားပေ။

သူမျက်မှောင်ကြုတ်လ်ိုက်တယ်။ဒါပေမဲ့ဘာဖြစ်မှန်း မသိတာကြောင့်မို့ တိတ်တိတ်နေဖို့ ရွေးချယ်လိုက်တယ်။

" တကယ်လ်ို့မင်းသာ အဓိပ္ပာယ်မရှိတာတွေပြောပြီး ငါနဲ့လှေကားထိပ်မှာမငြင်းခုံရင် ဘယ်လိုလုပ်ငါက  တွန်းချမိမှာလဲ..??"အဲ့လူကရှန်းကျန်းလင်က ဘာမှမပြောပဲ ခေါင်းကိုငုံ့ထားတာကိုတွေ့တော့ သူကပိုပြီးတောင်မှ မပျော်ရွှင်တော့ပေ။ဒါပေမဲ့ သူက နဲနဲစိုးရိမ်နေတယ်။
ရှန်းကျန်းလင်ရဲ့အနောက်မှာရှိတဲ့ ရှန်းမိသားစုကို စဥ်းစားမိပြီး သည်းခံ၍ဆက်ပြောလိုက်သည်။" အခုက်ိစ္စကို ဒီလောက်နဲ့ရပ်လိုက်တော့ ။
တကယ်လို့ မင်းမိသားစုက ဘာလ်ို့ ဒဏ်ရာရတာလဲမေးရင် ဘယ်လိုဖြေရမလဲ သိတယ်နော် "

" ရှန်းကျန်းလင်၊မင်းကို ငါပိုမုန်းအောင် မလုပ်နဲ့ "

အဲ့ဒါကိုကြားတဲ့အခါ ရှန်းကျန်းလင်ဟာ  သူ့နှလုံးသားထဲက နာကျင်မှုကိုခံစားရပြီး တဖန် ဖြူဖျော့သွားတယ်။
အဲ့လိုဖြစ်တာက ရှန်းကျန်းလင်ကို လက်ရှိအခြေအနေကို နားလည်စေတယ်။

သူ ကူးပြောင်းလာခဲ့တယ်။

ပိုပြီး တိတိကျကျပြောရရင် လွှမ်းမိုးနိုင်သောဥက္ကဌ ဆိုတဲ့ ခွေးသွေးဆန်ဆန်၀တ္ထုထဲကို  ရောက်လာခဲ့တာ။
ဇာတ်လိုက် gongက လွှမ်းမိုးနိုင်ပြီး သီးသန့်ဆန်တဲ့ ဥက္ကဌ၊ ဇာတ်လိုက် shouက သာမာန်မိသားစုက စိတ်ရှည်သည်းခံတတ်တဲ့ကြာပန်းဖြူလေး။

ဇာတ်လိုက် shouက သူ စားပွဲထိုးလုပ်နေစဥ်မှာ ဇာတ်လိုက်gongပေါ်ကို ၀ိုင်နီတွေ မတော်တဆ လောင်းချမိသွားတယ်။

(Mm Tran)The Dog I Picked up is the VillainWhere stories live. Discover now