ch .1.3

23 1 0
                                    


ဒီ၀တ္ထုကိုဖတ်ပြီးရင် ကူးပြောင်းးမလာနဲ့ဆိုသော ဟာသကိုတွေးမိပြီး ရှန်ကျန်းလင် သက်ပြင်းမချပဲ မနေနိုင်ပေ။
ငါ့အဖော်တွေကတော့ သူတို့ရဲ့ပါးစပ်ကို ဖွင့်ရတော့မယ်။

ဘာကြောင့်သူကူးပြောင်းလာရသလဲဆိုရင်တော့ ဒီခန္ဓာကိုယ်၏ မူလလူက သူ့မိသားစုရဲ့ အပျက်အစီးကြောင့်အရမ်းကို နောင်တရပြီး သူ့ကိုယ်သူ သူနဲ့တွေ့ဆုံစေခဲ့လို့ ဒီ၀တ္ထုထဲကို ကူးပြောင်းလာရတာပဲ။အဲ့တော့ အချိန်တွေနောက်ပြန်ဆုတ်ပြီး သူ့မိသားစုမပျက်စီးခင်အချိန်ကို သူက ရောက်လာခဲ့တာ။

အဲ့လိုတွေးလိုက်မိတော့ ရှန်ကျန်းလင် အရမ်းခေါင်းကိုက်လာသလိုခံစားလိုက်ရသည်။

သူ့ရဲ့မူလကမ္ဘာမှာ သူက မိဘမဲ့တစ်ယောက်ဖြစ်ပြီး နောက်ဆုံးမှာ သူ့ရဲ့ကျောင်းသားချေးငွေတွေကို ပြန်ဆပ်နိုင်ခဲ့ပြီး ပိုတာတွေကိုတောင် စုဆောင်းနိုင်ခဲ့သည်။သူက အိပ်ခန်းနှစ်ခန်းပါတဲ့ တိုက်ခန်းတစ်ခန်းကို ဆင်ခြေဖုံးနေရာမှာ ၀ယ်ဖို့ စီစဥ်ထားခဲ့တာ။အဲ့ဒီအဆင့်မှာပဲ သူကစာအုပ်ထဲကို ဆွဲသွင်းခံလိုက်ရပြီး ရက်စက်တဲ့အမျိုးသားဇာတ်ပို့တစ်ယောက် ဖြစ်လာတာက တကယ့်ကိုပဲ......

အတင်းအကျပ်ရောင်းတာ ၀ယ်တာအတွက် တစ်ဖက်လူက်ု သူတိုင်ကြားလို့ ရရဲ့လားး။

မူလကိုယ်ရဲ့မှတ်ညဏ်တွေကို အတိုချုပ်ကြည့်လိုက်တော့ သူ့အိပ်ရာဘေးမှာ ရပ်နေတဲ့သူက သူ့ကိုယ်သူ ယုံကြည်မှု လွန်ကဲနေတဲ့ ဒီကမ္ဘာရဲ့ ဇာတ်လိုက် Gong လျန်စီဟန်ပဲ။
လျန်စီဟန်ရဲ့လက်မောင်းကိုကိုင်ထားတဲ့တစ်ယောက်ကတော့ ဇာတ်လိုက် shou ပိုင်လျန်ဟွားး။
သူက အခု လျန်စီဟန်နဲ့စေ့စပ်ထားတဲ့သူဖြစ်ပြီး ဇာတ်လိုက်တွေရဲ့အချစ်ကို ခက်ခဲအောင်လုပ်တဲ့ ရက်စက်တဲ့အမျိူးသား ဇာတ်ပို့တစ်ယောက်။။

သူ့ရဲ့အတွေးတွေကို ရှင်းအောင်လုပ်ပြီးနောက်မှာတော့ ရှန်ကျန်းလင် သူ့ရဲ့မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်တယ်။

ရှန်ကျန်းလင်သည် လျန်စီဟန်နောက်မှာ အဲ့ဒါကိုကြားတဲ့အခါ စူးရှတဲ့မျက်လုံးတွေနဲ့ ရပ်နေတဲ့ ပိုင်လျန်ဟွားကိုကြည့်ပြီး သူ့နှုတ်ခမ်းတွေ ကော့တက်သွားတယ်။

ဟုတ်တယ်။ဒီသခင်လေးက အဖြူရောင်ပန်းပွင့်ငယ်လေးမဟုတ်ဘူးး။အနက်ရောင်နှလုံးသားနဲ့ ကြာပန်းပဲ။
မူလကိုယ်က ဒီလိုဆိုး၀ါးတဲ့အဆုံးသတ်ဖြစ်သွားရတာ အံ့သြစရာ မရှိပါဘူး။

ရှန်ကျန်းလင်က စောင်ကို ဆွဲလိုက်ပြီး တစ်ခုခု ပြောတော့မည့်အချိန်မှာပဲ တံခါးက တွန်းဖွင့်ခံလိုက်ရသည်။

အနက််ရောင် ကုတ်၀တ်စုံ၀တ်ထားတဲ့အမျိုးသားက ရှန်ကျန်းလင်အိပ်ရာပေါ်မှာလှဲနေတာကို မြင်တဲ့အခါ သူ့ခြေလှမ်းတွေ ရပ်တန့်ကုန်သည်။
သူ့ဒဏ်ရာတွေကို စစ်ဆေးချင်သည့်အလား ခါးကိုကိုင်းလိုက်သည်။

ဖြစ်နိုင်တာက မူလကိုယ်၏ လွှမ်းမိုးမှူကြောင့် ဒီလူငယ်လေးကိုမြင်သည့်အခါ သူ့နှာခေါင်းတွေနာကျင်လာပြီး မျက်လုံးတွေက စိုစွတ်လာသည်။

သူ့ရှေ့မှာၡိနေတဲ့သူက မူလကိုယ်ရဲ့ hair boy တစ်ယောက်ဖြစ်တဲ့ ကျန်းဟောင်ထန်း။

သူ့ကိုအဲ့လိုမျိူးမြင်ရတဲ့အခါ ကျန်းဟောင်ထန်းက ပိုပြီး စိတ်ပူလာတယ်။

" ဟောင်ကော  ၊ကျွန်တော် အဆင်ပြေပါတယ်။"  ရှန်ကျန်းလင်က သူ့ရဲ့အကျီလက်ကို ဆွဲပြီး ပြုံးပြလိုက်တယ်။

'' မင်းက နာလွန်းလို့ ငိုနေတုန်းပဲလေ!"

" ကျွန်တော် မနာပါဘူးး။နဲနဲ စိတ်လှုပ်ရှားသွားလို့။ ဟောင်ကော ကျွန်တော့်ကို ဂရုစိုက်လိမ့်မယ်လို့ ထင်မထားလို့ပါ။"

မူလဇာတ်ကွက်ထဲမှာလဲ ဒီလိုအခန်းမျိူးပါသည်။ရှန်ကျန်းလင် ဆေးရုံရောက်တဲ့အခါ ကျန်းဟောင်ထန်းက အပြေးအလွှား ရောက်လာခဲ့သည်။
ဒါပေမဲ့သူမေးခွန်းထုတ်တာကိုတောင် မစောင့်ပဲ လျန်စီဟန်ကို သေလောက်အောင်ချစ်နေတဲ့ ရှန်ကျန်းလင်က
သူက မြဲမြဲမရပ်နိုင်ပဲ  မတော်တဆ လှေကားမှ ပြုတ်ကျသွားတာလို့ ခုခံပြောဆိုခဲ့တယ်။

(Mm Tran)The Dog I Picked up is the VillainWhere stories live. Discover now