ch 1.4

22 3 0
                                    

ကျန်းရှောင်ထင်သည် လျန်စီဟန် ကို ဖြေၡင်းချက်တစ်ခုတောင်းလိုခဲ့သော်လည်း  ရှန်ကျန်းလင်က သူ့ကိုကာကွယ်ပေးခဲ့ပြီး စကားတွေကို  အများအပြား ပြောခဲ့သည်။ကျန်းၡောင်ထင်သည် သူ့ဆီက တိုက်ခိုက်ခံလိုက်ရသည်။

ဒါပေမဲ့ ရှန်မိသားစုသည် လျန်မိသားစုကြောင့်ပျက်စီးလုနီးပါး  ဖြစ်နေချိန်တွင် ကျန်းရှောင်ထင်သည် ၡန်မိသားစုဘက်မှ ရပ်တည်ခဲ့သည်။သို့သော်လည်း အဆုံးတွင် ကျၡုံးခဲ့ရသည်။
တကယ်တော့ ကျန်းၡောင်ထင်သည် လူကောင်းတစ်ယောက်ဖြစ်သည်။

ဒီလိုလူကောင်းတစ်ယောက်က မနာကျင်သင့်ပေ။

'' မင်း..."ကျန်းၡောင်ထင်သည် အကျင့်အရ သူ့ရဲ့ဆံပင်လေးများကို ပွတ်သပ်ရန်လက်လှမ်းလိုက်သော်လည်း တစ်၀က်အရောက်တွင်ပြန်ချပြီး သူ့ပုခုံးကိုသာ
ဖွဖွပုတ်လိုက်သည်။

ၡန်ကျန်းလင်က အားလုံးအဆင်ပြေတာကိုတွေ့ပြီးနောက်တွင် သူ့ခေါင်းကိုလျန်စီဟန်ဘက် လှည့်၍ကြည့်မိသောအခါ သူ့မျက်နှာက ချက်ချင်း ပြောင်းလဲသွားရသည်။" လျန်စီဟန် ၊ဘာဖြစ်တာလဲ?။မင်း ၡောင်လင်ကို ဘယ်လို ဂရုစိုက်နေတာလဲ!? "

လျန်စီဟန်သည် ကျန်းၡောင်ထင်၏ ရန်လိုနေသောအသံကိုကြားပြီး သူ့မျက်နှာတစ်ခုလုံးမှောင်မဲသွားသည်။ " ဒါက မင်းနဲ့ဘာဆိုင်လို့လဲ "

"ငါက ၡောင်လင့် သူငယ်ချင်းပဲ။ဘာကိစ္စ ငါနဲ့မဆ်ိုင်ရမှာလဲ ? " ဒီဟိုတယ်ကို ကျန်းမိသားစုက ပိုင်ဆိုင်ပြီိး ၡန်ကျန်းလင် ရောက်လာလာချင်း တစ်ယောက်ယောက်က သူ့ကိုသတင်းပို့လာလို့ သူ အမြန်ပြေးလာခဲ့တာပင်။

လျန်စီဟန်သည် ကျန်းၡောင်ထင်ကိုမကြိုက်တာကြာလှပေပြီ။သူ ၡန်ကျန်းလင်ကို မကြိုက်သော်လည်း တခြားသူတွေ သူ့အပိုင်ပစ္စည်းကို လိုချင်နေတာကိုတော့ သူသည်းမခံနိုင်ပေ။

ကျန်းၡောင်ထင်က ၡန်ကျန်းလင်နဲ့ ၡိနေချိန်တိုင်း သူ့ကိုရန်စသလို ခံစားနေရသည်။
" မင်းက အပြင်လူ တစ်ယောက်ပဲ---"

" ရှောင်ထင်ကောက အပြင်လူတစ်ယောက်မဟုတ်ဘူး!"ၡန်ကျန်းလင်သည် လျန်စီဟန်၏စကားကို ဖြတ်ပြောလိုက်သည်။သူက အတည်ကိုပဲ ထပ်ပြောလ်ိုက်သည်။" သူက ကျွန့်တော့်မိသားစု၀င်ပဲ "

(Mm Tran)The Dog I Picked up is the VillainWhere stories live. Discover now