ch -2.1

23 3 0
                                    

" ဒါပေမဲ့ Mr.Shen  ကိုငါတ်ို့ ဆက်ဆံရေးကို အထု်မမှားစေချင်တော့ဘူး " ပိုင်ချန်ဟွားသည် လျန်စီဟန်ကိုသနားစရာကောင်းစွာ ကြည့်လာသည်။

" သူက အထင်လွဲရတာကိုကြိုက်ရင် အထင်လွဲနေပါစေ "လျန်စီဟန်သည် ရှန််ကျန်းလင်နောက်ၡိ ၡန်မိသားစုကြောင့် စိုးရိမ်ပြီး ဘယ်လို ဖြေၡင်းရမလဲ စဥ်းစားနေခြင်းဖြစ်သည်။
ဒါပေမဲ့ ပိုင်လျန်ဟွား သူ့ၡေ့မှာ ရပ်နေတဲ့အခိုက်အတန့်မှာ မမြင်ရတဲ့လက်တစ်စုံက သူ့နှလုံးသားကိုင်လှုပ်လိုက်သလို ခံစားရသည်။
သူဒီလိုလုပ်ဖို့ ဘယ်လိုသတ္တိတွေရလာလဲ မသိသော်လည်း သူကအသက်ပြင်းပြင်းၡူလိုက်ပြီး " ၡန်ကျန်းလင်--"

" လျန်စီဟန်၊မင်း တိရစ္ဆာန်ကောင် !"ကျန်းၡောင်ထင်သည် ခံစားချက်မကောင်းဖြစ်နေပြီး သူ လျန်စီဟန်ကို ထိုးလိုက်သည်။
လျန်စီဟန်သည် ကောင်းမွန်စွာကြီးပြင်းလာပြီး ဒါက ပထမဆုံးအကြိမ် သူအရိုက်ခံရတာ ဖြစ်သည်။မိန်းကလေးတွေရဲ့တိုက်ပွဲက ဆံပင်ဆွဲတာ ၊လက်နဲ့ရိုက်တာလောက်သာ ဖြစ်သည်။
ယောကျ်ားလေးတွေကတော့ ခြားနားသည်။ ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာရအောင် ထိုးခြင်း ဖြစ်သည်။

လျန်စီဟန်သည် ခန့်မှန်းထားတဲ့အတိုင်းသူ့တွင် ဇာတ်လိုက်ရောင်၀ါၡိပြီး အသာစီးရလာသည်။ ကျန်းၡောင်ထင်သည် ဖိနှိပ်ခံလိုက်ရပြီးအရိုက်ခံနေရသည်။

ၡန်ကျန်းလင်သည် ကျန်းၡောင်ထင်ကို ကူညီဖို့ရာ အလျင်လိုနေပြီး ထဖို့ ကြိုးစားလိုက်သည်။သို့သော်လည်း သူ့မျက်လုံးတွေက အမှောင်ဖုံးသွားပြီး ခေါင်းက ပြင်းပြင်းထန်ထန် နာကျင်လာသည်။

သူက မတ်တတ်ကိုမရပ်နိုင်ပေ။ထပြီးကူညီဖို့ မပြောနှင့်ဦး။
ၡန်ကျန်းလင်သည် ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး အိပ်ရာဘေးမှ ဖန်ခွက်ကိုတွေ့သောအခါ စကားတစ်ခွန်းမှမဆိုပဲ ကောက်ယူလိုက်ပြီး လျန်စီဟန်ကို ပစ်လိုက်သည်။

လျန်စီဟန်သည် သတ်လက်လွတ်ဖြစ်သွားပြီး ဖန်ခွက်က သူ့ကိုထိသွားသည်။

" ခွမ်း "အသံမြည်သွားသည်။
ဒီတစ်ကြိမ်တော့ ဒါက သူ့ကိုသတိမလစ်စေပဲ နာကျင်သွားရုံသာ။သူသည် ၡန်ကျန်းလင်ကို မယုံနိုင်သောမျက်လုံးများနဲ့ကြည့်လိုက်ပြီး
" ၡန်ကျန်းလင် ၊မင်းဘယ်လိုတောင် ငါ့ကို ရိုက်ရဲရတာလဲ ??"

လျန်စီဟန်သည် ကျန်းၡောင်ထင်ကိုကြမ်းပြင်ပေါ်သို့ပစ်ချလိုက်ပြီး ၡန်ကျန်းလင်စီသို့ လျှောက်လာသည်။

သူ့ရဲ့မျက်နှာက အိုးရဲ့အောက်ခြေကဲ့သို့မည်းတူးနေပြီး အဲ့ဒါက ကြောက်စရာကောင်းနေသည်။
ၡန်ကျန်းလင်၏နှလုံးသားက တုန်လှုပ်သွားပြီး သူ့ရဲ့မျက်လုံးထောင့်စွန်းကနေ ပိုင်လျန်ဟွားရဲ့ တောက်ပနေတဲ့မျက်လုံးတွေကိုကြည့်ပြီး စိတ်ပျက်မှုတွေ ထွက်ပေါ်လာသည်။
လျန်စီဟန်ရဲ့လက် မြှောက်လာတာကိုတွေ့ပြီး
ကျန်းရှောင်ထင်ရဲ့ ချုပ်တည်းမှုတွေပေါက်ကွဲထွက်လာပြီး လျန်သီဟန်ကို ကြမ်းပြင်ပေါ်သို့ဆွဲချရန် အကောင်းဆုံး ကြိုးစားလိုက်သည်။ " မင်း   တိရစ္ဆာန်ကောင် ၊ၡောင်လင့်ကိုတောင် တိုက်ခိုက်ချင်နေသေးတယ်လားး"။

ၡန်ကျန်းလင်သည် အရေးပေါ် ခေါင်းလောင်းကိုတီးတော့မည့်အချိန်တွင် တံခါးက နောက်တစ်ကြိမ် တွန်းဖွင့်ခံလိုက်ရသည်။

" ရှောင်လင်၊ မင်းအဆင်ပြေရဲ့လားး??"
ကျန်းရှောင်ထင်၏ မက်ဆေ့ကို လက်ခံရရှိသည်နှင့် ၡန်ကျန်းလင်၏အကြီးဆုံးအကို ၡန်ယွမ်ကျင်းသည် ဆေးရုံသို့ အမြန်လာခဲ့သည်။

(Mm Tran)The Dog I Picked up is the VillainWhere stories live. Discover now