Chapter 1.2

29 5 0
                                    

အဲ့ဒါက ဇာတ်လိုက်ကို ဒေါသထွက်လာစေတယ်။ဒါပေမဲ့ သူ့ရဲ့အလွန်ပြင်းပြသော မျက်လုံးများနဲ့ ခေါင်းမာတဲ့အမူအရာလေးက ဇာတ်လိုက်ကို ဆွဲဆောင်သွားသည်။အဲ့နောက်မှာတော့ သူက ဇာတ်လိုက် shouကို တိုက်ခိုက်တော့သည်။shouကိုသူ့ရဲ့ကိုယ်ပိုင် ဗီလာမှာ ချုပ်ထားပြီး အကြွေးတွေဆပ်ဖို့ အစေခံအဖြစ် ထားလိုက်သည်။

ဇာတ်လိုက်shou က ဆုံးရှုံးမှုကိုလက်ခံပြီး သဘောတူဖို့ ခေါင်းညိတ်ရုံသာ တတ်နိုင်လေသည်။

တကယ်လို့ မင်းမှာသာ ချိုမြိန်တဲ့စာသားလေးတွေရှိရင် ဒီမှာ ရနိုင်လုနီးပါးပဲ။

ဒါပေမဲ့ ဒါက ခွေးသွေး၀တ္ထုလေ။ဒီမှာ အထင်လွဲမှုတွေနှင့်ရက်စက်တဲ့ အမြှောက်စာဇာတ်ကောင်က ဘယ်လိုလုပ် ခွေးသွေး၀တ္ထုမှာ မပါဘဲ ဖြစ်နိုင်မှာလဲ။

အဲ့တော့ သူတို့တွေ ချိုမြိန်သာယာနေချိန်မှာပဲ ဇာတ်လိုက် gongနဲ့စေ့စပ်ထားတဲ့ ရက်စက်တဲ့အမြှောက်စာ ဇာတ်ကောင် အမျိုးသား တွဲဖက်က ပေါ်လာခဲ့သည်။

ဇာတ်လိုက် gong မှာ စေ့စပ်ထားသူၡိတယ်လဲသိရော shouက တုန်လှုပ်ချောက်ချားသွားပြီး ထွက်သွားချင်ခဲ့သည်။
ဒါပေမဲ့ gong က ကိုယ့်ကိုကိုယ် အရမ်းယုံကြည်မှုလွန်ကဲနေတဲ့ ဥက္ကဌလေ။သူက ဘယ်လိုလုပ်သွားခွင့်ပြုနိုင်မှာလဲ??။

ဇာတ်လိုက် shouရဲ့ခုံမှုတွေကို လျစ်လျူၡုပြီး အခန်းထဲမှာ ပိတ်ထားခဲ့သည်။နေ့တိုင်း ကိုယ့်ကိုနှိပ်စက် ဒရမ်မာတွေခင်းပြီး နောက်ဆုံးမှာတော့ အိပ်ရာပေါ်ပဲ အဆုံးသတ်သွားခဲ့သည်။

ဇာတ်လိုက်shou ကထွက်ပြေးဖို့ကို စွန့်လွှတ်လိုက်ပြီး သူ့ချစ်သူအဖြစ်သူ့နားမှာနေလိမ့်မယ်လို့ ထင်ထားတုန်းမှာပဲ သူ့ရဲ့ မဂႅလာဆောင်တဲ့နေ့မှာ shou က ထွက်ပြေးသွားခဲ့သည်။

နှစ်များစွာကြာပြီးနောက် ဇာတ်လိုက်shou ကို ဘုရင်ကြီးက ပြန်တွေ့ခဲ့ပြီ။အဲ့ချိန်မှာ သူက အရမ်းလူသိများတဲ့ ဖက်ၡင်ဒီဇိုင်နာ တစ်ယောက် ဖြစ်လာပြီး အဓိကမီဒီယာတွေက သူ့အကြောင်းရေးသားခဲ့ကြသည်။

ဇာတ်လိုက် gong ကshouကိုမြင်လိုက်တဲ့အချိန်မှာ မနေနိုင်တော့ပဲ အစည်း၀ေးခန်းထဲကနေ လူတွေအများကြီးကိုချန်ခဲ့ပြီး shouနောက်ကိုပြေးလိုက်တော့သည်။

အဲ့ချိန်မှာ ဇာတ်လိုက်gong ရဲ့တရား၀င်တွဲဖက် ရက်စက်တဲ့အမြှောက်စာဇာတ်ကောင်က မနေနိုင်တော့ပဲ shouအပေါ်ကို အကြိမ်များစွာ ပစ်မှတ်ထားတော့သည်။ဒါပေမဲ့ ဇာတ်လိုက်ရောင်၀ါရဲ့လွှမ်းမိုးမှုအောက်မှာ အကြိမ်တိုင်း ကိုယ့်မျက်နှာကိုဖြတ်ရိုက်သလိုဖြစ်နေတော့သည်။

သူ့ရဲ့ဟန်မဆောင်ထားတဲ့သဘောထားကိုတွေ့တော့ shouက ရှောင်တော့သည်။ဒါပေမဲ့ ထိုအမျိုးသားဇာတ်ပို့၏ တည်ၡိမှုက သူ့နှလုံးသားထဲက ဆူးတစ်ချောင်းပင်။
ဇာတ်လိုက် gongကအမျိုးသားဇာတ်ပို့အပေါ် သူစိတ်မ၀င်စားကြောင်း ပြသဖို့ရာအတွက်  သူ့တွဲဖက်က သူ့အဖေအရွယ်လောက်ၡိတဲ့ အဆီရွှဲရွှဲ နားရွက်ကြီးကြီး လူတစ်ယောက်နဲ့အိပ်ခဲ့ကြောင်း စတင်ပြောဆိုတော့သည်။သူ့နှလုံးသားထဲမှာ အပြစ်ၡိသလို ခံစားရပြီး ဇာတ်လိုက်နဲ့ ပျော်ရွှင်စွာ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် နေတော့သတဲ့။

ရှန်းကျန်းလင်ဟာ ဒီလို ခွေးသွေး၀တ္ထုမျိုးကို စိတ်မ၀င်စားပေ။ဒါပေမဲ့ ဒီအမျိုးသားတွဲဖက်က သူနဲ့ နာမည်တူ သည့်အပြင် မျိုးရိုးနာမည်ပါတူနေသောကြောင့် တစ်ချက်လောက် ကြည့်ကြည့်လိုက်သည်။

ဖတ်ကြည့်ပြီးသည့်နောက်မှာတော့ သူ ကန်းတော့မလို ခံစားလိုက်ရသည်။

(Mm Tran)The Dog I Picked up is the VillainWhere stories live. Discover now