Part-5

642 52 0
                                    


"ဝမ်ကျိုးချန်နဲ့ရိပေါ်ဟာ သူငယ်ချင်းတွေပါ
တစ်နေ့သောအခါရန်ဖြစ်ကြ
ဝမ်ရိပေါ်က လက်သီးနဲ့ချ
ဝမ်ကျိုးချန်ရဲ့မျက်နှာဝယ် သွေးစက်တွေနဲ့ကွယ်
သူတို့လို ရန်မဖြစ်နဲ့တည့်အောင်ပေါင်းကြကွဲ့..ခွီး!"

ရှောင်းကောကောနဲ့ယွီပင်းတို့က သံပြိုင်သီဆိုပြီး ကျိုးချန်ရဲ့ နှုတ်ခမ်းထောင့်က သွေးစက်သေးသေးလေးကို ဆေးထည့်ပေးနေကြတယ်..။

သူတို့ရှေ့မှာတော့ ဝမ်ရိပေါ်၊ကျန်းဖန်ရှင်းနဲ့ လျှိုဟိုက်ခွမ်းတို့က မျက်နှာငယ်လေးတွေနဲ့ ထိုင်နေကြတယ်

ဖြစ်ပုံကဒီလို..

ဒီနေ့မနက်လာတဲ့လမ်းမှာ ကျိုးချန်နဲ့ရှောင်းကောကောတို့ စကားနိုင်လုကြတယ်။
သူတို့ကလည်း သိတဲ့အတိုင်း စကားနိုင်လုတာ ရန်ဖြစ်တာကြလို့..

အဲ့ဒီ့မှာ လမ်းမှာလာနေတဲ့ ရိပေါ်ကောကောနဲ့တွေ့တော့ ရှောင်းကောကောက သူ့ရည်းစားကို တိုင်ပြောပါသတဲ့

အဲ့မှာ ရည်းစားထိ‌ဓားကြည့်ဆိုတဲ့ ဝမ်အိပူရယ် ကျိုးချန်ကောကောရယ် နပန်းသတ်ကြပါလေရော..

အဲ့ဒီ့မှာ အိပေါင်လေးက မတော်တဆ တမင်တကာ ကျိုးချန်ကောကောကို ထိုးမိသွားတာပေါ့နော်..

ဖြစ်ပုံက အဲ့အတိုင်းပဲ..

"ကဲ မင်းအပြစ်မင်းသိတယ်မလား ရိပေါ်"

ယွီပင်းက ခပ်တည်တည်နဲ့ မေးတော့ သုံးယောက်စလုံးက ခေါင်းညိတ်ပြတယ်။
ဖန်ရှင်းနဲ့ဟိုက်ခွမ်းက ရောယောင်ပြီး ခေါင်းညိတ်တာပေါ့လေ..

"မင်းကိုအပြစ်ပေးတဲ့အနေနဲ့ မင်းရည်းစားလေးကို ဒီနေ့တစ်ရက်ငှားမယ်ကွာ.."

"ဗျာ!.."

ဝမ်ရိပေါ်ကောကောက မျက်လုံးပြူး မျက်ဆံပြူးနဲ့ ထိတ်လန့်သွားတယ်။
ယွီပင်းက ဟက်ဟက်ပက်ပက်ရယ်ရင်း..

"မတတ်နိုင်ဘူးကွာ မင်းကိုအပြစ်ပေးရမှာပဲ.."

ယွီပင်းကရယ်ရယ်မောမောနဲ့ နေရာကထထွက်သွားပါတယ်။
ကျိုးချန်က မဲ့ပြုံးလေးနဲ့ ရိပေါ်ကို ခနဲ့တဲ့တဲ့ကြည့်ရင်း ယွီပင်းနောက်လိုက်သွားတယ်။

သတိ ❗မရယ်ရ (Complete)Where stories live. Discover now