Part-7

467 39 0
                                    


"Hi ရိပေါ်ကောကော"

"ဟ..ဟိုင်း..ရှောင်းဟယ်လန်"

"ဟိုတာဇံကောင်ကို ရိပေါ်ကောကောတို့နဲ့တွဲမတွေ့ရပါလားနော်၊ ဒါလည်းကောင်းပါတယ် ဒါမှ ဟယ်လန်ကို လာမနှောင့်ယှက်မှာ"

ရိပေါ်တို့သူငယ်ချင်းသုံးယောက်ကတော့ ရှောင်းကောကောရဲ့ညီမလေးကိုကြည့်ပြီး ခပ်လန့်လန့်ဖြစ်နေကြပါတယ်။
ရှောင်းကောကောရဲ့ညီမလေးက သူ့လွယ်အိတ်ထဲက စာရွက်လေးကိုထုတ်ပြီး ရိပေါ်ကို လှမ်းပေးတယ်

"ရော့ ရိပေါ်ကောကောအတွက်၊ အာ့ဆို ဟယ်လန်သွားပြီနော် တာ့တာ"

ရိပေါ်လည်း ရှောင်းကောကောရဲ့ညီမလေးပြန်သွားမှာ စာရွက်ခေါက်လေးကိုဖွင့်ကြည့်မိတယ်။

“ဘိုင်အိုဂျက်ဆစ် နံပါတ်နှစ်
ရိပေါ်ကောက နံပါတစ်

အနိစ္စ ဒုက္ခ အနတ္တ ရိပေါ်ကောက တကယ်လှ

ကြင်နာယုယဆေးကုသဖို့ ‌ပေါ်ကောကောကို အလိုရှိသည်
(မှတ်ချက်= နှလုံးသားရောဂါကြောင့်)

ပုံ/ရှောင်းဟယ်လန်”

သောက်လခွမ်းတဲ့မှ။
ရည်းစားစာပေးတာတောင် မောင်နှမနှစ်ယောက်လုံး ကဗျာမစပ်လိုက်ရမနေနိုင်ဘူး။

"ဟေ့ရောင် ရှောင်းကောကောရဲ့ညီမ မင်းကိုရည်းစားစာပေးတယ်ဆိုတော့ အားးးး မဖြစ်သင့်ဘူး မဖြစ်နိုင်ဘူး"

ထအော်တဲ့ ဖန်ရှင်းကြောင့် သုံးကောင်သားလန့်သွားကြပါတယ်။

‌><

"မှင်စာမ နင်ထွက်ခဲ့စမ်း!!"

ကျောင်းတက်ခါနီးမှာ ဂျူနီယာအတန်းလေးရဲ့အခန်းတစ်ခုရှေ့မှာ ရှောင်းကောကောရဲ့အသံကျယ်ကြီးကထွက်ပေါ်လာပါတယ်။
သူ့လက်ထဲမှာလည်း ဂျယ်လီပေတံကြီးနဲ့ပေါ့။

"ဘာဖြစ်နေတာလဲ သူများအတန်းရှေ့လာပြီး အော်ကြီးဟစ်ကျယ်နဲ့ "

ရှောင်းကောကောရဲ့ ညီမလေးက ပြောအော်တယ်။
ရှောင်းကောကောက မျက်နှာကိုမဲ့ရင်း ဂျယ်လီပေတံကို မြှောက်ကိုင်ကာ

"နင်ရိပေါ်ကို ရည်းစားစာပေးတယ်ဆို ငါသတင်းရတယ်နော် ဂြိုလ်သူမ"

သတိ ❗မရယ်ရ (Complete)Where stories live. Discover now