Part-3 (Zawgi)

67 2 0
                                    


" ရှောင်းကျန့်နဲ့ကျိုးချန် လမ်းလျှောက်လို့လာ
ကျိုးချန်ကချော်လဲ ရှောင်းကျန့်လက်ကိုဆွဲ
ရှောင်းကျန့်က မခံနိုင် ဝမ်ရိပေါ်ကိုတိုင်
ရိပေါ်က ဘာတွေပြော ရည်းစားစကားတွေပြော..ရို့..ရို့.."

"ဪ..ငါ့ကောင်းမှုအကြောင်းပြုပြီး အဲ့တောဒါးနှစ်ကောင် ညားသွားတယ်ပေါ့ ဆီလျော်မှုကိုမရှိဘူး.."

"ဒါပေါ့ သားကြီးရ ဘယ်လိုပဲဖြစ်ဖြစ် မင်းဂုဏ်ယူသင့်ပါတယ်ကွာ မင်းက သူများအောင်သွယ်တော်ဖြစ်တာပေါ့ ဟားဟား.."

ရှောင်းကောကောတစ်ယောက် ရှေ့မှာသောက်ခွက်ပြောင်နေကြတဲ့ ယွီပင်းနဲ့ကျိုးချန်ကိုကြည့်ပြီး သက်ပြင်းတွေခဏခဏချတယ်

စိတ်ညစ်လို့ ဆိုင်မှာချိန်းပြီး စကားလေးဘာလေးပြောဖို့ စဉ်းစားထားပေမယ့် ရောက်ကတည်းထဲက သကောင့်သားနှစ်ကောင်က ကိုက်လို့ကိုမပြီးတော့..

ဒါ့ကြောင့် စားပွဲပေါ်ကတင်ထားတဲ့ Bubble Teaဘူးကို ပိုက်နဲ့နှဲ့နေလိုက်တယ်

"ငါက ဘာကိစ္စအောင်သွယ်ပေးရမှာလဲ ညားရင်ငါနဲ့ညားမှာမှမဟုတ်တာ.."

"ကျိုးချန်လေးကလည်းကွာ လူနှစ်ယောက်အောင်သွယ်ပါတယ်ဆိုမှ အောင်သွယ်တော်နဲ့ညားလို့ဘယ်ဖြစ်မလဲကွ ဘာလဲ မင်းကဝမ်ရိပေါ်ကို ကြိုက်နေတာလား.."

"ဖြစ်စရာလား မင်းနော်"

ရှောင်းကောကောက ရှေ့ကနှစ်ကောင်ကို မျက်မှောင်တွေကျုံ့လို့စိုက်ကြည့်နေတယ်
သူ့မျက်လုံးထဲမှာ နှစ်ကောင်သားက ကန့်လန့်ကြီးဖြစ်နေပြီလေ..

ဘယ့်နှယ့် စိတ်ညစ်နေလို့ပါဆိုမှ သူတို့ချည်းကိုက်နေတယ်..

"ကဲပါကွာ မင်းလည်းတော်တော့ ငါလည်းတော်ပြီ ငါတို့ရှောင်းကျန့်လေး စိတ်ညစ်နေတယ်တဲ့ အသည်းကွဲနေတာမပျောက်သေးလို့ ဖြစ်မယ် ဟုတ်တယ်ဟုတ်.."

ယွီပင်းက မျက်စိတစ်ဖက်မှိတ်ရင်းပြောတယ်
ရှောင်းကောကောက သက်ပြင်းကိုလေးပင်စွာချပြီး

"ဘယ်ကသာကွာ ခုဟာက အသည်းကွဲတာထက်ဆိုးနေလို့.."

"ဟင်..ဘာဖြစ်လို့လဲ သားကြီးရ မင်းမားသားကြီး မုန့်ဖိုးဖြတ်လို့လား"

သတိ ❗မရယ်ရ (Complete)Where stories live. Discover now