Part-2(Zawgi)

90 3 0
                                    


“သို့..ညီလေး ဝမ်လုကော်

Lကစလို့
Oကပြောတယ်
Vရဲ့နောက်က
Eရဲ့ အဓိပ္ပါယ်
သိပ်သိပ်ချစ်တယ်...

ချစ်တဲ့ကိုကိုရှောင်း..”

သောက်လခွမ်း တကယ် ရိုမက်တစ်ဆန်တဲ့ ဘဲကြီးဟ..

ဟိုက်ခွမ်းဆိုတဲ့ ကောင်က စီနီယာတန်းက မင်းအဖို့စာပေးတယ်ဆိုတော့ ဘယ်က စီနီယာမမချောချောလေးလဲမှတ်တာ ဟိုကလေးလိုလို ယုန်လိုလိုနဲ့ အစ်ကိုကြီးဖြစ်မယ် ဘယ်ထင်ပါ့မလဲ သောက်လခွမ်း..

ဝမ်လုကော်တဲ့ဟ ဒဘလယ်လခွမ်း..

"ဟျောင့်..သားကြီး..ဘယ်ကောင်မလေး မင်းကိုစာပေးတာလဲကွ ငါလည်းဖတ်ကြည့်မယ်..ပေး.."

ဇိုးဇိုးဇက်ဇက် သူ့လက်ထဲက ရည်းစားစာကို ဖြတ်လုသွားတဲ့ ကျန်းဖန်ရှင်းဆိုတဲ့ကောင်ကို ရိပေါ် စိတ်ထဲကနေပဲကျိန်ဆဲလိုက်တယ်

သိပ်စပ်စုတဲ့ကောင်.. ဖက်ကယူ...

"အံမယ် ဘယ်ဆိုးလို့လဲကွ မင်းရည်းစားစာက သူများကောင်တွေလို့ ဝေ့ဝိုက်မနေဘူး လိုရင်းတိုရှင်းနဲ့ ထိတယ်ကွာ ရင်ထဲ.."

"ထိရင်မင်းပဲယူ.."

ရိပေါ် ဖန်ရှင်းရဲ့ကျောကို နှစ်ချက်လောက်ရိုက်ပြီး ခပ်ကျယ်ကျယ်ပြောတယ်..စိတ်ထဲကလည်း စီနီယာအစ်ကိုကြီးကို ပြန်ရမယ့်စာတွေ စဉ်းစားရင်းပေါ့..

"ဟေ့ကောင် မင်းက မကြိုက်လို့လား..ရှောင်းအစ်ကိုက ချစ်စရာလေးပါလား ပြုံးလိုက်ရင် ကြွက်သွားကြီးကြီးတွေနဲ့.."

'ဂွပ်'

"အ့.."

ဂွပ်လို့ ဖန်ရှင်းခေါင်းကို ခေါက်လိုက်တာ ဝမ်ရိပေါ်ဖြစ်ပြီး နာလို့ထအော်တာလဲ ဝမ်ရိပေါ်ပဲဖြစ်ပါတယ်..

မင်းတို့ဘာသိလဲ အဲ့ကောင်ဖန်ရှင်းခေါင်းက သံထက်တောင်မာသေးတယ်..ငါ့လက်လေးကျိုးပြီလားတောင်မသိ..ဟင့်ဟင့်..

"ကြွက်သွားမဟုတ်ပါဘူးကွာ မင်းကလည်း ယုန်သွားပါကွ..".

ဘယ်မှာသွားသေနေမှန်းမသိတဲ့ ဟိုက်ခွမ်းဆို‌တဲ့ လဒက ခုမှအတန်းထဲ ပြန်ဝင်လာတယ်..
ဝင်လာတာက ရိုးရိုးဝင်လာလည်းရရက်နဲ့ သောက်ပါးစပ်လေးက ကြွက်သွားမဟုတ်..ယုန်သွားလို့တောင်ဆိုလိုက်သေး..

သတိ ❗မရယ်ရ (Complete)Where stories live. Discover now