"မွေးနေ့မှာပျော်ရွှင်ပါစေ သားကြီး"ရှောင်းကောကောတစ်ယောက် သူ့ဆီလှမ်းပေးလာသော Legoအရုပ်ဘူးကြီးကိုလှမ်းယူကာ ဝမ်ကျိုးချန်နဲ့ယွီပင်းအား အိမ်ထဲဆွဲသွင်းလာခဲ့ပါတယ်။
ရှောင်းကောကောတို့ ဧည့်ခန်းထဲတွင် ပူဖောင်းများဖြင့် အလှဆင်ထားပြီး နံရံများတွင် ရှောင်းကောကော၏ပုံများဖြင့် အလှဆင်ထားပါတယ်။
"အမှန်အတိုင်းပြောရရင် ကျန့်ကောက နင့်ထက်ပိုချောတာဟ ရှောင်းဟယ်လန်ရ"
"နင်ဘာပြောတယ် နင်သေချင်နေတာလား ကျန်းဖန်ရှင်း"
ရှောင်းညီမလေးသည် သူမဘေးက ရိပေါ်ကောရဲ့သူငယ်ချင်းအား အော်ဟောက်ပစ်လိုက်သည်။
နံရံများမှဓာတ်ပုံများတွင် ရှောင်းကောကော၏ ပဲများနေသည့်ပုံများဖြင့် ပြည့်နှက်နေတာကြောင့် ရှောင်းဟယ်လန်တစ်ယောက် အမြင်တော်တော်ကပ်နေပါသတဲ့။
ရှောင်းကောကောက အချွန်ဦးထုပ်ကြီးဆောင်းပြီး အိမ်ပေါက်ဝမှာ လာသမျှသူ့သူငယ်ချင်းတွေကို ဧည့်ခံနေလေရဲ့။
သူ့သူငယ်ချင်းတွေ= ဝမ်ကျိုးချန်၊ ယွီပင်း၊ ဟိုက်ခွမ်း၊ ဖန်ရှင်း။
"ဘာလို့ ပေါ်တိမလာသေးတာလဲ မေ့များမေ့နေလား"
ရှောင်းကောကောရဲ့ အမှတ်မထင်ရေရွတ်သံကြားပြီးနောက် ရှောင်းဟယ်လန်တစ်ယောက် မျက်လုံးတွေ ဘလင်းဘလင်းဖြစ်ကုန်ပါသတဲ့။
"ဟဲ့ အဏုဇီဝ..အဟမ်း..တာဇံကိုကို နင်ရိပေါ်ကောကို ဖိတ်ထားတာလား"
"အေးလေ၊ သူ့သူငယ်ချင်းတွေပါလာတယ်ဆိုမှတော့ သူ့ပါဖိတ်ထားလို့ပေါ့ဟ၊ နင်ကတစ်မျိုး"
"အဟိ.."
ရှောင်းကောကော ဆူတာတောင် ဘာကိုသဘောကျလို့ကျနေမှန်းမသိတဲ့ ရှောင်းဟယ်လန်တစ်ယောက် တဟိဟိနဲ့အူမြူးလို့နေပါသတဲ့။
"ရိပေါ်ကောကောသာလာရင် မွေးနေ့ရှင်ထက် လှနေတဲ့ ငါ့ကိုပဲငေးမှာ ဗျိုင်းမျက်လုံးကို စွန်ကိုက်ထားတဲ့ရုပ်နဲ့လဒရဲ့"
ရှောင်းဟယ်လန်က သိသိသာသာကြီးဖဲ့နေတာကြောင့် ရှောင်းကောကောတစ်ယောက် နှာမှုတ်လျက် ဒေါသတွေက တထောင်းထောင်းထွင်လို့နေတယ်။
![](https://img.wattpad.com/cover/333989639-288-k298056.jpg)
YOU ARE READING
သတိ ❗မရယ်ရ (Complete)
Fanficသိပ်ပျော်လိုက်တာ..ဥတောင်တုန်တယ်..ပြန်စာ ပြန်စာ ဝမ်လေးက ပေးလာ.. Starting date-8.2.2023 Ending date- 24.4.2023