(Unicode)
ယင်းကော် ball room မှာ အချိန်အတော်ကြာ
လေ့ကျင့်ပြီးနောက် တိုက်ခန်းသို့ ပြန်လာခဲ့သည်။
အိမ်မှာ တစ်ယောက်မှ မရှိဘူး။သူမ ရေချိုးခန်းထဲ ရောက်သွားတော့ မနက်တုန်းက လင်ယိယန် အလျင်လိုနေပြီး ထားခဲ့တဲ့ သင်တုန်းဓားကို သိမ်းသွားတာ တွေ့လိုက်ရသည်။ တစ်ချိန်လုံး ဓါးကို
မသိမ်းထားရင် မကောင်းဘူးလားလို့ မေးချင်တယ်။
သူမဆိုတာ အတွေ့အကြုံမရှိသူလေးပါ။သူမသည် တံခါးကိုမှီ၍ WeChat ကိုဖွင့်ကာ
သူ့ကိုမေးသည်။- အဲဒီ့စာကြောင်းသုံးကြောင်းကို ပြန်တွေ့တော့
နှစ်ယောက်ကြားက နောက်ဆုံးစကားဖြစ်နေတုန်းပဲ။ဒီနေ့ ဘရွတ်ကလင်းကို အတူတူသွား၊ နေ့လည်စာစား၊ကမ်းခြေမှာ အချိန်အတော်ကြာ လမ်းလျှောက်ပြီး အင်တာနက်က နာမည်ကြီးနေသူအကြောင်းကို
အချိန်အတော်ကြာ ပြောဖြစ်ခဲ့ကြသည်။
သူတို့က မြေအောက်ရထားဆီ အတူတူပြန်လာကြပြီး ဘူတာမှားမှာကြောက်လို့ တစ်မှတ်တိုင်တောင်
လိုက်စီးပေးခဲ့သည်...
ယင်းကော် ရဲ့ ခေါင်းက ငြိမ်သက်နေတယ်၊
ဒါက ချိန်းတွေ့တာလား?သူ့ကျောပိုးအိတ်ရဲ့ ကြိုးတွေကို ဆွဲကိုင်လိုက်ပြီး
ညီမမှာ ရည်းစားမရှိဘူးလို့ ပြောလိုက်ချင်တယ်။နောက်ပိုင်း.. သူ မျက်နှာမပျက်သွားရင်တောင်
သူ... ခံစားမိသင့်တယ် မဟုတ်လား။
သူ့ကို ဝါရှင်တန်ရောက်ရင် မက်ဆေ့ချ်ပို့ခိုင်းတာကိုလေ နားလည်လား?ယင်းကော် တံခါးဘောင်ကို မှီပြီး အထိတ်တလန့်
ခံစားလိုက်ရသည်။ သူမ...ပိုနီတေးစည်းထားတာကို ဖြည်ချလိုက်သည်။ သူမ... သင်တုန်းဓားရှိရာနေရာကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက်
လင်ယိယန်ကို တွေးလိုက်မိသည်။ရုတ်တရက် ဖုန်းက တုန်ခါသွားပြီး စာပို့လာသူက
သင်တုန်းဓားပိုင်ရှင်။သူပို့လိုက်တာက DC ရထားဘူတာ location ပါ။
ဒီမှာ သူပေါ့။ဒါက မခွဲခွာမီ နှစ်ဦးကြား သဘောတူညီမှု ဖြစ်သည်။ သူက တကယ်ကို ကတိတည်တဲ့သူပါ...။
YOU ARE READING
During the Snowstorm (Translation)
RomanceThe story is not mine and only the translation for Entertainment purposes! All credit goes to the original Author and English translators. Title- During the Snowstorm DTS Author- Mo Bao Fei Bao Genre- Drama, Romance Total chapters-66 Started on...