(Unicode)
"အနားမလာရင် ကိုယ်နမ်းတော့မယ် "
ယင်းကော် အစကတော့ သူဆိုလိုတာကို နားမလည်ဘူး။
စက္ကန့်အနည်းငယ်ကြာအောင် တွေးကြည့်ပြီးနောက်မှ
နားလည်သွားသည်။ တကယ်တော့ လင်ယိယန်
ပြောလိုက်တာ ဝိုးတိုးဝါးတားမို့လို့
သူ့ကို နားမလည်ဘူးလို့ ထင်နေပုံရတယ်။လင်ယိယန်က သူ့ရဲ့ ညာလက်ကိုဆန့်ကာယင်းကော်
ကိုင်ထားသည့် ကော်ဖီအိတ်ကို ပေးဖို့တောင်းလိုက်သည်။ ကော်ဖီစက္ကူအထုပ်ကိုယူ၍ အံဆွဲထဲသို့ ပစ်ချသော်လည်း သူမ လက်ကို မလွှတ်ပေးဘူး။လင်ယိယန်... သူမကို ဆွဲခေါ်သွားတော့ သူမ
တွေးလိုက်တာက
- မဖြစ်ဘူး၊ သွားမတိုက်ရသေးဘူး။" ကော်ဖီအိုးကို မီးပိတ်ရမယ်နော်" သူမ... ရှောင်ဖို့ အကြောင်းပြချက် ပေးလိုက်သည်။
"ကော်ဖီအိုးက ထားလို့ရတယ်" ဟု တိုးတိုးလေးပြောရင်း "ခဏကြာမှ ဖျော်မှာ။"
ယင်းကော် ရုန်းကန်နေရတုန်းပဲ၊
မရဘူးနော်၊ သွားတိုက်ရဉီးမယ်။သူမ ခေါင်းယမ်းပြီး ထပ်ငြင်းလိုက်တယ်။
အစဆိုတော့ ရှက်နေသေးတဲ့အတွက် သွားတိုက်ဖို့
စောင့်ဦးနော်လို့ သူ့ကိုပြောဖို့ မလွယ်ဘူး။ ယင်းကော်ရဲ့
ရှုပ်ယှက်ခတ်နေသော အမူအရာကို လင်ယိယန်
အသေအချာ မြင်နေရသည်။သူ ခေါင်းကို လှည့်ကာ သူမ၏ မျက်လုံးများကို ကြည့်ပြီး "နောင်တရနေတာလား?"
ရေချိုးခန်းတံခါး ရုတ်တရက်ပွင့်လာသည်။
ဝူဝေ့ အိပ်ချင်စိတ်မပြေသေးသော မျက်လုံးများနှင့်
လမ်းလျှောက်လာရင်း ထိုမြင်ကွင်းကို မြင်လိုက်ရသည်- လင်ယိယန်က သူ့ကိုယ်သူ မသက်မသာ ကြည့်လိုက်ရင်း မီးပိတ်လိုက်ပြီး ဈေးကြီးသော ကော်ဖီအိုးကို
အေးသွားအောင် စောင့်နေသည်။
ယင်းကော်က လင်ယိယန်နှင့်အနည်းငယ်ခြားကာ
ဘားကို မှီပြီး လွတ်နေသော စားပွဲကို ကြောင်တက်တက်
စိုက်ကြည့်နေသည်။ဝူဝေ့... ဘားအောက်ရှိ နှစ်ယောက်၏ ခြေထောက်များ တစ်ဖက်နှင့်တစ်ဖက် ဘယ်လိုပုံနဲ့များ ရှိနေလဲ
လှည့်ပတ်ကြည့်ချင်သေးသည်။
YOU ARE READING
During the Snowstorm (Translation)
RomanceThe story is not mine and only the translation for Entertainment purposes! All credit goes to the original Author and English translators. Title- During the Snowstorm DTS Author- Mo Bao Fei Bao Genre- Drama, Romance Total chapters-66 Started on...