Chapter 20: The Great Tide of Time (2)

978 35 18
                                    

(Unicode)
တကယ်တော့၊ ဒါက အခြေခံကျွမ်းကျင်မှုလေ့ကျင့်ခန်း
ဖြစ်ပြီး စနူကာ၊ nine balls ဒါမှမဟုတ်  eight balls
ပြိုင်ပွဲတွေနဲ့ ဘာမှမဆိုင်ပါဘူး။

တိကျသေသပ်သော လေ့ကျင့်မှုကို စမ်းသပ်တာသာ
ဖြစ်သည်။

ဒါပေမဲ့ ဘောလုံး 50 မှာ  3 ခါကလွဲရင် ကျန်တာ ကျင်းထဲကျအောင် ထိုးရမယ့် ကိစ္စကတော့ လီကျင်းယန် အပါအဝင် ကွင်းထဲက ဘယ်သူကမှ လုပ်နိုင်တယ်ဆိုတာကို
အာမ မခံရဲကြဘူး။ တကယ်တော့ လင်ယိယန် က
ဒီလိုပြောတဲ့အခါ သူ့ကိုယ်သူ အသက်ကြီးနေပြီလို့
ခံစားရတယ်။ ဆယ်ကျော်သက်အရွယ်တုန်းက 
သူအလျော့မပေးဘဲ အနိုင်ရခဲ့ပေမယ့်  ခုတစ်ခါ ကံမကောင်းစွာဖြင့်... စနူကာစားပွဲခုံကတော့  သူ့အတွက်
သိပ်မရင်းနှီးသေးပါဘူး။
သူ... တစ်နှစ်ပတ်လုံး nine balls  ကိုစားပွဲသေးသေးလေးမှာ ကစားခဲ့တာ။ သူ..စနူကာပြောင်းကစားတယ်လို့
မပြောရဲဘူး။ စားပွဲကြီးပေါ်မှာ ဘောလုံးတွေကို
မဝင်ဘဲမနေစေရဘူး။

လီကျင်းယန် သူ့မှတ်ဉာဏ်ထဲမှာ ဒီတစ်ယောက်ကို
ပုံဖော်နေပေမယ့် ပုံမပေါ်လာဘူး။

"သူက အတွင်းလူပဲ( ကစားနေကျသူ)။"
လီကျင်းယန်..  glass အနောက်ကနေ လျှောက်လာပြီး ပြောလိုက်သည်။

Nitro ကခေါင်းညိတ်ပြီးထောက်ခံလိုက်သည်။

လင်ယိယန် က "စနူကာမကစားဘူး" လို့ ပြောလိုက်
ကတည်းက လူတိုင်းက သူကတော့ အပျော်တမ်းကစားသူသာလို့ ထင်မှတ်ထားပေမယ့်လည်း ဒီလိုစိန်ခေါ်ပြီးတာတောင် အေးအေးဆေးဆေးနေနိုင်တဲ့သူလည်း
ဖြစ်နေပါတယ်။လင်ယိယန်က စက္ကန့်အနည်းငယ်ကြာ nine-ball စားပွဲကို စစ်ဆေးပြီး မကစားနိုင်ဘူးလို့ 
ထပ်မံငြင်းဆိုပြီးနောက် Nitro ကတော့ ဒီလူဟာ
သူ့နှလုံးသားထဲမှာ အခြေခံကျတဲ့ စည်းမျဉ်းနဲ့
သူ့လက်ထဲတွင် အသက်ရှိရမည်ဟူသော အချက်ကို
ပိုနားလည်လာသည်။

glass က အနီရောင်ဘောလုံးကို ကောက်ယူပြီး အလယ်မှာ ထားလိုက်တယ်။ ဒါက လွယ်ကူတဲ့ အနေအထားပါ။

ရိုးရှင်းတဲ့ စတင်မှုတစ်ခုပါပဲ။

လင်ယိယန်က မုန်ရှောင်ဒုံရဲ့  ခေါင်းဆောင်မှုကို
သူ့နှလုံးသား အောက်ခြေကနေတောင် သဘောကျသည်။ သူ့ကိုယ်သူ ပိတ်ရိုက်ချင်ရင်တောင် ပွဲဉီးထွက်ဘောလုံးက ယဉ်ယဉ်ကျေးကျေးပဲ။ သူက  အဖြူရောင်ဘောလုံးကို  tee line ပေါ်တင်ပြီး ထိုးချကာ ဘောလုံးကို
ကျင်းထဲထည့်လိုက်သည်။

During the Snowstorm (Translation)Where stories live. Discover now