Chapter 3: Blizzard turns sunny (2)

1.1K 53 12
                                    


(Unicode)

ငွေတစ်ခါတည်းလွှဲလိုက်ရင်း
" RedFish " (ရှောင်ကော်) -အဲဒီနေ့က ရှင့်ရဲ့အကူအညီ
အတွက် ကျေးဇူးအများကြီးတင်ပြီး ရှင့်ကို ပြန်ပေးဖို့
အခွင့်အရေးရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ဒါပေမဲ့  ပြန်မတွေ့ခင်  အဲဒီနေ့အတွက် ကားယူပြီး
သွားသောက်ဖြစ်ဖို့ မျှော်လင့်ပါတယ်။ 🙂

ပြီး သိပ်မကြာခင်မှာပဲ မုန်ရှောင်ထျန်း က သူ့မျက်နှာကို အင်္ကျီနဲ့ အုပ်ထားပြီး အိပ်ပျော်သွားတယ်။

လက်မှတ်စစ်ဆေးရေးမှူးက  နောက်ဆုံးအတွဲကနေ  လျှောက်လာပြီး  လက်မှတ်များကို တစ်ခုပြီးတစ်ခု စတင်စစ်ဆေးနေသည်။ ယင်းကော်က  မုန်ရှောင်ထျန်း လက်ဖဝါးမှ လက်ကိုင်ဖုန်းကို ယူကာ electronic ticket  ကို  လက်မှတ်စစ်ဆေးရေးမှူးအား လက်မှတ်စစ်ဆေးရန် ပြပြီးနောက်  သူ့ဝမ်းကွဲ၏ လက်ကိုင်ဖုန်းကို
ပြန်သိမ်းလိုက်သည်။

သူမ ..မတ်မတ်ထိုင်လိုက်သည်။

လင်ယိယန် က WeChat မှာ စာပြန်လာတယ်—

Lin: ရပါတယ်။

စကားလုံး သုံးလုံးက... အရမ်းတိုတယ်။
ငွေလွှဲပေးတာလည်း လက်မခံဘူး။

ယင်းကော်ဆီ မှာ မုန်ရှောင်ထျန်းလို  ရင်းနှီးလွယ်တဲ့ စိတ်ထားမျိုး မရှိဘူး၊ ဖုန်းကို အကြာကြီး စိုက်ကြည့်ရင်း ဘေးဖယ်လိုက်ကာ ဆုံတဲ့အခါမှပဲ  စကားပြောရအောင်လို့ သူ့ကိုယ်သူပြောလိုက်တော့သည်။ 

သိပ်မကြာခင်မှာပဲ ဘူတာရုံလေးတစ်ခုမှာ ရပ်သွားပြီး ရထားပေါ်တက်ဖို့ စောင့်ဆိုင်းနေတဲ့ ပြတင်းပေါက်
အပြင်ဘက် ပလက်ဖောင်းပေါ်မှာ ခရီးသည်အနည်းငယ်ပဲ ရှိတော့တယ်။ ရထားပေါ်မှာလည်း လူသိပ်မရှိတော့ဘူး။   bathroom သွားလို့ အဆင်ပြေတယ်၊ ဝမ်းကွဲအစ်ကိုကို  နှိုးဖို့ တွန်းလိုက်တယ်
"ငါ  bathroom ခဏသွားဉီးမယ်"

မုန်ရှောင်ထျန်းက အိပ်ချင်မူးတူးနဲ့ ခေါင်းညိတ်တယ်။

ယင်းကော် ထွက်သွားပြီး နှစ်မိနစ်အကြာတွင် တရုတ်အမျိုးသားတစ်ဦးက  အနောက်တွဲကနေ လျှောက်လာတယ်။ မုန်တိုင်းမိတဲ့နေ့က မျက်မှန်တပ်ထားသူ။

During the Snowstorm (Translation)Where stories live. Discover now