1

461 51 5
                                    

ဆိုးလ်မြို့ရဲ့ မနက်ခင်းလေးဟာပုံမန်အတိုင်းလည်ပတ်နေမြဲ ရုံးသွားသူ ကျောင်းသွားသူတွေနဲ့ အလွန်စည်ကားနေခဲ့သည်
ထိုလူအများထဲမှာ 19နှစ်အရွယ်ကောင်လေးရဲ့ ခြေလှမ်းတွေဟာ သွက်လက်ပေါ့ပါးလျှက်
ဒီနေ့က ထိုကောင်ငယ်လေးရဲ့ ပထမဆုံး တက္ကသိုလ်စတက်ရမယ့်နေ့ရက်လေးပေါ့
စိတ်အစဉ်ဟာလည်း ရွှင်မြူးနေခဲ့တယ်
မြင်သမျှအရာတိုင်းကလည်း လှပနေသလို တွေ့သမျှလူတိုင်းကိုလည်း ပြုံးပြချင်နေတဲ့အထိ အထက်တန်းအောင်ပြီးကတည်းက ဘယ်မေဂျာကိုယူမယ်ဆိုတာ ‌ဘယ်တက္ကသိုလ်မှာတက်ရမယ်ဆိုတာတွေ သူစုံစမ်းထားပြီးသားမို့ အရာအားလုံးဟာ အဆင်ပြေချောမွေ့နေခဲ့သည်

ဆိုးတက္ကသိုလ်ရဲ့ လျှောက်လမ်းလေးမှာ
အပြုံးချိုချိုနဲ့ကောင်လေးတစ်ယောက်ဟာ
မနက်ခင်းရဲ့နေရောင်ခြည်နှင့်အပြိုင်တောက်ပနေလျှက် ခြေလှမ်းတိုင်းမှာ တွေ့သမျှလူတွေကို ကျား/မ မရွေးပြုံးပြနေခဲ့သည် ထိုလူကတော့ အပြစ်ကင်းတဲ့မျက်နှာလေးနှင့် ချိုသာသောစကားလေး‌တွေကိုသာဆိုတတ်သူ အရာရာကိုကူညီလိုစိတ်ရှိပြီး
အကောင်းမြင်စိတ်ရှိတဲ့လူ လန်းဆန်းတဲ့အပြုံးတွေနှင့် တက်ကြွစွာ နေ့ရက်တိုင်းကိုဖြတ်သန်းနေတဲ့လူ လူတိုင်းနှင့်အဆင်ပြေအောင်နေတတ်ပြီ ကူညီတတ်တဲ့အကျင့်တွေ
ချောမောလှတဲ့ရုပ်ရည်တွေကြောင့် အနုပညာမေဂျာရဲ့ ရုပ်အချောဆုံးကောင်လေးဆိုပြီးနာမည်ကြီးနေတဲ့ အသက်20အရွယ် ဆောင်းဟန်ဘင်းဆိုသည့်ကောင်လေး
ရှေ့မှာကောင်းတာတွေချည်းပြောပြီးသွားပြီဆိုတော့ သူရဲ့မကောင်းတဲ့အချက်ကို
ပြောပြရဦးမယ် သူက မျက်နှာများတဲ့ Playboy လို့လည်းနာမည်ကြီးတဲ့လူ

အစစအရာရာ အကုန်စီစဉ်စုံစမ်းပြီးမှ အားလုံးပြင်ဆင်ထားတယ်ဆိုပေမယ့် ပထမဆုံးကျောင်းတက်ရက်မို့ ဂယူဗင်းစိတ်လှုပ်ရှားမိတာကတော့အမှန်ပင်ဖြစ်သည်
သူရွေးချယ်တဲ့မေဂျာမှာ သူသိသောသူငယ်ချင်းတွေမရှိ အသစ်တွေ့ရမယ့်လူတွေနဲ့ လိုက်လျောညီထွေဖြစ်အောင်သူနေနိုင်ပါ့မလား အတွေးများစွာနဲ့ တကယ်ပင်စိတ်လှုပ်ရှားမိပါသည် သိူ့ပေမယ့် မျက်နှာရွှင်တဲ့သူ့အတွက် အပေါင်းသင်းရဖို့ ထင်သလောက်မခက်ခဲခဲ့ပါလေ အတန်းထဲရောက်ပြီးနာရီပိုင်းအကြာမှာပင် အာလုံးနဲ့ခင်သွားခဲ့တာ
အများအားဖြင် စီနီယာတန်းက အစ်ကိုတွေအစ်မတွေနဲ့ ရင်နှီးခဲ့ခြင်းဖြစ်သည်
သူတို့အမြင်မှာ ဂယူဗင်းကို ကလေးတစ်ယောက်လိုမြင်နေကြသည် ဒီအရပ်ကြီးနဲ့ကျွန်တော့်ကိုလေ ခေါ်ကြတာဂယူဗင်းနီးတဲ့
တစ်ချို့အစ်ကိုတွေဆို ကျွန်တော့်ကိုမော့ကြည့်ရသည်အထိရှည်တော်မူနေပါသော အရပ်ပိုင်ရှင်ကျွန်တော်ကသာ လူသားလေးခွဖြစ်နေလို့ပါ

ကိုကို့အနားမှာပဲ နေချင်လို့Where stories live. Discover now