3

306 39 4
                                    

အစ်ကို့ကော်ဖီဆိုင်လေးထဲကနေ ထွက်လာခဲ့ပြီးနောက် ခပ်လှမ်းလှမ်း၌ရပ်ထားသော မြင်ဖူးနေကြကားပေါ်ကို ဂယူဗင်းတက်လိုက်သည်။မောင်းသူနေရာမှာ ထိုင်နေသောလူက တခြားသူမဟုတ်ဂယူဗင်းရဲ့ ချစ်လှစွာသောဦးလေး မေမေ့မောင်အငယ်ဆုံး ဂယူဗင်းထက်7နှစ်သာကွာတဲ့ ဦးရီးတော်ကျန်းဟောက် တကယ်ဆိုဂယူဗင်းက စိတ်ဆိုးတဲ့အခါ‌တွေမှာသာ ဦးရီးတော်ဆိုတဲ့နာမ်စားကိုထုတ်သုံးတာဖြစ်သည် ပုံမှန်အားဖြင့်‌ကိုကြီးလို့သာခေါ်တတ်ပါသည်။ကားပေါ်ရောက်လာကတည်းက ကိုကြီးကိုမျက်စောင်းတွေချည်းပိတ်ထိုးနေတော့သည်။ဂယူဗင်းရဲ့ဂျစ်တိုက်တတ်တဲ့ခွေးပေါက်လေးပုံစံမျိုးကို အမြဲတွေ့ရသူက ကိုကြီးနှင့် မေမေသာရှိမည်။
အင်း...အစ်ကို့ကိုထုတ်မပြရသေးတဲ့ ကျွန်တော့ရဲ့တစ်ဖက်ခြမ်းပေ့ါ.......

"ဖြည်းဖြည်း ဗင်းနီးမျက်လုံးကြီးကျွတ်ပြီးကိုကြီးကိုလာမှန်နေဦးမယ် မတွေ့ရတာကြာနေတဲ့ဦးလေးကို ကြိုဆိုတဲ့ပုံစံကဒီလိုမျိုးတဲ့လား အခုနကကော်ဖီဆိုင်ထဲမှာတော့ အချစ်ရည်ရွှန်းတဲ့မျက်ဝန်းတွေနဲ့ ဟန်ဘင်းကိုကြည့်နေပြီးတော့ ခုကြခွေးပေါက်လေးရန်လိုနေတဲ့အကြည့်တွေနဲ့"

"ဘယ်လိုပြောလိုက်တာ ကိုကြီးက အစ်ကို့နာမည်ကိုသိနေတယ်"

"နာမည်တင်မကဘူး လူကိုရောရင်းနှီးတယ်လေ ဘယ်လောက်ထိသိလဲ ဘယ်လိုသိလဲဆိုတာတွေပါပြောပြရမလား"

"ပြောပြ အခုပြောပြ....နေဦးအိမ်ရောက်မှပြောပြ အခုအိမ်ပြန်မယ် ကျွန်တော်ကားမောင်းမယ် ကိုကြီးဖယ်"

"မိန်းမ မယူရပဲ မသေချင်သေးဘူး
ဘေးကနေသာငြိမ်ငြိမ်ထိုင်လိုက်ခဲ့"

ခမ်းနားလွန်းလှတဲ့ ခြံဝန်းကြီးထဲသို့ တန်ဖိုးမြင့်ကားတစ်စီးဟာအရှိန်မှန်မှန်ဖြင့်ဝင်ရောက်လာခဲ့တယ် ကားမောင်းသူနေရာမှအမျိုးသားလေးဟာ ချောမောလှပပြီးတည်တည်ငြိမ်ငြိမ်ရှိသလောက် ဘေးကထိုင်လိုက်လာသောကောင်လေးမှာ မျောက်မီးခဲထိုင်မိသလို ဂနာမငြိမ်ပဲ လှုပ်လှုပ်ရှားရှားနဲ့ စိတ်တိုနေတတ်ကာ တရှူးရှူးနဲ့ရန်လိုနေသယောင်
ကားစင်ဝင်အောက်မှာ ဖြည်းညှင်းစွာကားကိုရပ်လိုက်ပေမယ့် တစ်ဘက်တံခါးပေါက်မှ ဝုန်းဒိုင်းကျဲဆင်းလာတဲ့ခြေသံနှင့်အတူ လေလိုအလျင်ဖြင့် မောင်းသူနေရာမှကောင်လေးကိုလည်း ဝုန်းကနဲဆွဲခေါ်သွားလေရာ ခပ်စူးစူးအသံတစ်ခုထွက်သာလေသည်

ကိုကို့အနားမှာပဲ နေချင်လို့Where stories live. Discover now